Subscribe to our RSS Feed

အစိုးရနည်းပညာ အထက်တန်းကျောင်း ဇွန် ၆ ရက်ဖွင့်မည် ရှစ်တန်းအောင်ကျောင်းသားများ တက်ရောက်ခွင့် လျှောက်ထားနိုင်

From : ..News Watch Weekly

အစိုးရနည်းပညာ အထက်တန်းကျောင်းများကို ယခုနှစ် ပညာသင်နှစ်တွင် ဆက်လက်ဖွင့်လှစ် သင်ကြားပေးသွားမည် ဖြစ်ကာ အခြေခံပညာ အဋ္ဌမတန်း ရှစ်တန်းအောင်မြင်ပြီးသူများ တက်ရောက်ခွင့် လျှောက်ထားနိုင်ကြောင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။ နည်းပညာအထက်တန်း ကျောင်း ဖွင့်လှစ်ခြင်းမှာ အခြေခံပညာ ကျောင်းသားများအတွက် အခွင့်အလမ်းကောင်းများ ဖြစ်ပေါ်စေပြီး လက်တွေ့ကျသော သင်ကြားမှုများ ပိုမိုပြုလုပ်သင့်သည်ဟုလည်း ပညာရှင်အချို့နှင့် ကျောင်းသားဟောင်းများ က အကြံပြုသည်။ အဆိုပါ သင်တန်းသို့ ၂၀၁၃ ခုနှစ်တွင် ရှစ်တန်း အောင်မြင်ထားသော အသက် ၁၇ နှစ်အောက် ကျောင်းသားကျောင်းသူများ တက်ရောက်ခွင့် လျှောက်ထားနိုင်ပြီး ၂ နှစ်သင်တန်း ထူးချွန် အောင်မြင်ပါက AGTI ပထမနှစ်သို့ တိုက်ရိုက် တက်ရောက်ခွင့်ရရှိမည် ဖြစ်သည်။ ထို့ပြင် ၂ နှစ်သင်တန်းအား ရိုးရိုးအဆင့်မြင့် အောင်မြင်ပါက လုပ်ငန်းခွင် လက်တွေ့သင်တန်း လေးလ တက်ရောက်ရမည်ဖြစ်ပြီး သင်တန်း အောင်မြင်ကြောင်း လက်မှတ် Certificate ရရှိပြီးပါက အစိုးရဌာနများနှင့် ပုဂ္ဂလိက လုပ်ငန်းများသို့ စက်မှုကျွမ်းကျင် ဝန်ထမ်းအဖြစ် အလုပ်လျှောက်ထားနိုင်ကြောင်း၊ ပညာသင်ဆက်လက် ဆည်းပူးလိုပါကလည်း ပထမနှစ်သင်တန်း အောင်မြင်ပြီး ဒုတိယနှစ်သင်တန်း အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ပြင်ပဖြေအနေဖြင့် ဝင်ရောက်ဖြေဆိုခွင့် ရရှိမည်ဟု သိရသည်။ နိုင်ငံတော်က ဒီလိုသင်တန်းတွေ ဆက်ဖွင့်ပေးနေတာ ကောင်းတယ်။ ဒါမျိုးကျောင်းတွေ များများဖွင့်ပြီး နိုင်ငံတော်က ဒီထက်ပိုအားပေးရင် ပိုကောင်းတာပေါ့။ ဒီလိုကျောင်းတွေ ဖွင့်လှစ်ပေးခြင်းအားဖြင့် အလယ်တန်းအဆင့် ကျောင်းသားတွေအတွက် အခွင့်အလမ်း ဖြစ်စေသလို အဲဒီကနေ ပညာရှင်တွေ မွေးထုတ်ပေးနိုင်တယ်လေ” ဟု နည်းပညာတက္ကသိုလ် ကျောင်းသားဟောင်း တစ်ဦးဖြစ်သည့် ကာတွန်းဆရာ အော်ပီကျယ်က မှတ်ချက်ပြု ပြောကြားသည်။ အဆိုပါ သင်တန်းတွင် အဆောက်အအုံ နည်းပညာသင်တန်း၊ အီလက်ထရွန်နစ် နည်းပညာ သင်တန်း၊ လျှပ်စစ်နည်းပညာ သင်တန်း၊ မော်တော်ယာဉ် နည်းပညာသင်တန်း၊ စက်ပစ္စည်း အပိုင်းအစများ ထုတ်လုပ်ခြင်း နည်းပညာသင်တန်း၊ လေအေးပေးစက်နှင့် အအေးပေးစနစ် ပြုပြင်မွမ်းမံမှု နည်းပညာသင်တန်း၊ သတ္တုပစ္စည်း ထုတ်လုပ်မှု နည်းပညာသင်တန်းနှင့် သုတနည်းပညာ သင်တန်းများကို သင်ကြားပေးသွားမည် ဖြစ်ပြီး သင်ကြားမည့် ဘာသာရပ်၌ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သချာင်္၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဘောဂဗေဒ ဘာသာများ အပါအဝင် သင်တန်း၏ အထူးပြုဘာသာရပ်နှင့် ပုံဆွဲဘာသာရပ်များ ပေါင်းစပ်သင်ကြားသွားမည် ဟု သိရသည်။ အစိုးရနည်းပညာ အထက်တန်းကျောင်း ၂၀၁၃-၁၄ ပညာသင်နှစ်အတွက် ဇွန် ၁၀ ရက်တွင် နောက်ဆုံးထား လျှောက်ထား အပ်နှံရမည်ဖြစ်ကာ ဇွန် ၆ ရက်တွင် စတင်ဖွင့်လှစ်မည်ဟု အသိပေး ကြေညာထားသည်။ 

အပါသည်။
.
. www.MyanmarExpress.net
 

4 comments:

ဒီလိုကျောင်းမျိုးဖွင့်တာ ကောင်းပါတယ် နိုင်ငံတော်အတွက် အတက်ပညာရှင်တွေ မျှော်လင့်စရာပါ

So call Technical High School.I'm not understanding why post this news on this web page. A lot of people can not find the job after studying technical high school. No use. Who offer jobs. Government or pravite sector. Wasted time and money. My brother, looking for the suitable job arround the country. No job.Now working as farmer. So really don't believe on this news.BAD.

စိတ်ကူးမလွှဲနဲ့ အမောင်ကျောင်းသားတို့။ဝက်မွေးသလိုဘဲ မြန်မြန်ပိုက်ဆံပေါ်တယ်။တက်သင့်တယ်။

တစ်နှစ်နောက်ကျပြီးမှမွေးခဲ့ရင်ကောင်းမှပဲ အဟင့်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်