Subscribe to our RSS Feed

နိုင်ငံခြား ကုန်တင် သင်္ဘောတစ်စင်း ပါလီပါလဲ့ ကျွန်းအနီး သောင်တင်သဖြင့် တပ်မတော် (ရေ) စစ်ရေယာဉ်မှ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိ

From : ..mwd


မော်လ်တာနိုင်ငံအလံ လွှင့်ထူထား သည့် Rio Gold အမည်ရှိ ကုန်တင်ရေယာဉ်သည် မေ ၅ ရက် နံနက် ၅နာရီခွဲ ခန့်တွင် ကိုကိုးကျွန်းအရှေ့မြောက်ဘက် ၄၃မိုင်ခန့်အကွာ ပါလီပါလဲ့ကျွန်း တောင် ဘက်တွင်  သောင်တင်လျက် ရှိကြောင်း ဧရာဝတီ ရေတပ်စခန်း ဌာနချုပ်ရှိ ပင်လယ်ပြင် ရှာဖွေကယ်ဆယ်ရေး ပေါင်းစပ် ညှိနှိုင်း ကွပ်ကဲမှု ဌာနချုပ် (Maritime Rescue Coordination Centre) မှ အချက်ပြ ကြေးနန်း (Distress Message) ရရှိသည့်အတွက် ဟိုင်းကြီးကျွန်းရှိ တပ်မတော် (ရေ)မှ စစ်ရေယာဉ် (၅၅၆)အား လိုအပ်သော အကူအညီများ နှင့်ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင် ရွက် ပေးနိုင်ရန် စေလွှတ်ခဲ့ရာ သောင်တင် ရေယာဉ်အနီးသို့ ညနေ ၅ နာရီခန့်တွင် ရောက်ရှိပြီး ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ စတင်ဆောင်ရွက် ပေးလျက် ရှိသည်။
အဆိုပါ သင်္ဘောသည် ဘိလပ်မြေ ၃၅၂ဝဝ တန် တင်ဆောင်၍ ဧပြီ ၂ဝရက်တွင် တောင်ကိုရီးယား နိုင်ငံမှ ဘင်္ဂလား ဒေ့ရှ် နိုင်ငံသို့ ထွက်ခွာလာစဉ် သောင်တင် ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ရေယာဉ်ပေါ် တွင် သင်္ဘောသား ၂၄ ဦး လိုက်ပါလာခဲ့ ကြောင်း သတင်းရရှိသည်။


.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်