From :
..7day
ပြည်တွင်း၌ ယခုနှစ်အ တွင်း ဥရောပနှင့် အာရှထိပ်သီး ကားကုမ္ပဏီပေါင်း ရှစ်ခုခန့် တရား
ဝင်ရောင်းချခွင့် ရရှိနေပြီဖြစ် ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုကော်မရှင်မှ သတင်းရရှိသည်။
ကမ္ဘာကျော် ထိပ်သီးကား ကုမ္ပဏီများဖြစ်သည့် ဂျာမနီနိုင်ငံမှ BMW ၊ အမေရိကန်နိုင်ငံမှ Ford ၊ ကိုရီးယားနိုင်ငံမှ KIA ၊ အိန္ဒိယနိုင်ငံမှ TATA ၊ ဂျပန်အခြေစိုက် Toyota, Nissan, Honda အစရှိသော ကမ္ဘာ့ဈေးကွက်ဝင် ကားကုမ္ပဏီကြီးများက ယခုနှစ်အတွင်း ကားအရောင်းပြခန်းများ စတင်ဖွင့်လှစ်တော့မည် ဖြစ်သည်။
အချို့သော ကုမ္ပဏီများကလည်း ကားအရောင်းပြခန်းများ အပါအ၀င် ဆားဗစ်စင်တာများ မော်တော်ယာဉ်ထုတ်လုပ်မှု စက်ရုံများကို တစ်ပါတည်းဆောင်ရွက်နိုင် ရန် စီစဉ်နေပြီဖြစ်ကြောင်း အထက်ပါ ကုမ္ပဏီများထံမှ ကိုယ်စားလှယ် လုပ်ကိုင်ခွင့်ရရှိသူများက ပြောသည်။
ကားတင်သွင်းခွင့်ကို ၂၀၁၀ ပြည့်နှစ်က စတင်ခွင့်ပြုပေးခဲ့ပြီး ပြည်တွင်းဈေးကွက်၌ ဂျပန်တစ်ပတ် ရစ်လေလံကားအမြောက်အမြား အဓိက တင်သွင်းလာခဲ့ကြသည်။ ထို့ကြောင့် ယခုကဲ့သို့ ဥရောပနှင့် အာရှမှ ကားကုမ္ပဏီကြီးများ ၀င်ရောက်လာပါက ပြည်တွင်းကား ဈေးကွက်၌ ဂျပန်တစ်ပတ်ရစ် လေလံကားအများစု ဈေးနှုန်းများ ထပ်ကျလာနိုင်သေးကြောင်း မင်း ရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေးစခန်းမှ ကားပွဲစားတစ်ဦးက ပြောသည်။ ယင်းကုမ္ပဏီရှစ်ခုအပြင် ထိပ်တန်းကုမ္ပဏီကြီးဖြစ်သော Mercedes Benz (Germany) ကလည်းယခုနှစ်အတွင်း အရောင်းပြခန်း စတင်ဖွင့်လှစ်သွားမည်ဟု ယင်းကုမ္ပဏီကဆိုသည်။
“ဈေးကအများကြီးတော့ မကျနိုင်ပေမယ့် ယှဉ်ပြိုင်မှုအပိုင်းနဲ့ အရည်အသွေးဈေးကွက်ဝေစုက အရမ်းကွာသွားနိုင်တယ်။ ကားအရောင်းပြခန်းတွေ ဖွင့်တုန်းက တောင် ကားပွဲစားတန်းဘက်က သူတွေ အရှုံးကြီးရှုံးပြီး ထုတ်ရောင်းခဲ့ရတာ” ဟု အဆိုပါ ပွဲစားကပင် သုံးသပ်သည်။
ဈေးကွက်အတွင်း ယှဉ်ပြိုင်မှုအားကောင်းလာနိုင်ပြီး
ဝန်ဆောင်မှုနှင့် ကုန်စည်၏ အမှတ်တံဆိပ်များကြောင့် လူကြိုက်များအောင်
ဆွဲဆောင်နိုင်မည် ဖြစ်ကြောင်း Ford ကုမ္ပဏီအား ကိုယ် စားလှယ်အဖြစ်
လုပ်ကိုင်ခွင့် ရရှိထားသည့် DIAMOND STAR ကုမ္ပဏီအုပ်စု
ဒါရိုက်တာဦးကိုကိုကြီးက ပြောသည်။
“ဈေးနှုန်းက ဂျပန်ကားတွေ နဲ့ ကောင်းကောင်းယှဉ်နိုင်မှာပါ” ဟု ဦးကိုကိုကြီးက ပြောသည်။ ကားအရောင်းပြခန်း အများစုကမူ အစိုးရမှ လက်ရှိ မော်တော်ယာဉ် တင်သွင်းမှုနှင့်ပတ်သက်ပြီး လက် ရှိကောက်ခံနေသော အခွန်နှုန်းထားများကို ပြင်ဆင်ပေးမှသာ ဈေးကွက်၏ ယှဉ်ပြိုင်မှုမှာ တရားမျှတမည်ဖြစ်ကြောင်း အရောင်းပြခန်းကိုယ်စားလှယ်များက ပြောသည်။
.. www.MyanmarExpress.net
ပြည်တွင်း၌ ယခုနှစ်အ တွင်း ဥရောပနှင့် အာရှထိပ်သီး ကားကုမ္ပဏီပေါင်း ရှစ်ခုခန့် တရား
ဝင်ရောင်းချခွင့် ရရှိနေပြီဖြစ် ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ
ကမ္ဘာကျော် ထိပ်သီးကား ကုမ္ပဏီများဖြစ်သည့် ဂျာမနီနိုင်ငံမှ BMW ၊ အမေရိကန်နိုင်ငံမှ Ford ၊ ကိုရီးယားနိုင်ငံမှ KIA ၊ အိန္ဒိယနိုင်ငံမှ TATA ၊ ဂျပန်အခြေစိုက် Toyota, Nissan, Honda အစရှိသော ကမ္ဘာ့ဈေးကွက်ဝင် ကားကုမ္ပဏီကြီးများက ယခုနှစ်အတွင်း ကားအရောင်းပြခန်းများ စတင်ဖွင့်လှစ်တော့မည် ဖြစ်သည်။
အချို့သော ကုမ္ပဏီများကလည်း ကားအရောင်းပြခန်းများ အပါအ၀င် ဆားဗစ်စင်တာများ မော်တော်ယာဉ်ထုတ်လုပ်မှု စက်ရုံများကို တစ်ပါတည်းဆောင်ရွက်နိုင် ရန် စီစဉ်နေပြီဖြစ်ကြောင်း အထက်ပါ ကုမ္ပဏီများထံမှ ကိုယ်စားလှယ် လုပ်ကိုင်ခွင့်ရရှိသူများက ပြောသည်။
ကားတင်သွင်းခွင့်ကို ၂၀၁၀ ပြည့်နှစ်က စတင်ခွင့်ပြုပေးခဲ့ပြီး ပြည်တွင်းဈေးကွက်၌ ဂျပန်တစ်ပတ် ရစ်လေလံကားအမြောက်အမြား အဓိက တင်သွင်းလာခဲ့ကြသည်။ ထို့ကြောင့် ယခုကဲ့သို့ ဥရောပနှင့် အာရှမှ ကားကုမ္ပဏီကြီးများ ၀င်ရောက်လာပါက ပြည်တွင်းကား ဈေးကွက်၌ ဂျပန်တစ်ပတ်ရစ် လေလံကားအများစု ဈေးနှုန်းများ ထပ်ကျလာနိုင်သေးကြောင်း မင်း ရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေးစခန်းမှ ကားပွဲစားတစ်ဦးက ပြောသည်။ ယင်းကုမ္ပဏီရှစ်ခုအပြင် ထိပ်တန်းကုမ္ပဏီကြီးဖြစ်သော Mercedes Benz (Germany) ကလည်းယခုနှစ်အတွင်း အရောင်းပြခန်း စတင်ဖွင့်လှစ်သွားမည်ဟု ယင်းကုမ္ပဏီကဆိုသည်။
“ဈေးကအများကြီးတော့ မကျနိုင်ပေမယ့် ယှဉ်ပြိုင်မှုအပိုင်းနဲ့ အရည်အသွေးဈေးကွက်ဝေစုက အရမ်းကွာသွားနိုင်တယ်။ ကားအရောင်းပြခန်းတွေ ဖွင့်တုန်းက တောင် ကားပွဲစားတန်းဘက်က သူတွေ အရှုံးကြီးရှုံးပြီး ထုတ်ရောင်းခဲ့ရတာ” ဟု အဆိုပါ ပွဲစားကပင် သုံးသပ်သည်။
ဈေးကွက်အတွင်း ယှဉ်ပြိုင်မှုအားကောင်းလာနိုင်ပြ
“ဈေးနှုန်းက ဂျပန်ကားတွေ နဲ့ ကောင်းကောင်းယှဉ်နိုင်မှာပါ” ဟု ဦးကိုကိုကြီးက ပြောသည်။ ကားအရောင်းပြခန်း အများစုကမူ အစိုးရမှ လက်ရှိ မော်တော်ယာဉ် တင်သွင်းမှုနှင့်ပတ်သက်ပြီး လက် ရှိကောက်ခံနေသော အခွန်နှုန်းထားများကို ပြင်ဆင်ပေးမှသာ ဈေးကွက်၏ ယှဉ်ပြိုင်မှုမှာ တရားမျှတမည်ဖြစ်ကြောင်း အရောင်းပြခန်းကိုယ်စားလှယ်များက
.. www.MyanmarExpress.net

.jpg)

4 comments:
အဘတို့ကတော့ မြို့ပါတ်၇ထားလေးမှန်မှန်လာ၇င်။ဘစ်ကားလေးချောင်၇င်ဘဲကျေနပ်ပါပြီငါ့တူ၇ယ်။
ကား ကု မ္ပဏီ များ များ ဖွင့် တော့ ကောင်း တာပေါ့။
ဒူးမလွတ် ဖင်တစ်ခြမ်းတင်
ရန်ကုန်အထူးယာဉ်
၇န်ကုန်အထူးယဉ်မှာ မိုးယိုတာ ဂျပိုးကိုက်တာ စပါယ်ယာကျေးဇူး၇ှင်
တွေ၇ဲ့အဆူအဆဲ ခံ၇တာတွေ ထည့်ပြောအုံးလေ။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်