နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၏ မန္တလေး နှင့် နယ်ခရီးစဉ်တွင် ကိုယ်ရောင်ဖျောက်ကာ လူထုအသံ စစ် စစ်များကို နားထောင်မည် ဖြစ်သဖြင့် မြန်မာပြည်သူအများအပြားမှ စိတ်လှုပ်ရှားလျှက်ရှိကြောင်း သတင်းရရှိသည်။
မန္တလေး-မေ၁၁
နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် မနက်ဖြန် မေ ၁၂ရက်နေ့တွင် မန်းမြို့
အမျိုးသားကဇာတ်ရုံတွင် သမ၀ါယမအသင်းများ၏ ငွေစုငွေချေးလုပ်ငန်းများအတွက်
အသင်းဝင်များနှင့်တွေ့ဆုံရန်လာရောက်မည်ဖြစ် ၍
ကြိုတင်ပြင်ဆင်မှုများပြုလုပ်နေကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ
သိရသည်။ အမျိုးသားကဇာတ်ရုံတွင်ကျင်းပပြုလုပ်မည့်
ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုဘ၀မြှင့်တင် ရေးအစီစဉ်အတွက်
သမ၀ါယမအသင်းမှ တောင်သူလယ်သမားများအားငွေထုတ်ချေးသည့်အခမ်းအနားတွင်
အမှာစကားပြောကြားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် စီမံရေးရာဝန်ကြီး
ဦးအောင်ဇံက ပြောသည်။ သမ္မတမလာရောက်မီ ပြည်ထောင်စုဝန်ကြီးဦးကျော်ဆန်းမှ
ယခုလ ၁၀ရက်နေ့ကတည်းက ကြိုတင်ရောက်ရှိ နေပြီး
အမျိုးသားကဇာတ်ရုံတွင်ပြုလုပ်မည့် အခမ်းအနားအတွက် ကြိုတင်ပြင်ဆင်မှုများကို
ကြည့်ရှုစစ်ဆေးနေကြောင်းသမ၀ါယမ၀န်ကြီးဌာန၊
မွေးမြူရေးနှင့်ရေလုပ်ငန်းဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာနတို့မှ
ထုတ်လုပ်သည့် ပစ္စည်း များကို သမ္မတလာမည့် ရက်အတွင်း
ဖွင့်လှစ်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
.
မန္တလေးမြို့သို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မေ ၁၁ ရက်တွင် လာရောက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
ယခုမန္တလေး ခရီးစဉ်မှာ နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရပြီး ပထမဆုံး လာရောက်သည့် ခရီးစဉ်ဖြစ်ကာ ပြင်ဦးလွင်သို့လည်း သွားရောက်မည် ဖြစ်သည်ဟု သတင်းရရှိသည်။
မေ ၁၂ ရက်တွင် မန္တလေးမြို့ အမျိုးသား ကဇာတ်ရုံတွင် ပြုလုပ်မည့် မန္တလေး တိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုဘ၀ မြှင့်တင်ရေး အခမ်းအနားသို့ တက်ရောက်မည် ဖြစ်ကြောင်းနှင့် မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ်၊ မြို့တော်ဝန်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
နိုင်ငံတော်သမ္မတ၏ ပထမဆုံး မန္တလေး ခရီးစဉ်အတွက် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လုံခြုံရေးအင်အား တိုးမြှင့်ဆောင်ရွက်လျက်ရှိပြီး တာဝန်ရှိသူ တစ်ဦးက ''လေဆိပ်မှာ လုံခြုံရေးအင်အား၂၀၀ လောက်နဲ့ စစ်ဆေးမှုတွေကို အရင်ကထက်ပိုပြီး ဆောင်ရွက်နေတယ်။ သာမန်ကာလျံကာ စိစစ်တာမျိုး မဟုတ်ဘဲ အ၀င်အထွက်တွေ အားလုံးကို ကြပ်မတ်ထားတယ်'' ဟု ပြောသည်။
''လုံခြုံရေးအရ သမ္မတကြီး ဘယ်သွားမယ်၊ ဘာလုပ်မယ်ဆိုတာကို မပြောနိုင်ပါဘူး'' ဟု မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ခရီးစဉ်နှင့် ပတ်သက်၍ မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။
သမ္မတလာရောက်မည် ဖြစ်သောကြောင့် မန္တလေးကျုံးမြို့ရိုး ပတ်လည်ရှိ ပလက်ဖောင်းများကို ဆေးအသစ်မွမ်းမံခြင်း၊ သန့်ရှင်းခြင်းများ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရသည်။
. www.MyanmarExpress.net



3 comments:
WELCOME OUR PRESIDENT U THEIN SEIN TO MANDALAY.LONG LIVE OUR PRESIDENT.
THANK YOU TO ALL OFFICIALS OF THE CITY
OF MANDALAY.
PLEASE KEEP THE CITY OF MANDALAY NICE AND
SHINE ALL TIMES.
SIMILARLY WE EXPECT ALL CITIES AND ALL GOVERNMENT OFFICES ARE CLEAN,NICE AND
SHINE.
ALL CITIES AUTHORITY NEED TO REVISE THE MUNICIPAL CODES AND ADD NEW CODES AND
ENFORCE WITH HEAVY FINES.
WE ALL SHOULD REMOVE THE BAD HABIT THAT
IS WE ALL LIKE TO CLEAN OUR CITIES AND
OUR OFFICES JUST BEFORE VIP VISIT.
THIS COMMENT IS NOT INTEND TO BLAME BUT
REQUEST OUR PEOPLE TO KEEP CLEAN OUR
CITIES,AND OUR COUNTRY AND PROMOTE OUR
NATION.
MANY THANKS
မင်းကောင်းမင်းမြတ်ဆိုတာ ပြည်သူတွေထဲဆင်းပြီးလေ့လာတယ်။အသံနားထောင်တယ်။သမတကြီးလိုပေါ့။လယ်ထွန်မင်္ဂလာဆိုတာကြား
ဘူးတယ်မဟုတ်လား။အ၇င်တုံးက၇ှင်ဘု၇င်တွေဆို၇င် လယ်ကွက်ထဲတောင်ဆင်းကြတာ။
Minn gyi daw lal kwet hte ngar lar pe kauk siat ma loet.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်