From :
..မြဝတီ
..
www.MyanmarExpress.net
ဗန်ကောက် မေ ၈
ထိုင်းနိုင်ငံ အခြေစိုက် Green Earth
Power (GEP) ကုမ်္ပဏီသည် မြန်မာ လျှပ်စစ်စွမ်းအား ၀န်ကြီး ဌာနနှင့် အမေရိကန်
ဒေါ်လာ ၂၇၅ သန်း တန်ဖိုးရှိ ကမ္ဘာ့ တတိယ အကြီးဆုံး နေစွမ်းအင် စက်ရုံကို
တည်ဆောက်ရန် အတွက် နားလည်မှု စာချွန်လွှာ သဘောတူ စာချုပ်မူကြမ်း တစ်ရပ်
ချုပ်ဆိုထားပြီး ဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့ တတိယ အကြီးဆုံး နေစွမ်းအင်
စက်ရုံကို ၁၈ လအတွင်း အပြီး တည်ဆောက်သွားမည် ဖြစ်ပြီး ၎င်းင်းစက်ရုံမှ
နေစွမ်းအင် ၂၁၀၂ MW ရရှိမည် ဖြစ်ကြောင်း GEP ကုမ္ပဏီက အခိုင်အမာ
ပြောကြားထားသည်။
GEP ကုမ္ပဏီ အနေဖြင့် လာမည့်ရက်ပေါင်း ၉၀
အတွင်း မြန်မာ့လျှပ်စစ် စွမ်းအားဝန်ကြီး ဌာနနှင့် စွမ်းအင် ၀ယ်လိုအား သဘော
တူညီမှု တစ်ရပ်ကို လက်မှတ် ရေးထိုးရန် မျှော်မှန်း ထားကြောင်း ၎င်းကုမ္ပဏီ ဥက္ကဋ္ဌ
ပေါလ်ဘားနက်သစ်က Bangkok Post သတင်းစာကို ပြောကြားထားသည်။ ယခု တည်ဆောက်မည့်
နေစွမ်းအင် စက်ရုံကို မကွေးတိုင်း ဒေသကြီး မင်းဘူး မြို့အတွင်း အကျယ်အ၀န်း
ဟက်တာ ၃၀၀ ရှိ မြေကွက်ပေါ်တွင် တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။


2 comments:
လုပ်လိုက်ကွ။ကြာသလားလို့ အကြော်နဲ့ နှစ်ပွဲ။
WELCOME GOOD NEWS.
WE LIKE TO KNOW HOW MUCH BENEFIT TO OUR GENERAL PUBLIC FROM THE SOLAR ENERGY
WE LIKE TO KNOW WHEN WE CAN GET 24 HOURS 7 DAYS A WEEK 365 DAYS A YEAR ELECTRICITY SUPPLY
FOR USE.
PLEASE KEEP TRYING.
THANK YOU
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်