From :
..MWD
.. www.MyanmarExpress.net
နေပြည်တော် မေ ၁၁
ရှမ်းပြည်နယ် မြောက်ပိုင်း၊
နမ့်ခမ်းမြို့နယ်၊ နောင်မတာနှင့် နောင်ခမ်း ကျေးရွာအနီး သောင်းကျန်းသူ
စခန်း တစ်ခုအား နယ်မြေခံ ကျေးရွာလူထု၏ သတင်း ပေးချက်အရ တပ်မတော်
လှုပ်ရှားစစ်ကြောင်း ၁ ကြောင်းမှ ၂၀၁၃ ခုနှစ် မေလ ၉ ရက်က ဝင်ရောက်ရှင်းလင်း
ခဲ့ကြောင်း သတင်း ရရှိပါသည်။
တပ်မတော် တာဝန်ရှိသူ များ၏ စိစစ်ချက်အရ
၂၀၁၃ ခုနှစ် မေလ ၁ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့် တွင် ရှမ်းပြည်နယ်
မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ နောင်ဟင်ရွာသို့ စာအုပ်များ၊
ရုပ်ပုံကားချပ်များ လှည့်လည် ရောင်းချသည့် ၅ ဦးအား လက်နက်ကိုင်
သောင်းကျန်းသူ ၁၀ ဦးခန့်က အကြောင်းမဲ့ လက်နက်ငယ်ဖြင့် ပစ်ခတ်၍ ၂ ဦးအား
ဖမ်းဆီး ခေါ်ဆောင်သွားသည့် သတင်းရလျှင် ရခြင်း အပြစ်မဲ့ ပြည်သူ ဖမ်းဆီး
ခံရသူများ ပြန်လည် လွတ်မြောက်စေရေး အတွက် တပ်မတော် စစ်ကြောင်းများက လိုက်လံ
ရှင်းလင်းရာ တင်းခါး ကျေးရွာအနီးတွင် သောင်းကျန်းသူ အဖွဲ့၏ အခွန်ကောက်
စခန်းအား မေလ ၅ ရက်နေ့တွင် လည်းကောင်း၊ ထပ်မံ၍ သောင်းကျန်းသူများ
အခြေချမှုကို မလိုလားသော၊ လက်သင့် မခံကြသော ဒေသခံ ပြည်သူများမှ
SSA(ရွက်ဆစ်)၊ ရင်း(၇၀၁)မှ အင်အား ၅၀ ခန့်သည် နောင်ခမ်းမြို့ အနီး နောင်မတာ
ကျေးရွာနှင့် မန်ကွန် ကျေးရွာကြားတွင် ရွာသားပိုင် လယ်မြေများအား အဓမ္မ
သိမ်းယူ၍ စခန်းတစ်ခု တည်ဆောက်လျက် ရှိကြောင်း၊ နမ့်ခမ်းဘက်မှ ရွှေလီမြစ်အား
ကူး၍ တရုတ် နိုင်ငံဘက်သို့ သွားရောက်သော သရီးကရောင်းယာဉ်၊ ထော်လာဂျီ
ယာဉ်များထံမှ တစ်စီးလျှင် တစ်သောင်းကျပ်နှုန်း ကောက်ခံလျက် ရှိကြောင်း၊
နယ်မြေ ရှင်းနေသည့် တပ်မတော် စစ်ကြောင်းသို့ လာရောက် သတင်းပို့ချက် အရ
လှုပ်ရှား တပ်မတော် စစ်ကြောင်းများမှ ဝင်ရောက် ရှင်းလင်းရာ မေလ ၉ ရက်နေ့
နံနက် ၄ နာရီခွဲမှ နေ့လယ် ၁ နာရီအထိ နောင်ခမ်းရွာ အနီး၌လည်းကောင်း၊ နံနက် ၈
နာရီခွဲခန့်မှ နေ့လယ် ၁ နာရီအထိ နောင်မတာ အနီး၌လည်းကောင်း
ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ညနေ ၂ နာရီချိန် စခန်းများအား
ရှင်းလင်းပြီးခဲ့ပါသည်။ အဆိုပါ ဖြစ်စဉ်များတွင် လက်နက် ၂ လက်၊
မိုင်းမျိုးစုံ ၃၄ လုံး၊ တီအမ်တီ ယမ်းတုံးများ၊ လက်ပစ်ဗုံးနှင့် ခဲယမ်း
အမြောက်အများ၊ မိုင်းခွဲရာတွင် သုံးစွဲသည့် ရီမုတ် ကွန်ထရိုးနှင့်
ဓာတ်ခဲများ၊ လမ်းလျှောက် စကားပြောစက်များ၊ ကွန်ပျူတာ နှစ်စုံနှင့် အဓမ္မ
စုဆောင်းထားသည့် ရိက္ခာဆန်များ၊ ၄င်းတို့ နေထိုင်သည့် အဆောက် အဦများနှင့်
လေ့ကျင့်ရေး ကွင်းများ၊ ကွန်ကရစ် ဘန်ကာနှင့် အသုံးအဆောင် ပစ္စည်း အချို့ကို
သိမ်းဆည်း ရရှိခဲ့ပါသည်။
ယခု သိမ်းပိုက် ရရှိခဲ့သည့် SSA
(ရွက်ဆစ်)၊ ရင်း(၇၀၁)စခန်းမှာ ငြိမ်းချမ်းရေး သဘော တူညီချက်ဖြစ် သည့်
ရှမ်းပြည်နယ် တောင်ပိုင်း မုံးထော်/မုံးထ နယ်မြေမှ ကျော်လွန်၍
လာရောက်တပ်စွဲ နယ်မြေချဲ့ထွင် သည့် စခန်းဖြစ်သည့် အပြင် ဒေသခံ
တိုင်းရင်းသားများ အပေါ် လူသစ် အဓမ္မ စုဆောင်းခြင်း၊ ဆက်ကြေးနှင့် အခွန်အခ
မတရား ကောက်ခံခြင်း တို့ကြောင့် ဒေသခံများ၏ သတင်းပေးမှု၊ လက်မခံမှု
များကြောင့် တပ်မတော်စစ်ကြောင်း များမှ ၀င်ရောက် ရှင်းလင်းခဲ့ကြောင်း သတင်း
ရရှိပါသည်။
တိုက်ပွဲ ဖြစ်ပွားချိန် အတွင်း မေလ ၉ ရက်
နံနက် ၈နာရီခွဲတွင် SSA (ရွက်ဆစ်) လက်နက်ကိုင် အဖွဲ့ တစ်ဖွဲ့သည်
မူဆယ်မြို့နယ်၊ (၁၀၅)မိုင် ရှောင်ကွင်း လမ်းပေါ်၌ အပြစ်မဲ့ ပြည်သူများအား
လက်နက်ငယ် များဖြင့် အကြောင်းမဲ့ ပစ်ခတ်ခြင်းကြောင့် ၁ ဦး သေဆုံးကာ၊ ၂ ဦး
ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် ည ၁၀ နာရီခွဲတွင် SSA (ရွက်ဆစ်) လက်နက်ကိုင်
အဖွဲ့မှ ပြောက်ကျား ယူနီဖောင်းဝတ် ၂ ဦးသည် မူဆယ် မြို့နယ်၊ နမ့်ပန်းနှင့်
နမ့်ဆွမ်းရွာ ကြားရှိ အမြဲကောင်း စိုက်ပျိုးရေး ခြံ၌ ခြံစောင့် မိသားစုအား
လက်နက်ငယ် များဖြင့် အကြောင်းမဲ့ ပစ်ခတ်ပြီး မီးရှို့ဖျက်ဆီးခြင်းကြောင့်
ခြံစောင့် သေဆုံး၍ ၄င်း၏ မိသားစုဝင် ၂ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်းများကို မေလ
၁၀ရက် နှင့် ၁၁ ရက်နေ့ထုတ် မြ၀တီ သတင်းစာ များတွင် သတင်း ဖော်ပြပြီး
ဖြစ်ပါသည်။
ငြိမ်းချမ်းရေး ရယူထားသော်လည်း
SSA(ရွက်ဆစ်) အဖွဲ့ဝင် တစ်ချို့၏ အပြစ်မဲ့ ပြည်သူများ အပေါ် တရား ဥပဒေမဲ့စွာ
လုပ်ဆောင် နေမှုများကြောင့် ဒေသခံများ အနေဖြင့် စိုးရိမ်စိတ် များ
ဖြစ်ပေါ်လျက် ရှိသဖြင့် တပ်မတော်မှ ဒေသခံ ပြည်သူများနှင့် ပူးပေါင်းပြီး
၎င်းနယ်မြေ အတွင်း ဆက်လက်ရှင်းလင်း ဆောင်ရွက် သွားရန် စီစဉ်လျက်
ရှိကြောင်းနှင့် ဖြစ်စဉ် များ ဖြစ်ပွား သည့် နေရာများသည် တရုတ်ပြည်သူ့ သမ္မတ
နိုင်ငံ နှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ နှစ်နိုင်ငံ နယ်စပ်အနီး
မိမိ နိုင်ငံဘက် အတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သော်လည်း ဖြစ်စဉ်များနှင့်
ပတ်သက်၍ နှစ်နိုင်ငံ ရင်းနှီး ချစ်ကြည်မှု မထိပါး စေရေးအတွက် နိုင်ငံခြား
ရေးဝန်ကြီး ဌာနမှ တစ်ဆင့် ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်း သတင်း
ရရှိသည်။



.. www.MyanmarExpress.net


7 comments:
မလုပ်ချင်လို့ကြည့်နေတာ ကြာပြီ။ပေါက် တယ်နော်။
၇ွှက်စစ်စခန်းလောက်တော့ သေနတ်တောင်မလိုပါဘူးဗျာ။လောက်လေး
ခွလောက် နဲ့၇တယ်။အေးဆေးပါ။
တပ်မတော် မလုပ်ချင်လို့နော်
သဘောပေါက်လား
ရန်သူမှန်ရင် ဘာသာလူမျိုးမခွဲခြားပဲချေမှုန်းရမယ်။
ဒါမှတပ်မတော်
ရွတ် ဆစ် ကော ဂန် ရှောင် ဂန် မော် လ နန် အား လုံး လီး ဘဲ
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်