Subscribe to our RSS Feed

ပုဂံ မြစည်းခုံဘုရားတွင် ကိန်းဝပ်စံပယ်တော်မူသည့် ဆင်းတုတော်တစ်ဆူ ခိုးယူခံရ

From : ..popular



ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဝက်ကြီးအင်းရပ်အနီး ဧရာဝတီမြစ်နံဘေးတွင်
တည်ရှိသော မြစည်းခုံ ဘုရားတွင် ကိန်းဝပ်စံပယ်တော်မူသည့် ဆင်းတုတော်တစ်ဆူ ခိုးယူခြင်းခံရကြောင်း ပုဂံရဲစခန်းမှသိရသည်။
မြစည်းခုံဘုန်းတော်ကြီးကျောင်းမှ ဆရာတော်ဦးဇောတိသာရသည် မေ ၁၉ ရက်ညနေပိုင်းက ဘုရားပေါ်တက်ရောက် စဉ်
ဘုရားအရှေ့ဘက်မုခ်အတွင်းရှိ ဆင်းတုတော်ခိုးယူခံထားရခြင်းကိုတွေ့ရှိခဲ့ကြောင်းသိရသည်။
''အစက ပြုပြင်စရာရှိလို့ တံခါးဖွင့်ထားလို့ ဘုန်းကြီးကထင်နေတာ။ပြီးမှအခိုးခံရမှန်းသိတယ်။
ရဲတွေလည်းလာပြီး စစ်ဆေးသွားတယ်။''ဟု မြစည်းခုံကျောင်းမှ ဦးပဉ္ဇင်းတစ်ပါးမိန့်သည်။
ဆင်းတုတော်သည် အမြင့်ဥာဏ်တော် လေးပေခန့်ရှိ သော သစ်သားဆင်းတုတော်တစ်ဆူဖြစ်ကြောင်း၊ခိုးယူသူသည်
သော့များကို ဖျက်ဆီးကာ ဆင်းတုတော်အောက်ခြေပိုင်းမှ ရိုက်ချိုး ခိုးယူသွားခြင်းဖြစ်ကြောင်းသိရသည်။
ဆင်းတုတော်ခိုးယူခံရမှုနှင့်ပတ်သက်၍ ပုဂံရဲစခန်းမှ အမှုဖွင့်အရေးယူစုံစမ်းစစ်ဆေးလျက်ရှိကြောင်းလည်းသိရသည်။
ပုဂံရှေးဟာင်းယဉ်ကျေးမှုနယ်မြေအတွင်း လွန်ခဲ့သောတစ်ပတ်ကျော်ခန့်
ကလည်း တောင်ဘီကျေးရွာအုပ်စု၊ဆုတောင်း ပြည့်ဘုရားအနီးရှိ ဗူးဘုရားကျောင်းစာရင်းဝင် ပျူစောထီးကျောင်းမှ
ဥာဏ်တော်အမြင့် (၁)ပေ(၆)လက်မရှိသော မကိုဋ်ပါ မဟာ မြတ်မုနိပုံစံတူ ကျောက်ဆင်းတုတော်တစ်ဆူ ခိုးယူခြင်းခံခဲ့ရကြောင်းသိရသည်။ ပုဂံသစ္စာ
Photo: ပုဂံ မြစည်းခုံဘုရားတွင် ကိန်းဝပ်စံပယ်တော်မူသည့် ဆင်းတုတော်တစ်ဆူ ခိုးယူခံရ ပုဂံ-မေ၂၀ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဝက်ကြီးအင်းရပ်အနီး ဧရာဝတီမြစ်နံဘေးတွင် တည်ရှိသော မြစည်းခုံ ဘုရားတွင် ကိန်းဝပ်စံပယ်တော်မူသည့် ဆင်းတုတော်တစ်ဆူ ခိုးယူခြင်းခံရကြောင်း ပုဂံရဲစခန်းမှသိရသည်။ မြစည်းခုံဘုန်းတော်ကြီးကျောင်းမှ ဆရာတော်ဦးဇောတိသာရသည် မေ ၁၉ ရက်ညနေပိုင်းက ဘုရားပေါ်တက်ရောက် စဉ် ဘုရားအရှေ့ဘက်မုခ်အတွင်းရှိ ဆင်းတုတော်ခိုးယူခံထားရခြင်းကိုတွေ့ရှိခဲ့ကြောင်းသိရသည်။ ''အစက ပြုပြင်စရာရှိလို့ တံခါးဖွင့်ထားလို့ ဘုန်းကြီးကထင်နေတာ။ပြီးမှအခိုးခံရမှန်းသိတယ်။ ရဲတွေလည်းလာပြီး စစ်ဆေးသွားတယ်။''ဟု မြစည်းခုံကျောင်းမှ ဦးပဉ္ဇင်းတစ်ပါးမိန့်သည်။ ဆင်းတုတော်သည် အမြင့်ဥာဏ်တော် လေးပေခန့်ရှိ သော သစ်သားဆင်းတုတော်တစ်ဆူဖြစ်ကြောင်း၊ခိုးယူသူသည် သော့များကို ဖျက်ဆီးကာ ဆင်းတုတော်အောက်ခြေပိုင်းမှ ရိုက်ချိုး ခိုးယူသွားခြင်းဖြစ်ကြောင်းသိရသည်။ ဆင်းတုတော်ခိုးယူခံရမှုနှင့်ပတ်သက်၍ ပုဂံရဲစခန်းမှ အမှုဖွင့်အရေးယူစုံစမ်းစစ်ဆေးလျက်ရှိကြောင်းလည်းသိရသည်။ ပုဂံရှေးဟာင်းယဉ်ကျေးမှုနယ်မြေအတွင်း လွန်ခဲ့သောတစ်ပတ်ကျော်ခန့် ကလည်း တောင်ဘီကျေးရွာအုပ်စု၊ဆုတောင်း ပြည့်ဘုရားအနီးရှိ ဗူးဘုရားကျောင်းစာရင်းဝင် ပျူစောထီးကျောင်းမှ ဥာဏ်တော်အမြင့် (၁)ပေ(၆)လက်မရှိသော မကိုဋ်ပါ မဟာ မြတ်မုနိပုံစံတူ ကျောက်ဆင်းတုတော်တစ်ဆူ ခိုးယူခြင်းခံခဲ့ရကြောင်းသိရသည်။ ပ


.. www.MyanmarExpress.net
 

4 comments:

1-WE CAN FIND SO MANY BUDDHA STATUES IN
THAILAND;ALL THOSE STATUES ARE SELLING
ESPECIALLY TO WESTERNERS AND GETTING
VERY GOOD PRICE.
2-MANY WESTERNERS USE THOSE STATUES TO
DECORATE IN THEIR HOUSES.
3-THOSE STATUES WERE STOLEN AND SMUGGLED
OUT FROM OUR COUNTRY.
4-WE DO NOT KNOW WHO STOLEN AND WHO
SMUGGLED OUT FROM OUR COUNTRY.
5-BUT WE CAN ASSUMED THAT THOSE KIND OF
PRACTICE GOING ON FOR MANY MANY YEARS.
6-WE NEED TO PROTECT OUR PAGODA,STATUES, FAMOUS BUILDINGS AND OUR RELIGIOUS RECORDS
WRITTEN ON STONES ETC...AGAINST THIEVES
AND ATTACKERS.

WITH MYITTA

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်