From :
..popular
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပပြီးစီးခဲ့သည့် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ကမ္ဘာ့နာမည်ကြီး ရုပ်သံဌာနတစ်ခုဖြစ်သည့် CNBC ရုပ်သံမှ လာရောက်၍ တိုက်ရိုက်ထုတ်လွှင့်မှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အမေရိကန်အခြေစိုက်စီးပွားရေးအထူးပြုရုပ်သံဌာနတစ်ခုဖြစ်သော CNBCသည် နေပြည်တော်တွင် ဇွန် ၅ ရက်မှ ၇ ရက်နေ့အထိ ကျင်းပခဲ့သော ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်ကာ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေကြသော ကုမ္ပဏီများ၏ အမှုဆောင်အရာရှိချုပ်များနှင့် သီးသန့်အင်တာဗျူးများအပါအဝင် ရုပ်သံအစီအစဉ်များကို တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။
ထို့အပြင် ကမ္ဘာ့စီးပွားရေးဖိုရမ်ကျင်းပနေစဉ်ကာလအတွင်း ဇွန် ၄ ရက်နေ့က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် CNBCထိပ်သီးဆွေးနွေးပွဲကို ကျင်းပကာ ရုပ်သံတိုက်ရိုက် ရိုက်ကူးထုတ်လွှင်ခဲ့သည်ဟုလည်း သိရသည်။
CNBC ထိပ်သီးဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးနိုးထမှုအကြောင်းကို Ya Strategic Holdings မှ Serge Pun, Cho Choကုမ္ပဏီမှ ဦးဝေဖြိုးနှင့် YGA Capital မှ ဦးသူရကိုကိုတို့ က ဆွေးနွေးခဲ့ကြသည်။
.. www.MyanmarExpress.net

1 comments:
၂ ၀ ၁ ၅ မှာ လည်း ပြည် ခိုင် ဖြိုး အ စိုး ရ အောင် မြင်
ပါ စေ ကြို ဆို မျှော် လင့် နေ လျှက် ပါ
သ မ္မ တ ကြီး ကျန်း မာ ချမ်း သာ ပြီး နိုင် ငံ့ အ ကျိုး ဆ
ထက် တ ပိုး ထမ်း ဆောင် နိုင် ပါ စေ
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်