From :
..dvb
..
www.MyanmarExpress.net
အစိုးရထုတ်
ငွေတိုက်စာချုပ်တွေကို အဖွဲ့အစည်းတွေက ပိုမိုဝယ်ယူလာတာကြောင့်
အရောင်းအ၀ယ်ကောင်းနေတယ်လို့ မြန်မာငွေချေး သက်သေခံလက်မှတ်
ရောင်းဝယ်ရေးစင်တာရဲ့ အကြီးတန်းမန်နေဂျာ ဦးသက်ထွန်းဦးက ဒီဗွီဘီကို
ပြောပါတယ်။
ငွေတိုက်စာချုပ်တွေကို
အစိုးရက ထုတ်ဝေတာဖြစ်လို့ အာမခံလုံခြုံမှုက ရာခိုင်နှုန်း အပြည့်အဝ
ရှိတဲ့အပြင် အတိုးနှုန်းကလည်း ဘဏ်တိုးနှုန်းထက် သာတာကြောင့်
ငွေတိုက်စာချုပ်တွေကို ပိုမိုဝယ်ယူလာတာလို့ ပြောပါတယ်။
တဦးချင်းထက် စီးပွားရေး၊
လူမှုရေး စတဲ့အသင်းအဖွဲ့တွေကနေ ပိုဝယ်ယူလာပြီး တနေ့ ရောင်းအား ဘယ်လောက်ဆိုတာ
ပြောလို့မရပေမယ့် အရောင်းအ၀ယ် အတော်လေး ကောင်းလာတယ်လို့ ဦးသက်ထွန်းဦးက
ဆိုပါတယ်။
အစိုးရထုတ်
ငွေတိုက်စာချုပ်တွေကို သက်တမ်း ၂ နှစ်၊ ၃ နှစ်၊ ၅ နှစ် ဆိုပြီး အမျိုးအစား ၃
မျိုး သတ်မှတ်ထားပါတယ်။ အနည်းဆုံး ကျပ် ၁ သောင်းတန်ကစပြီး ကျပ် ၁
သိန်းတန်၊ ၁ သန်းတန်နဲ့ ကျပ် ၁၀ သန်းတန်အထိရှိတဲ့ ငွေတိုက်စာချုပ်တွေကို
ထုတ်ဝေရောင်းချနေတာပါ။
ဝယ်ယူမြှုပ်နှံတဲ့သူတွေအနေနဲ့ကတော့
ငွေတိုက်စာချုပ်တွေကို သက်တမ်းစေ့အောင် ကိုင်ထားဖို့ လိုအပ်ပြီး
သက်တမ်းပြည့်တဲ့အခါ ၀ယ်ယူတဲ့တန်ဖိုးအပြင် အတိုးနှုန်းကိုလည်း ခံစားရမှာ
ဖြစ်ပါတယ်။
တကယ်လို့
သက်တမ်းမပြည့်ခင်မှာ ပြန်ထုတ်ရောင်းချင်တယ် ဆိုရင်လည်း
ရောင်းသူနဲ့ဝယ်သူအကြားမှာ ကြမ်းခင်ဈေးတခု သတ်မှတ်ပေးပြီးတော့
ကြိုက်ရောင်းကြိုက်ဝယ် ပုံစံမျိုးနဲ့ ရောင်းဝယ်နိုင်တယ်လို့ ဦးသက်ထွန်းဦးက
ပြောပါတယ်။
ဘဏ်မှာ ငွေစုမယ်ဆိုရင်
အတိုးနှုန်းက တနှစ်ကို ၈ ရာခိုင်နှုန်းသာရပေမယ့် ဒီငွေတိုက်စာချုပ်တွေအပေါ်
ဝယ်ယူမြှုပ်နှံမယ်ဆိုရင် အတိုးနှုန်းက သက်တမ်း ၂ နှစ်ရှိတဲ့စာချုပ်ဆိုရင်
တနှစ်ကို ၈ ဒဿမ ၇၅ ရာခိုင်နှုန်း၊ ၃ နှစ်ရှိတဲ့စာချုပ်ဆိုရင် တနှစ်ကို ၉
ရာခိုင်နှုန်း၊ ၅ နှစ်ရှိတဲ့ စာချုပ်ဆိုရင် တနှစ်လျှင် ၁၀ ဒဿမ ၅
ရာခိုင်နှုန်း အတိုးခံစားခွင့်ရရှိမှာ ဖြစ်ပါတယ်။

.jpg)

3 comments:
အင်္ဂလိပ် ဆေး ကို အ ထင် မ ကြိး ကြ နဲု
ကင် ဆာ နှလုးံ ပေါက် ကျင်း A B C ပိုး ရော ဂါ ကြိး များ ကို ဘယ် ဆေး ရံ မှ မ ကု နိုင် ပါ ငွေ ကုန် ရုံ ဘဲ ရှိ မယ်
မုံ ရွာ မြို့ အ နီး ကန် သာ ဘန် ကြိး ကြောင်း တွင် ပြောက် ကင် အောင် ကု သ ပေး နေ ပြီ နယ် အ ရပ် ရပ် မှလူ နာ များ ကု သ နေ ကြ ပါ သည် လေ့ လာ ကြ ပါ
အဲဒီဘုန်းကြီးလည်း အထင် မကြီးနဲ့ ရေဦးလူလိမ်
Bar lal ha,sae kyaw nyar ka ta mhaunt.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်