Subscribe to our RSS Feed

သောက်သုံးရေ ရှားပါးမှု ကြုံတွေ့ နေရသော ကျေးရွာ များသို့ သောက်သုံးရေများ ဖြန့်ဝေ လှူဒါန်း၊ သောက်သုံး ရေကန်များ တူးဖော် ဆယ်တင်ပေး

From : ..မြဝတီ

နေပြည်တော် မေ ၉
သောက်သုံးရေ ရှားပါးမှု ကြုံတွေ့ နေရသော ပြည်နယ်နှင့် တိုင်းဒေသကြီး များရှိ ရပ်ကွက်/ကျေးရွာများသို့ တပ်မတော် သားများက သောက်သုံးရေများ ဖြန့်ဝေ လှူဒါန်းခြင်းနှင့် သောက်သုံး ရေ ကန်များ တူးဖော် ဆယ်တင်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိရာ မေ ၈ ရက် တွင် ပဲခူးတိုင်း ဒေသကြီး၊ ရေတာ ရှည်မြို့နယ်၊ ကျိပ္ပတီး ကျေးရွာနှင့်  ခင်တန်း  ကျေးရွာရှိ အိမ်ထောင်စု ၃၂၃  စုအတွက် သောက်သုံးရေ ၁၅၆၈ ဂါလန်အား လည်းကောင်း၊   ဇီးကုန်းမြို့နယ်၊ ချောင်းကမ်းကြီး ကျေးရွာရှိ အိမ်ထောင်စု ၁၅ဝ စု အတွက် သောက်သုံးရေ ဂါလန် ၁၂ဝဝ အားလည်းကောင်း၊ ထန်းတပင် မြို့နယ်၊ အင်ကြင်းသာ ကျေးရွာရှိ အိမ်ထောင်စု ၂ဝ စုအတွက် သောက်သုံးရေ ဂါလန် ၁၆ဝဝ အားလည်းကောင်း၊ အုတ်တွင်းမြို့နယ်၊ ပိတောက်ကုန်း ကျေးရွာ၊ ဘုန်းတော်ကြီးေ ကျာင်းနှင့်   အိမ်ေ ထာင်စု ၃ဝ စုအတွက် သောက်သုံးရေ ဂါလန် ၃ဝဝ အားလည်းကောင်း၊ တပ်ပိုင် ရေသယ်ယာဉ် များဖြင့် အသီးသီး ဖြန့်ဝေ လှူဒါန်းပေးပြီး သဲကုန်းမြို့ နယ်၊ ပုတီးကုန်းမြို့၊ ကံသာဦး ရပ်ကွက် ရှိ သော က်ရေကန်အား ကျေးရွာပြည်သူ များနှင့်အတူ တပ်မတော် သားများက  ပြန်လည် တူးဖော်ပေးခြင်း၊ နတ္တလင်းမြို့၊  သာစည် ရပ်ကွက်ရှိ  သောက်ရေကန် အတွင်း အမှိုက် သရိုက်များနှင့် ဒိုက်များ ဆယ်တင်ခြင်း၊ တောင်ငူမြို့နယ်၊ ချောင်းဖြူ ကျေးရွာတွင် ရေမြောင်း တူးဖော်ပေး ခြင်းများအား ဆောင်ရွက်ပေးသည်။ အလားတူ ရန်ကုန်တိုင်း ဒေ သကြီး ကျော က်တန်းမြို့နယ်၊ ကုလားတန်း ကျေး ရွာ အုပ်စု ဂါးတဲ(ရွှေပြည်သစ်) ကျေးရွာရှိ ရေကန်သစ်အား ဆက်လက် တူးဖော်ခြင်းနှင့် ဒလမြို့နယ်၊ ကျန်စစ်သား ရပ်ကွက်၊ မင်္ဂလာကန် အမှတ်(၃)န င့် အမှတ်(၇) တို့အား ဆယ်တင်ခြင်းများ ကူညီ ဆောင်ရွက်ပေးသည်။
ထို့အတူ မေ ၉ ရက်တွင် နေပြည်တော် ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ သံပုရာကုန်း ကျေးရွာနှင့် သစ်ယာကုန်း ကျေးရွာရှိ အိမ်ထောင်စု ၂၃၂ စု အတွက် သောက်သုံးရေ ဂါလန် ၃၆၈၅ အား လည်းကောင်း၊ ဇေယျာသီရိမြို့နယ်၊ နန်းသြ ကျေးရွာရှိ အိမ်ထောင်စု ၃၆၂ စု အတွက် သောက်သုံးရေ ဂါလန် ၇၂၄ဝ အားလည်းကောင်း၊ တပ်ပိုင် ရေသယ်ယာဉ်များဖြင့် ဖြန့်ဝေ လှူဒါန်းပေးသည့် အပြင် မန္တလေးတိုင်း ဒေသ ကြီး၊ ရမည်းသင်းမြို့နယ်၊ ညောင်အိုင် ကျေးရွာတွင် သောက်သုံး ရေကန်အား ပြန်လည်တူးဖော် ဆယ်ယူ ခြင်းနှင့် အလျား ၂၈၄ ပေ၊ အနံ ၁၂၅ ပေ၊ အနက် ၆ ပေ ရှိ သောက်သုံးရေကန်သစ် တူးဖော်ခြင်းကို ပြီးစီး အောင် ဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။

.. www.MyanmarExpress.net
 

2 comments:

ပ၇ဟိတမောင်မယ်တွေ ( ၇ုပ်၇ှင် အဆိုတော်။ဂျာနယ်တွေမှာ
မမြင်ချင်အဆုံး တွေ့နေ၇သူတွေ )အိပ်ပျော်နေကြပြီလား။နယ်တွေလဲ ဆင်းကြည့်ပါအုံး။၇န်ကုန်မှာဘဲ နှပ် မနေကြနဲ့။

Pee yin pyit seee ma loot hne oo naw.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်