From :
.. သမ္မတရုံး
၁။ ရာဘာသစ်များ ခုတ်လှဲ ထုတ်လုပ်ခွဲစိတ် သယ်ယူရောင်းချခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျ ထိန်းသိမ်းရန် လိုအပ်သော စီးပွားဖြစ် ထုတ်လုပ်ခြင်း အတွက် ခွဲစိတ်ခြင်းနှင့် သယ်ယူခြင်း လုပ်ငန်းစဉ်များမှ အပ အခြားမည်သည့် စီမံခန့်ခွဲမှု ကိုမျှ ဆောင်ရွက်ခြင်းမပြုဘဲ ပြည်ပသို့ တင်ပို့သည့် လုပ်ငန်းအပါအဝင် ကျန်ရှိသည့် လုပ်ငန်းများကို မြန်မာ့ နှစ်ရှည်ပင် လုပ်ငန်း၏ ထောက်ခံချက်ဖြင့်သာ ဆောင်ရွက် စေခဲ့ပါသည်။
၂။ သစ်နှင့် သစ်တောထွက် ပစ္စည်းများ ထုတ်လုပ်ခွင့်ပြုထားသည့် ဘီလ်ပြေစာ သက်တမ်း သတ်မှတ်ခြင်းကို ယခင်က မတ်လ (၃၁) ရက်နေ့အထိ သတ်မှတ်ထားခြင်းအား စတင်ထုတ်ပေးသည့် နေ့မှစ၍ (တစ်နှစ်) သတ်မှတ် ခွင့်ပြုခြင်း ဆောင်ရွက်စေ ခဲ့ပါသည်။
၃။ ၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ (၂၅၄) အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့များက အခွန်အခ ကောက်ခံရမည့် သစ်မာသစ်မျိုး (၁၀၄) မျိုးစာရင်းကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ် (၁၇/၂၀၁၃) အရ သတ်မှတ် ကြေညာခဲ့ပြီး အများပြည်သူများ သိရှိစေရန် သတင်းစာနှင့် မီဒီယာများတွင် သတင်းအဖြစ် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။
၎။ သစ်စက်လိုင်စင် သက်တမ်းကို ယခင်က နှစ်စဉ် အသစ်လဲလှယ် ဆောင်ရွက် နေရခြင်းအစား အိမ်တွင်းစက်မှုလက်မှု လုပ်ငန်းမှအပ ကျန်သစ်စက် အားလုံးအား လိုင်စင် သက်တမ်း (၅) နှစ် အထိ တိုးမြှင့် ဆောင်ရွက်ခွင့်ကို သစ်တောဦးစီးဌာန၊ ဌာနဆိုင်ရာ ညွှန်ကြားချက် အမှတ် ၁/၂၀၁၃ ဖြင့် ဆောင်ရွက်ရန် ညွှန်ကြားခဲ့ပြီး အများပြည်သူများ သိရှိစေရန် သတင်းစာနှင့် မီဒီယာများတွင် သတင်းအဖြစ် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။
၅။ ယခင်က တရားဝင် သစ်တောထွက်ပစ္စည်း မှန်ကန်ကြောင်း ထောက်ခံချက်ကို ကုန်သွယ်ရေး ပို့ကုန် လိုင်စင် လျှောက်ထား ရာတွင် တစ်ကြိမ်၊ အကောက်ခွန်ဦးစီးဌာန အတွက် တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် ရယူနေရခြင်းအစား အကောက်ခွန်ဦးစီးဌာန အတွက် တရားဝင် သစ်တောထွက်ပစ္စည်း မှန်ကန်ကြောင်း ထောက်ခံချက် တစ်ကြိမ်သာ ရယူစေရန် ဖြေလျော့ ဆောင်ရွက်ပေးခဲ့ပြီး အများပြည်သူများ သိရှိစေရန် သတင်းစာနှင့် မီဒီယာများတွင် သတင်းအဖြစ် ဖော်ပြ၍ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ကြော်ငြာသင်ပုန်းများတွင် ဖော်ပြအသိပေးခဲ့ပြီး ဖြစ်ပါသည်။
၆။ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ အရေးယူ ဆောင်ရွက်မှုအပေါ် မကျေလည်မှုများ၊ မေးမြန်း စုံစမ်းလိုသည်များ ရှိခဲ့ပါက ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့သို့ ထပ်မံပေးပို့အကြောင်းကြား နိုင်ပါကြောင်း ကြေညာအပ်ပါသည်။
ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများစွမ်းဆောင်ရည် အကဲဖြတ်အဖွဲ
.. www.MyanmarExpress.net

11 comments:
နယ် စပ် တွေ မှာ ငွေ ပေး ပြိး ခိုး ထု တ် နေ တာ ကို သေ ချာ လုပ် ရ မှာ ပါ။ က ချင် ပြည် နယ် မှာဆို တပ် ရဲ တွေ သ ဌေး ဖြစ် နေ ပြီ။ နယ် စပ် gate ထိုင် တဲ့ တပ် ရင်း မှုး ဗျူ ဟာမှုး တပပ် မ မှုး တွေ နဲ့  သက် ဆိုင် သူ တွေ ဘာ လုပ် နေ ကြ တယ် ဆို တာ အား လုံး သိ နေ ကြ တာ ဘဲ။ လာဒ် ယူ ပြိး ခိုး ထုတ် နေ ကြ တာ ဘဲ။ ထိုင်း တ ရု တ်နယ် စပ် က သစ် တွေ ကုန် ပြီ ။
မြစ် ကြီး နား ယုဇ န မှာ နေ တဲ့ ကို ညွန် ဝင်း က ပြောတယ် ဘယ် လို လုပ် လုပ် ရတယ တဲ့ သူ့ ရဲ့ သစ် ယဉ် တန်း တရုတ် ပြည် ကို သွား ဖို့ သစ် တွေ ကုန် ပြီတဲ့ သူ ပို့ နေ တာ က လည်း ကြာ ပြီ ဆို တော့ ဟဲဟဲ
စည်ပင်တွေ လည်းပြည်ထောင်စု လိုလို တိုင်း/ပြည်နယ်အစိုးရ လိုလိုနဲ့အနေ
အစားချောင်စွာ နဲ့ ထင်တိုင်းကြဲပြီး ပြည်သူတွေကိုဘာမှမလုပ်ပေးပဲ မြို့နယ်နဲ့
တိုင်းညှိပြီး ခိုးနေကြတယ်။
သေချာစစ်ကြပါ
ကလေးနဲ့ တမူးက ရဲတွေလို လုပ်နေတယ်
နယ်တွေမှာ စည်ပင်ကော်မတီတွေ အသက်ဝင်ပြီးဆောင်ရွက်သင့်နေပြီ
အဘသမ္မတကြီးက တော့ ဟောရပြောရနဲ့ ကျန်းမာရေးဂရုစိုက်ပါ။
အောက်တွေမှာကတော့ အာဏာရှင်ဆန်ဆန်လုပ်ပြီး စားနေတုန်းပဲ။
အဆိုးဆုံးက ရဲ တွေအုပ် စည်ပင်တွေပဲ။
အဲဒီအထဲမှာ ပထမ ဗိုလ်စွဲ တာက စည်ပင်တွေပါ။
အရင်က ပြည်ထောင်စုဝန်ကြီး ဒုဝန်ကြီး ညွှန်ချုပ်တွေနဲ့ ဒီလောက်ကြီးကြပ်
ထားတာကိုတောင် အဖွဲ့ပိုင်မြေတွေရောင်းစားတယ်
လေလံတွေမှာပေါင်းရိုက်တယ်
လုပ်ငန်းတွေကိုနဲနဲလောက်ပဲ လုပ်ပြီး ငွေလုံး သာမန်တွေ ကို အပျောက်ခိုး
ိ
တယ် ။ကားတွေအပြင်ပြပြီးမပြင်ဘူး။ အခွန်ကောက်ရင်လဲ ပြေစာ(2)မျိုးနဲ့
ကောက်တယ်။တိုင်းညွှန်မှုးနဲ့ EOအိမ်တွေ အမှိုက်လှည်းရမယ့် ဝန်ထမ်းတွေ
ကို အဝတ်လျှော် ထမင်းချက်လုပ်ခိုင်းထားတယ်။
ဝန်ကြီးချုပ်တွေကို အသေဖားပြီး အောက်က အရာထမ်းအမှူထမ်းတွေကို
တော့ နည်းလမ်းမျိုးစုံနဲ့ နှိပ်ကွပ်နေတာတွေ တွေ့ နေရတယ်
၂၀၀၈ ဖွုဲ့စည်းပုံအခြေခံ ဥပဒေအရ ကော်မတီတွေ အသက်ဝင်ဖို့လိုပြီ
တိုင်းစည်ပင်ဆိုတာ ရှိသင့်သလားသုံးသပ်ဖို့ လိုပြီ။
စည်ပင်ဝန်ကြီးတွေ ဈေးတွေ ရောက်ဖူးပါသလား?
လမ်းခင်းတဲ့ နေရာစစ်ဖူးပါသလား?
စည်ပင်ဝန်ထမ်းတွေနဲ့ ဘယ်နှကြိမ် ဆုံဖူးပါသလဲ?
ဥပဒေ Bye Laws ဆိုတာ ဘာလဲ ဆိုတာရော သိပါသလား?
ငွေတွေ ဘယ်လိုထုတ်နေသလဲဆိုတာသိပါသလား?
ဘာလုပ်ငန်းတွေ လုပ်နေသလဲဆိုတာသိပါသလား?
ကွင်းဆင်းစစ်ဖို့ တာဝန်မရှိဘူးလား?
ပေးတဲ့
စည်ပင်ဘဏ်ကနေအမည်ပြောင်းလာတဲ့ ဘဏ် ပြန်စီစစ်သင့်ပါတယ်
ဘဏ်ရှယ်ယာရှင်အစစ်ဖြစ်တဲ့ မြို့နယ်စည်ပင်တွေကို အာဏာရှင်လိုဆက်
ဆံပြီး ၃ လပါတ်ဘဏ်တိုးကို ဘဏ်ဝန်ထမ်းကောက်ရမှာကို မကောက်ပဲ
မြို့နယ်စည်ပင်တွေကို အနိုင်ကျင့်ပြီးကောက်ခိုင်းတာတွေ မဖြစ်သင့်ပါဘူး
အစိုးရဝန်ကြီးဌာနနဲ့ ချိတ်ဆက်ပြီးဖွင့်ခဲ့တဲ့ မွေးရေဘဏ်။ သမဝါယမဘဏ်။
တို့ ဟာ သူတို့ရဲ့ ဘဏ်ကိစ္စ ကို ဘဏ်မှာရှိတဲ့ ဝန်ထမ်းနဲ့ သာ လှူပ်ရှားသွား
ပါတယ် အခုတော စည်ပင်သာယာဘဏ် အမည်ပြောင်းထားတဲ့ ဘဏ်ရဲ့
အနိုင်ကျင့်တာတွေ EO ရဲ့ တာဝန်ဝတ္တရားမှာ မပါပဲ ငွေလျော်နေရတာတွေ
ဘဏ် လူကြီးတွေကတော့ လေအေးပေးစက်ခန်းမှာ ဆုံလည်ကုလားထိုင်
နဲ့ ငြိမ့်နေပြီး CCTV ကြည့်ပြီး ခေတ်သစ် ချစ်တီးတွေ ဖြစ်နေတယ်
အတိုးပေးတော့လည်း မြို့နယ်တွေ မရပါဘူး အထက်ကပဲ ခေါင်းစဉ်မျိုးစုံ
တပ်ပြီး ဘုန်းနေကြတယ် လျော်စရာရှိတော့ အငယ်တွေကို လွှဲချနေတယ်
မဖြစ်သင့် မလုပ်သင့်ပါဘူး။
ရှယ်ယာတွေကို ပြည်နယ်နဲ့ တိုင်းအလိုက်ပြန်ထုတ်ပေးသင့်ပါတယ်
အရင်က အနိုင်ကျင့်ပြီး ဓပြတိုက်ထားတာတွေပါ
သတ္တိရှိတယ် ပွင့်လင်းတယ်ဆိုရင် ရှယ်ယာရှင်စစ်စစ်တွေကိုခေါ်ပြီး လျှို့ဝှက်
ဆန္ဒယူကြည့်ပါ မှန်ကန်တဲ့အဖြေ ထွက်ပါမယ်။
ဘဏ်လူကြီးရဲ့ စားသောက်ဆိုင်ကြီးကတော့ နေပြည်တော်မှာတော်တော်
ကြီးလာပြီ
အဆဲကလဲပုတ် ဟိန်းဟောက်တာကလဲ တပါတ်စဉ်ထဲ သူငယ်ချင်တွေ
တောင်ချမ်းမပေးဘူး။
အဲ ဒါပေမယ့် မိန်းခလေးတွေကို သကြားလောင်းထားတဲ့ ဘူး ထနေတဲ့
မျက်နှာနဲ့ ဆက်ဆံတယ် လူတွေလဲသင့်နေပြီ
နယ်တွေမှာရှိတဲ့ စည်ပင်သာယာ ပြည်နယ်တိုင်း ညွှန်ကြားရေးမှူးတွေဟာ
ဝန်ကြီးချုပ်နဲ့ သာ အရာအားလုံး ဘောင်ဝင်ဝင် မဝင်ဝင် နေရာ တည်မြဲရေး
အားလုံးပေးပြီး အသေအလဲဖားနေတာ တော်တော်အကြည့်ရ ဆိုးနေပြီ။
မဟုတ်တာတွေ အကုန်လုပ်ထားပြီး စသုံးလုံး။ စာရင်းစစ် တွေကိုတော့
ခေါင်းစဉ်မျိုးစုံပြပြီး ပံ့ပိုးနေတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၈၈ ဇယား ၂ အရ တိုင်းဒေသကြီးနဲ့
ပြည်နယ်က ဘဏ္ဍာရေး စီမံခွ့င့်ရှိတာပါ ဝန်ထမ်းရေးရာ မှာ ပြည်ထောင်စု
ရာထူးဝန် ကဲ့သို့ကြီးကြပ်မှူ မရှိတော့ညွှန်မှူး အဆင့်တွေ တိုင်းခြား ပြည်နယ်
ခြားပြောင်းခွင့်တွေ မူတခုချသင့်တယ်။
စည်ပင်က ဘီးလူး ညွှန်မှူးတွေက အချင်းအပေါ် လူလဲစားတယ်။ ငွေလဲစား
တယ်။ သုသာန်မြေတွေလဲ စားတယ်။ သားသတ်ရုံ မြေလဲ စားတယ်။နောက်
ဖေးလမ်းကြားလဲစားတယ်။ ဈေးမြေလဲ စားတယ်။စည်ပင်ဘဏ်တိုးကို နယ်
တွေမပေးဘဲ ခေါင်းစဉ်မျိုးစုံပြပြီး ဝိုက်တယ်။အောက်က မြို့နယ်EO နေရာ အ
တွက် ဈေးအများဆုံး ကန်တော့နိုင်တဲ့ သူ ကိုယ်က ချယ်လှယ်လို့ ရမဲ့ လက်
ညိုးထောင် ခေါင်းညိမ် အရုပ် အမှူဆောင်အရာရှိတွေကို စည်ပင်ဝန်ကြီးရဲ့
MS လက်မှတ်ကလေး ယူပြီး ဘာမူမှမရှိဘဲ ထင်တိုင်းကြဲနေတာတွေ မဖြစ်
သင့်ပါဘူး။
အကောင်းဆုံးကတော့ ထောက်လှမ်းရေးသတင်းကို ရယူပြီး အထူးကိစ္စ တရပ်
အနေနဲ့ နေရာတွေ ပြောင်းသင့်နေပြီ။
တရားရုံးမှာလဲ ယခင်ဥပဒေ ၅/၉၃ နဲ့ အရေးယူ ရမှာလား လွတ်တော်တွေမှာ
အတည်ပြုထားတဲ့ စည်ပင်ဥပဒေနဲ့ လုပ်ရမလားဆိုတာ အခက်တွေ့နေတယ်
စည်ပင်သာယာနဲ့ ပါတ်သက်ပြီးပေါက်ကွဲ နိုင်သဖြင့် မူတခုချပြီး ကိုင်တွယ်သင့်
ပြီ။
စည်ပင်ကော်မတီတွေ အသက်ဝင်သင့်ပြီ
စည်ပင်ကော်မတီတွေ အသက်ဝင်သင့်ပြီ
စည်ပင်ကော်မတီတွေ အသက်ဝင်ပြီး ရုံးထိုင်သင့်ပြီ
သိနမး ၅၀ အထက် ငွေ လုံးလုပ်ငန်းတွေ အိပ်ဖွင့်တင်ဒါ ပေးသင့်ပါတယ်
ငွေထုတ်တိုင်း ၂၀% တောင်းနေတဲ့ ညွှန်မှူးတွေ မထားသင့်တော့ဘူး
စည်ပင် ဝန်ကြီးတွေ က အရုပ် ဇာတ်ပွဲထဲက ဝန်ကြီးတွေ ဖြစ်နေတယ်။
စည်ပင်ညွှန်မှူး စားဖားတွေမထား သင့်တော့ဘူး
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်