Subscribe to our RSS Feed

အရေးပေါ် မုန်တိုင်းသတိပေးချက်

From : ..MWD

ဘင်္ဂလား ပင်လယ်အော် တောင်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သည့် လေဖိအားနည်း ရပ်ဝန်း 92B သည် ပိုမို အားကောင်း လာပြီး မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိ လာကာ မုန်တိုင်း အမည် 01B ဟု
အမည် ပေးထား ပါသည်။ (၂ဝ၁၃ ခုနှစ် မုန်တိုင်း ရာသီ အတွင်း ဘင်္ဂလား ပင်လယ်အော်တွင် ပထမ ဦးဆုံး ဖြစ်ပေါ်သည့် မုန်တိုင်း ဖြစ်ပါသည်)
မုန်တိုင်းငယ် 01B သည် အိန္ဒိယ နိုင်ငံ ပို့ဘလဲယားမြို့ တောင်ဘက် မိုင် ၄၃ဝ ခန့်၊ မြန်မာ နိုင်ငံ ကော့သောင်းမြို့ အနောက် တောင်ဘက် မိုင် ၅ဝဝ ခန့်၊ ကိုကိုးကျွန်း လေဆိပ်၏ တောင်ဘက် မိုင် ၆ဝဝ ကျော်ခန့်၊ ပုသိမ်မြို့၏ တောင်-အနောက် တောင်ဘက် မိုင် ၈ဝဝ ခန့် ပင်လယ် ပြင်တွင် ဗဟိုပြု နေပြီး လွန်ခဲ့သည့် ၆ နာရီအတွင်း အနောက် မြောက်ဘက်သို့ တစ်နာရီ ၁၂ မိုင်နှုန်း ခန့်ဖြင့် ရွေ့လျားခဲ့ကြောင်း တွေ့ရပါသည်။
မုန်တိုင်းငယ် 01B ONE(92B)
10 May 2013 1200Z
Location: 5.3 92.7
Winds: 35 knots
Central Pressure: 996 hPa
မုန်တိုင်းငယ် 01B သည် – မေလ(၁ဝ)ရက် မြန်မာစံတော်ချိန် ညနေ ၁၈၃ဝ နာရီ ခန့်မှန်းချက် အရ လာမည့် ၄၈ နာရီ – မေလ(၁၂)ရက် မြန်မာစံတော်ချိန် ညနေ ၁၈၃ဝ နာရီ အတွင်း အဆင့် (၁) ဆိုင်ကလုန်း မုန်တိုင်းအဆင့်သို့ ရောက်ရှိမည်ဖြစ်ပြီး မြောက်-အရှေ့ မြောက် ဘက်သို့ ဆက်လက် ရွေ့လျားကာ လာမည့် ၉၆ နာရီ – မေလ(၁၄)ရက် မြန်မာစံတော်ချိန် ညနေ ၁၈၃ဝ နာရီတွင် အဆင့်-၂ ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ ရောက်ရှိကာ အရှေ့ မြောက်ဘက် (မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ပိုင်းသို့) ဆက်လက် ဦးတည် ရွေ့လျားမည် ဖြစ်ကြောင်း ခန့်မှန်း ထားပါသည်။ မုန်တိုင်း 01B သည် အဆင့်-၂ ဆိုင်ကလုန်း မုန်တိုင်း အဆင့်ဖြင့် မြန်မာနိုင်ငံ ရခိုင် ကမ်းရိုးတန်းအား စစ်တွေနှင့် ကျောက်ဖြူ မြို့များကြားမှ ကုန်းတွင်း သို့ ဖြတ်ကျော် ဝင်ရောက် နိုင်ဘွယ် ရှိကြောင်း JTWC နှင့် TSR တို့မှ ကနဦး ခန့်မှန်း ချက်တွင် ပုံများဖြင့် ဖေါ်ပြ ထားပါသည်။ မုန်တိုင်း အင်အားနှင့် လားရာ လမ်းကြောင်း ပြောင်းလဲမှု အခြေအနေ ရှိနိုင်ဦးမည် ဖြစ်ပါသဖြင့် အဆိုပါ အပြည်ပြည်ဆိုင်ရာ မိုးလေ ဝသ ဌာန ခန့်မှန်းချက် အသစ်များကို ဆက်လက် စောင့်ကြည့် တင်ပြ ပေးသွား ပါမည်။
ကော လဟလ သတင်းများအား ရှောင်ရှား နိုင်ရန် မုန်တိုင်း အမည်ပေး စံနစ်တွင် ၂ဝ၁၂ ခုနှစ် အတွင်း အိန္ဒိ သမုဒ္ဒရာ မြောက်ပိုင်း၌ ဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းများအား အောက်ပါ အတိုင်း ပေး ခဲ့ပြီးဖြစ် ပါသည်-
Tropical Storm MURJAN-24-25 OCT
Tropical Storm NILAM-29-31 OCT
ထို့ကြောင့် မုန်တိုင်းငယ် 01B ပိုမို အားကောင်း လာပြီး ဆိုင်ကလုန်း မုန်တိုင်း အဆင့်သို့ ရောက်ရှိ လာပါက အပြည်ပြည်ဆိုင်ရာအမည် MAHASEN ဟု ပေးမည်ဖြစ်ကြောင်း သိရပါ သည်။ (သီရိ လင်္ကာမှ ပေးသည့် အမည် ပေးရန် အလှည့်ကျပါသည်)

မုန်တိုင်း အန္တရာယ်မှ ကြိုတင်ကာကွယ်ရေး အချက်များအား လိုက်နာကြရန် နှိုးဆော် အပ်ပါသည်။ ပြည်သူများ အားလုံး အနေဖြင့်လည်း အဆိုပါ ဒေသများမှ ဒေသခံပြည်သူ များထံ မုန်တိုင် သတင်းများနှင့် ကြိုတင်ကာကွယ်ရေး အချက်များ ၀ိုင်းဝန်း အကြောင်းကြား ပေးကြပါရန် မေတ္တာ ရပ်ခံ အပ်ပါသည်။
အခုချိန်မှ စတင်ရေတွက်လျှင် မုန်တိုင်း အန္တရာယ်ကို ကာကွယ်ရန်အတွက် နာရီ သုံးဆယ်လောက် အချိန်ရသည်။ ထိုကြောင့် ပြည်သူ့များ၏ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ်နိုင်ရန် အတွက် လူတိုင်းတွင် တာဝန်ရှိသည်။
အထူးသဖြင့် မုန်တိုင်းကျရောက်မည့် နေရာများမှ လူများတွင် ပိုမိုတာဝန် ရှိပါသဖြင့် အောက်ပါ အချက်များကို လိုက်နာကြပါရန် နှိုးဆော် အပ်ပါသည်။
* (၁)။ ထိုနေ့မှစ၍ ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များ အားလုံး ရပ်နားထားကြရန်။
* (၂)။ ထိုနေ့မှစ၍ ကုန်တင် သင်္ဘောများ၊ ခရီးတင် သင်္ဘောများနှင့် စက်တတ်ရေယာဉ်နှင့် ရေယာဉ်ငယ် အားလုံး ရပ်နားထားကြရန်။
* (၃)။ မိမိတို့ရေယာဉ်များ အားလုံးကို မုန်တိုင်းလွတ်ရာ နေရာများသို့ ပြောင်းရွေ့ ထားကြရန်။
*(၄)။သက်ကြီးရွယ်အို များနှင့်ကလေးသူငယ်များကို မုန်တိုင်း ဒီရေ လွတ်သော နေရာနှင့် လုံခြုံမှုရှိသော နေရာများသို့ အခုကတည်းက ရွေ့ပြောင်း ထားရှိကြရန်။
*(၅)။ သက်ဆိုင်ရာ မြို့နယ်ဆေးရုံ၊ ဆေးပေးခန်း အားလုံး အဆင်သင့် အနေအထားတွင် ထားရှိကြရန်။
*(၆)။မုန်တိုင်း တိုက်ခတ်နေစဉ် အတွင်း ပြိုလဲရန် လွယ်ကူသော အိမ်များ၊ သစ်ပင်ကြီးများ အောက်တွင် မနေကြရန်။
*(၇)။ မုန်တိုင်းတိုက်ခတ် နေစဉ်အတွင်း အကြောက်မလွန် ကြရန်နှင့် အန္တရာယ် ရှိသူများကို ကြိုးစားပြီး ကယ်တင် ပေးကြရန်။
*(ဂ)။ မုန်တိုင်း တိုက်ခတ်နေစဉ် အတွင်း လျှပ်စစ်ဓါတ် မဟာလိုင်း၊ ရိုရိုးဓါတ်အားလိုင်းများ အားလုံး ပိတ်ထားကြရန်။ မလိုအပ်ပဲ ဓါတ်တိုင်များ အောက်သို့ မသွားရောက်ကျရန်။ ပြတ်ကျနေသော ဓါတ်ကြိုးများကို သွားရောက် ကိုင်တွယ်ခြင်း မပြုကြရန်။
* (၉)။ သက်ဆိုင်ရာ မြို့နယ်များမှ မုန်တိုင်းသတိပေးချက်ကို ပြည်သူများသိရှိစေရန်အတွက် အကြိမ်ကြိမ် အထူးသတင်း အဖြစ် သတိပေး ကြေညာပေးရန် လိုအပ်သည်။
* (၁၀)။ မုန်တိုင်း တိုက်ခတ်နေစဉ် အတွင်း မလိုအပ်ပဲ အပြင်သို့ လုံးဝ မထွက်ကြရန်။

.. www.MyanmarExpress.net
 

5 comments:

အလွန်အကျိုးရှိပါသည်၊အချိန်နဲ့တပြေးညီဖေါ်ပြပေးပါရန်။

အင်း ကုလားအေ၇းအခင်းပြီးတော့ကချင်။ကချင်ပြီးတော့
၇ှမ်း။၇ှမ်းပြီးတော့ အခု မုန်တိုင်းတဲ့။အမေ့သားတော့ ၇ူးချင်
နေပြီ။

မိမိပြုသမျှဘဲလေ
ဘာတတ်နိုင်မှာလဲ။

မုန်တိုင်းရေ
တို့မြန်မာနိုင်ငံထဲကို မလာနဲ့သိလား။
တို့နိုင်ငံက မုန်တိုင်းအတွေ့အကြုံနည်းတော့
မင်းကို ကြောက်တယ်သိလား။
ဘင်္ဂလားဒေ့ရှ်ကိုသာသွား
သူတို့က မုန်တိုင်းအတွေ့အကြုံပိုရင့်ပြီး
မင်းကိုလည်း ကျိန်ဆဲနေကြတာတဲ့။

PLEASE IMPROVE TO PROVIDE UPDATE SATELLITE WEATHER CHARTS HOURLY OR AS NEEDED DEPEND
UPON URGENCY BY NEWSPAPERS,TV AND RADIO.
PLEASE PROVIDE MOVEMENT OF STORM DAY BY DAY
AND HOUR BY HOUR AND EXPECTED EFFECTED WARNING
AREA BY ZONE 1,ZONE 2,ZONE 3 ETC FOR RAKHINE
STATE,IRRAWADY DIVISION,YANGON DIVISION AND TAHINTHARRI DIVISION.

WITH MYITTA...

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်