နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ယနေ့ မေ
၁၂ရက်နေံ့နံနက်တွင် မန်းမြို့ အမျိုးသားကဇာတ်ရုံတွင် ပြုလုပ်သော
ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်
လူမှုဘ၀မြှင့်တင်ရေးအစီစဉ်တွင်မိန့်ခွန်းပြောကြားပြီးသမ၀ါယမ အသင်းများမှ ထုတ်ကုန်များကို လေ့လာကြည့်ရှုခဲ့သည်။
တိုင်းပြည်ဖံွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် မြို့ပြနှင့်ကျေးလက်ကွားခြားမှုမရှိစေရန် လုပ်ငန်းစဉ် ၈ရပ်ဖြင့် အကောင်ထည်ဖော်ဆောင်ရွက်လျှက်ရှိကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ယနေ့ နံနက်တွင်မန်းတွင်ကျင်းပသည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုဘ၀မြှင့်တင်ရေးအစီစဉ်တွင် ပြောကြား သည်။
အဆိုပါလုပ်ငန်းစဉ် ၈ရပ်မှာ လယ်ယာကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ မွေးမြူရေးနှင့် သားငါးထုတ် လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်ဒေသ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖံွံ့ဖြိုးတိုးတက်ရေး၊ အသေးစား ပုဂလိက ငွေစုငွေချေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ သမ၀ါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးတို့ ဖြစ်ပြီး ကုလသမဂ ထောင်စုနှစ်ရည်မှန်းချက်နှင့်အညီ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၅ခုနှစ်တွင် ဆင်းရဲနွမ်းပါးမှု ၂၆ရာခိုင်နှုန်းမှ ၁၆ရာခိုင်နှုန်းအထိ လျှော့ချနိုင်အောင် ကြိုးပမ်းနေကြောင်း နိုင်ငံသမ္မတ ဦးသိန်းစိန်က ပြောသည်။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေး၊ ဒီမိုကရေစီဖော်ဆောင်ရေးအတွက် နိုင်ငံရေးပြု ပြင်ပြောင်းလဲမှု၊ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတို့ကို ကျယ်ကျယ်ပြန့်ပြန့်အကောင်ထည် ဖော်ဆောင်ရွက်လျှက်ရှိရာ တိုးတက်မှုအတိုင်းတာ တစ်ခုထိရှိနေပြီဟု သမ္မက ဥိးသိန်းစိန်က ပြောသည်။
..
www.MyanmarExpress.net


8 comments:
သမ္မတကြီး ကျန်းမာပါစေ
သမ္မတကြီး နှင့် တပ်ချုပ်ကြီး ကျန်းမာချမ်းသာပါစေ
လမ်းထိပ်ဓါတ်တိုင်ကမီးသီးကျွမ်း၇င်တောင် ဆန္ဒပြချင်တဲ့ငါတို့မြန်မာတွေနဲ့တော့ သမတကြီး တွေ့ပြီပေါ့။
သမတ္တကြီးအောင်မြင်ပါစေ
Attack corruption seriously or your political history will diminish,sir.
နိုင်ငံအပေါ် ကျေးဇူုးသစ္စာစောင့်သိသော
ပြည်သူအပေါ် ချစ်ခင်မြတ်နိုးလေးစားသော
ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ဖြစ်သူ
သမ္မတကြီး ဦးသိန်းစိန် အား
နိုင်ငံအကျိုး၊ ပြည်သူအကျိုး၊ အမျိုးဘာသာသာသနာအကျိုး
ဆထက်ထမ်းပိုး ကြိုးပမ်းဆောင်ရွက်နိုင်ပါစေကြောင်း၊
သက်ရှည်ကျန်းမာပြီး ရောဂါဘယများ ကင်းစင်ပါစေကြောင်းနှင့်
ဆောင်ရွက်လျက်ရှိသော ဒီမိုကရေစီလမ်းကြောင်းတွင်
အောင်အောင်မြင်မြင်ဖြင့် ဖြောင့်ဖြောင့်တန်းတန်း
လျှောက်လှမ်းနိုင်ပါစေကြောင်း
ဆုမွန်ကောင်း တောင်းအပ်ပါသည်။
( မြေလတ်လုလင် )
သမတကြီးကျန်းမာပါစေ တပ်ချုပ်ကြီးချမ်းသာပါစေ ကဲ ပိုကောင်းသွားပြီ နေခြည် မင်းကို အာလာ အမြန်ခေါ်ပါစေ ပိုပို ကောင်းသွားပြန်ပြီ။
Corruptions r still strong in Myanmar.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်