Subscribe to our RSS Feed

မီဒီယာကို အလျှော့ပေးဆက်ဆံတတ်သည့် ပြန်ကြားရေးဒုဝန်ကြီး မီဒီယာသမားများကို စတင်စိတ်ပျက်



မီဒီယာကို အလျှော့ပေးဆက်ဆံတတ်သည့် ပြန်ကြားရေးဒုဝန်ကြီး မီဒီယာသမားများကို စတင်စိတ်ပျက်နေပြီဖြစ်ကြောင်း ဦးရဲထွဋ်၏ ကိုယ်ပိုင် Facebook စာမျက်နှာတွင် ရေးသားထားသည်။ အမည်ဖော်ပြမထားသည့် ပြည်ပအခြေစိုက် သတင်းဌာန တစ်ခုမှ စိတ်ပျက်ဖွယ်အပြုအမူကြောင့် ဖြစ်ကြောင်း အောက်ပါအတိုင်း ရှင်းလင်းထားသည်။

ပြည်ပသတင်းဌာနကြီးရဲ့ မြန်မာပိုင်းအစီအစဉ်က သတင်းထောက်တစ်ဦးက ဖုန်းဆက်ပြီး ပြည်ထောင်စုလွှတ်တော်ခေါ်ယူတဲ့ကိစ္စမေးပါတယ်။ ဒါဟာ အခြေခံဥပဒေ ပြဋ္ဌာန်းချက်အရ အရေးပေါ်အခြေအနေကြေညာခဲ့တဲ့ ဥပဒေကဲ့သို့ အာဏာတည် တဲ့အမိန့်ကို အတည်ပြုဖို့ ဖြစ်တယ်လို့ဖြေတော့ သမ္မတက ဘာဖြစ်လို့ မိတ္ထီလာမှာ အရေးပေါ် အခြေအနေကို မရုပ်သိမ်းတာလဲ၊ လူတွေတောင် သူတို့ နေအိမ်တွေပြန်နေကြပြီမဟုတ်လားလို့ ဆက်မေးပါတယ်။

ဒါ့ကြောင့် အိမ်မပျက်စီးတဲ့သူများပြန်နေနိုင်ပေမယ့် ပျက်စီးနေအိမ်တွေကို ပြန်လည်နေရာချပေး ဖို့ ရှိသေးတယ်၊ ဒေသအခြေအနေတည်ငြိမ်အောင်လုပ်ဖို့ ရှိသေးတယ်လို့ ရှင်းပြခဲ့ပါတယ်။ ဒါပေမယ့် အခုအေးချမ်းနေပြီ ဘာလို့ မရုပ်သိမ်းရတာလဲဆိုတဲ့ မေးခွန်းကို ပဲ အကြိမ်ကြိမ် ထပ်မေးနေတော့ အတော်စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။

အစိုးရက လုံခြုံရေးကို အကာအကွယ်မပေးဘူးဆိုပြီးပြောတဲ့အထဲမှာ သူတို့ အသံလွှင့်ဌာနက ထိပ်ဆုံးကပဲ။ အရေးပေါ်အခြေအနေမရုတ်လို့ တပ်မတော်ကို ခေါ်သွင်းလာတယ်ဆိုပြီး အပြစ်တင်ချင်တဲ့သဘောပြောတော့လည်း သူတို့ပဲ၊ ရုပ်သိမ်းလိုက်လို့ နောက်ထပ်ပဋိပက္ခတွေဖြစ်လာရင်လည်း သူတို့ပဲ ရှေ့ဆုံးက အပြစ်တင်မှာသေချာတယ်။

သတင်းသမားတွေအပေါ် စိတ်ရှည်ရမယ်ဆိုတာသိပေမယ့် ဒီလိုအတင်းစွတ်စွဲမေးတာမျိုးနဲ့ ကြုံလာရင်တော့လည်း အတော်စိတ်ပျက်မိပါတယ်။


 ဟူ၍ဖြစ်သည်။

မြန်မာနိုင်ငံသို့ ခေတ္တပြန်ရောက်နေသော  Myanmar Media Watch ၏ အမှုဆောင် ဒါရိုက်တာလည်းဖြစ်သည့် Myanmar Express အယ်ဒီတာ ကတော့

"မြန်မာမီဒီယာသမားတွေအကြောင်းကို ဦးရဲထွဋ်က အခုမှ သိတာတော့ ဟုတ်မယ်မထင်ပါဘူး... ဒါပေမယ့် အခုတော့ တော်တော်လေးသိနေပြီပေါ့ဗျာ... အလွန်အင်မတန် တိကျမှန်ကန်ပြီး တဖက်လူကို ထိခိုက်အောင် လုံးဝ မလုပ်ဘူးဆိုတဲ့ ဝန်ကြီး ဦးအောင်ကြည်လည်း တစ်နှစ်အတွင်းမှာ တော်တော်လေး စိတ်ပျက်နေတာကို သတိထားမိတယ်ဗျ... ကျွန်တော်တို့က အစကတည်းက မီဒီယာသမားတွေအကျင့်ကို သိလို့ သူတို့နဲ့ထိုက်တန်တဲ့ အရေးအသားတွေနဲ့ပဲ တုန့်ပြန်နေတာပါ... သူတို့ကို အလျှော့ပေးဆက်ဆံပေမယ့် အကောင်းရေးမခံရဘူးလေ.. ကျွန်တော်တို့က သဘောထားတင်းတင်းဆက်ဆံတော့ ပိုပြီး မကောင်းရေးတာပေါ့... ကျွန်တော်တို့ Agency က Journalists တွေလည်း ပင်ပန်းနေလို့.. Myanmar Express ကို ရပ်နားဖို့ ကျွန်တော် အကြိမ်ကြိမ် စဉ်းစားပါသေးတယ်... အခုလို မီဒီယာတွေကြောင့် တိုင်းပြည်ပျက်မှာဆိုးတဲ့ စိတ်နဲ့ ဆက်လက်ရပ်တည်နေတာပါ... " ဟု ပြောခဲ့သည်။ 

မြန်မာမီဒီယာသမားများသည် ကိုယ်တိုင်ကျင့်ဝတ်သိက္ခာမရှိသည့်အပြင် သတင်းကို အရှိအတိုင်းတင်ပြဖို့ထက် ၎င်းတို့လိုသည့်ဖက်မှ ဆွဲယူ တင်ပြလေ့ရှိကြသဖြင့် အလျှော့ပေး ဆက်ဆံရန်မသင့်ဆုံး စာရင်းတွင် မီဒီယာ သမားများက ထိပ်ဆုံးမှ ပါဝင်ကြောင်း နှင့် အစိုးရအနေဖြင့် ကျင့်ဝတ် သိက္ခာမရှိသည့် မီဒီယာများကို သိက္ခာရှိရှိမတုန့်ပြန်သင့်ပဲ ၎င်းတို့၏ အပြုအမူနှင့် ထိုက်တန်သော Myanmar Express ကဲသို့ တုန့်ပြန်သင့်ကြောင်း ဝေဖန်မှုများရှိနေပါသည်။

 .. www.MyanmarExpress.net
 

5 comments:

ဟုတ်ပါတယ် myanmar express အ ရေးအသားတွေဟာ တကယ်ကို မီဒီယာ သမားတွေအတွက် အလွန်သင့်တော်တဲ့ အ ရေးအသားမျိုးပါ ME လို မီဒီယာမျိုး ကျွန်တော်တို့ နိုင် ငံ မှာ အများကြီး လိုအပ်ပါတယ်

Sunday, May 05, 2013
Myanmar Express Group


၈၈၈၈ ၊ ၂၀၀၇ စက်တင်ဘာ မှ ယနေ့ အဓိကရုဏ်း ကြီး/ငယ်၊ ဆန္ဒပြပွဲ ကြီး/ငယ် အတို့အထိ မီးလောင်ရာ လေပင့်ပေးသူများမှာ


၁/ မိုးသီးဇွန်း, ခင်ဥမ္မာ, ဝေနှင်းပွင့်သုန် စသော ပြည်ပရောက် ကြေးစား အတိုက်အခံများ

28 (70%)


၂/ ဧရာဝတီ, မဇ္ဈိမ, BBC, VOA, DVB, RFA စသော ပြည်ပအထောက်အပံ့စား မီဒီယာများ

24 (60%)


၃/ စာမတတ်၊ ကျောင်းမတတ်သည့် ၈၈ ကျောင်းသားကြီးများ

21 (52%)


၎/ ဒီမိုဖက်တီး, ခွန်ဒီးယမ် စသော နားတဖက်ပိတ် ဝါဒဖြန့် facebook များ

20 (50%)


၅/ အားတိုင်းဖွဲ့နေကြသည့် ၁၀ ယောက်တစ်ဖွဲ့ ကွန်ယက်များ

19 (47%)


၆/ အစိုးရရဲ့အောင်မြင်မှုကို လက်မခံနိုင်သည့် NLD ကဲ့သို့သော အတိုက်အခံပါတီဝင်များ

17 (42%)


၇/ Eleven, The Voice, The Ladies စသော အတင်းအဖျင်းမီဒီယာများ

15 (37%)


၈/ ခေါင်းစဉ်ပေါင်းစုံဖြင့် သမဂ္ဂများ

15 (37%)


၉/ သစ်ထူးလွင်, FNG, ဒေါက်တာလွဏ်းဆွေ စသော အတင်းဖွ blog များ

14 (35%)


Votes so far: 40
Days left to vote: 731


MyanmarExpress
May 05, 2013

မီဒီယာတွေကို အကြောင်းစုံ လိုက်ရှင်းပြစရာ အကြောင်းမရှိဘူး ဒီကောင်တွေက ကုလားတွေရဲ့ ပေးစာ
ကမ်းစာစားပြီး ပေါက်ကရ လျှောက်ပြောနေတဲ့ သူတောင်း
စားတွေလေ။

ကျေးဇူးတင်ပါတယ် me မြန်မာပြည်ကိုကယ်တင်အတွက်ပါ နောက်နောင်လဲ ကြိုးစားပါ အောင်မြင်ပါစေ
ဘာသာ သာသနာ နဲ့ လူမျိုးအတွက် စေတနာ နဲ့လမ်းမှန်
ပြပေးတာ အထူးကဲကျေးဇူးတင်ပါတယ်။

eleven နဲ့ The Voice တို့က
အယ်ဒီတာ နှစ်ကောင်ကို
မျက်နှာစေ့စေ့ကြည့်၊ နာမည်မေးပြီး
ပေါ်တင်ကြီး ရိုက်ချင်တယ်ဗျာ။
စောက်မြင်ကတ်တာထက်ပိုတယ်
ရွံ့စရာကောင်းလွန်းလို့။
( အညာဖိုက်တာ )

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်