Subscribe to our RSS Feed

သောက်သုံးရေ ရှားပါးမှု သတင်းများ ဆက်တိုက်တွေ့လာရသော်လည်း စစ်တပ်မှ ကူညီနေသည့်သတင်းအား ဘယ် သတင်းစာ၊ ဂျာနယ်မှ ဖော်ပြခြင်းမရှိ

From : ..mwd


နေပြည်တော် မေ ၇
သောက်သုံးရေ ရှားပါးမှု ကြုံတွေ့ နေရသော ကျေးရွာများသို့ တပ်မတော်သားများက သောက်သုံးရေများ ဖြန့်ဝေ လှူဒါန်းလျက် ရှိရာ မေ ၅ ရက်တွင် မွန်ပြည်နယ်၊ သထုံမြို့၊ လိပ်အင်း ရပ်ကွက်ရှိ အိမ်ထောင်စု ၁၅ဝ စုအတွက် ရေဂါလန် ၇၆ဝ အားလည်းကောင်း၊ သထုံ မြို့နယ်၊ ကိုးနဝင်းကျေးရွာ၊ ဇရစ်ချောင်း ကျေးရွာ၊ ကျိုက်ကော်ကျေးရွာ နှင့်အောက်ကျင်း ရပ်ကွက်တို့ရှိ  အိမ် ထောင်စု ၂၉၆ စုအတွက် သောက်သုံး ရေဂါလန် ၃၆ဝဝ အား လည်းကောင်း၊  ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကြောင်ဖြူကွင်း ကျေးရွာရှိ အိမ်ထောင်စု ၅ဝ စု အတွက် ရေဂါလန် ၁၂ဝဝ အား လည်း ကောင်း၊ မေ ၆ ရက်တွင် ရန်ကုန် တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ ကုလားတန်း၊ ဂါးတဲ (ရွှေပြည်သစ်) ကျေးရွာရှိ အိမ်ထောင်စု ၂ဝဝ စုအတွက် ရေဂါလန် ၃၆ဝဝ အား လည်းကောင်း၊ မကွေးတိုင်း ဒေသ ကြီး၊ အောင်ပန်းပွင့် ကျေးရွာရှိ အိမ်ထောင်စု ၁၂၄ စု အတွက် ရေဂါလန် ၂၄ဝဝ အား လည်းကောင်း၊ မင်းဘူး(စကု)မြို့နယ်၊ ပျော်ဘွယ် ကျေးရွာနှင့် ကျောက်ပယ် ကျေးရွာ များရှိ အိမ်ထောင်စု ၁၃ဝ စုအတွက် ရေဂါလန် ၉၁ဝဝ အားလည်းကောင်း၊ သရက်မြို့နယ်၊ ကျောက်အိုး ကျေးရွာနှင့် ပိတောက်ပင် ကျေးရွာများရှိ အိမ်ထောင်စု ၉၁၃ စုအတွက် ရေဂါလန် ၂၄ဝဝ အားလည်းကောင်း တပ်မတော်သား များက တပ်ပိုင် ရေသယ်ယာဉ် များဖြင့် အသီးသီး ဖြန့်ဝေ လှူဒါန်းပြီး ငဖဲမြို့နယ်၊ မရိုးကန် ကျေးရွာရှိ သောက်သုံး ရေကန်အား ပြန်လည်ဆယ်ယူခြင်း လုပ်ငန်းများကို ဒေသ ခံ ပြည်သူများနှင့် တပ်မတော် သားများက  ပူးပေါင်း ဆောင်ရွက်ပေးသည်။
ထို့အတူ မေ ၆ ရက်တွင် ပဲခူးတိုင်း ဒေသကြီး တောင်ငူမြို့နယ်၊ ကေတုမတီ မြို့သစ်၊ နတ်သျှင်နောင် ရပ်ကွက်၊ အင်တိုင်းကျေးရွာရှိ ရပ်ကွက် ၃ ခုနှင့် သောင်ကုန်း ကျေးရွာတို့ရှိ အိမ်ထောင်စု ၅၆၃ စုနှင့် တောင်ကုန်းကျေးရွာ သာသနာ့ ဗိမာန် ကျောင်းတိုက်တို့ အတွက် ရေဂါလန် ၉၆ဝဝ အားလည်းကောင်း၊ ရေတာရှည် မြို့နယ် ဆွာမြို့၊ တောင်ကြား အနောက် ရွာရှိ အိမ်ထောင်စု ၄၉ စု အတွက် ရေဂါလန် ၁၂ဝဝ အားလည်း ကောင်း၊ ကျောက်ကြီးမြို့နယ်၊ ဆိပ်ကြီး ကျေးရွာ၊ မေတ္တာရပ်ကွက်၊ ဇောတိက ကျေးရွာ၊ ငနုသန်း ကျေးရွာနှင့် တုံးတော ကျေးရွာတို့ရှိ အိမ်ထောင်စု ၂၁၈ စုနှင့် တုံးတောကျေးရွာ ဘုန်းကြီးကျောင်း အတွက် ရေဂါလန် ၁၂၆ဝဝ အား လည်းကောင်း၊ ဇီးကုန်းမြို့နယ်၊ ချောင်းကမ်းလေး ကျေးရွာရှိ အိမ်ထောင်စု ၇၅ စုအတွက် ရေဂါလန် ၂၄ဝဝ အားလည်း ကောင်း တပ်ပိုင် ရေသယ်ယာဉ် များဖြင့် အသီးသီး ဖြန့်ဝေ လှူဒါန်းသည်။
ထို့အပြင် တောင်ငူမြို့နယ်၊ သဖန်းပင် ကျေးရွာတွင် ပေ ၉ဝဝဝ အရှည် ရေ မြောင်းအား အမှိုက်များ ရှင်းလင်းခြင်း၊ နတ်တလင်းမြို့၊ ဇီးကုန်းလေး ရပ်ကွက်၊ လူသွား လမ်းဆုံ နေရာများတွင် အလျား ၄ ပေ၊ အချင်း ၂ ပေရှိ ကွန်ကရစ် ရေပိုက်လိုင်း ၅ ခုအား ရေမြောင်းအတွင်း မြှုပ်နှံ မြေဖို့ ပေးခြင်းနှင့် သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့၊ ချောင်းကမ်းကြီး ကျေးရွာ အုပ်စု၊ သန္ဓေကုန်း ကျေးရွာမှ အလျား ၂ဝဝ ပေ၊ အနံ ၁၅ဝ ပေရှိ သောက်ရေ ကန်ဟောင်းအား ကျေးရွာ လူထုနှင့် အတူ တပ်မတော်သား များက ပြန်လည် ဆယ် တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
အလားတူ မေ ၇ ရက်တွင် နေပြည်တော် ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိ မြို့နယ်၊ အင်ကြင်းစု ကျေးရွာနှင့် ဖြုတ်ခွဲကျေးရွာ တို့ရှိ အိမ်ထောင်စု ၁၃၈ စုတို့အတွက် ၂ဝ လီတာဆံ့  သောက်ရေသန့်ဘူး ၃ဝဝ ဘူးနှင့်  ရေဂါလန် ၃၉ဝဝ အားလည်းကောင်း၊ တပ်ကုန်းမြို့နယ်၊ ကျေးချောင်း ကျေးရွာရှိ  အိမ်ထောင်စု၂၄ဝ စု အတွက် ရေဂါလန် ၁၂ဝဝ အားလည်းကောင်း တပ်မတော်သားများက တပ်ပိုင် ရေ သယ်ယာဉ်များဖြင့် အသီးသီး ဖြန့်ဝေ လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။

.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်