၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၅၉။(စ) မပြင်သင့်ကြောင်းနဲ့ ပြင်ဆင်လိုက်ပါက တိုင်းပြည် ဒုက္ခရောက်သွားမည်ဖြစ်ကြောင်း ဥရောပရောက် သိပ္ပံပါရဂူ ဒေါက်တာငြိမ်းချမ်း ပြောဆိုထားတဲ့ ဗွီဒီယိုများ Internet နဲ့ Facebook စာမျက်နှာတွေမှာ ပျံ့နှံ့နေတာ တွေ့ရပါတယ်။
“၅၉ ဆိုတာ ဒီလိုရှိတယ်ဗျ… အပျော်လျှောက်ပြီးတော့ ထည့်ထားတာ မဟုတ်ဘူး… အဲဒါ.. ကျွန်တော်တို့ရဲ့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်.. ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲတုန်းက အချက်ကို အခြေခံပြီးထည့်ထားတာ.. အဲဒီ ၅၉ (စ) လုံးက ဗိုလ်ချုပ်အောင်ဆန်း ထည့်ထားတဲ့ ဥပဒေနဲ့ စာရင် အများကြီး ပျော့ပြောင်းနေတယ်…” လို့ ဒေါက်တာ ငြိမ်းချမ်းက ပြောထားပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား မိုက်ကယ်အဲရစ် အခုချိန် သက်ရှိ ထင်ရှားရှိနေပါက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်သွားလျှင် နိုင်ငံတော် အခမ်းအနားတွေမှာ ဗြိတိန်လူမျိုး မိုက်ကယ် အဲရစ်ကြီးမှ မျက်နှာဖြူကြီးနှင့် ပုဆိုးကြီးဝတ်ကာ အခမ်းအနား တက်မည့်အကြောင်း၊ အလားတူ သားနှစ်ဦးလုံးကလည်း မြန်မာတိုင်းရင်းသား ရုပ်ရည်မရှိ၊ မြန်မာစကား နားမလည်၊ ပုဆိုး မဝတ်တတ်ပဲ နိုင်ငံတော် အခမ်းအနားတွေမှာ မြန်မာပြည်သူ့ရှေ့တွင် မိန့်မိန့်ကြီး အကြည်ညို ခံတော့မယ့် အကြောင်းကို အခုလိုပြောခဲ့ပါသေးတယ်
“ကျွန်တော် တစ်ခုမြင်ယောင်မိတယ်ဗျာ.. ၅၉(စ) လည်း ပြင်လိုက်လို့ရမယ်.. ဦးမိုက်ကယ်အဲရစ်ကြီးလည်း သက်ရှိ ထင်ရှားရှိအုံးမယ်.. ဒေါ်စုလည်း သမ္မတကြီးဖြစ်သွားမယ်ဆိုရင်… အခါကြီး ရက်ကြီး.. ပြည်ထောင် စုနေ့တွေ.. နိုင်ငံတော် အခမ်းအနားတွေ တက်တဲ့အချိန်မှာ.. သမ္မတခင်ပွန်းကြီးက အနောက်တိုင်း ဝတ်စုံ ဝတ်မလား… တောင်ရှည် ပုဆိုးကြီးဝတ်မလား… မျက်နှာဖြူကြီးနဲ့ တောင်ရှည်ပုဆိုးကြီးနဲ့တော့ ကြည့်ကောင်း အုံးမယ်… " လို့ ဆိုပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို အလုပ်လုပ်တာဆိုလို့ ဟိုနေရာသွား ဆုယူ၊ ဒီနေရာသွား ဆုယူတာပဲ တွေ့ရကြောင်း၊ နောက်တစ်ခု အားသွန်ခွန်စိုက် လုပ်တာဆိုလို့ ၅၉(စ) ကိစ္စသာ ဖြစ်ကြောင်းလည်း ပြောဆိုသွားပါတယ်။ ဗိုလ်ချုပ်နာမည်ကို လိုလျှင် တမျိုး၊ မလိုလျှင် တစ်မျိုး လုပ်စားပုံကိုလည်း
“တစ်ခုခုဆိုရင် ဖေဖေက ဘယ်လိုပြောခဲ့တာ… ဖေဖေက ဘယ်လို… ဆိုပြီး အန်တီကပြောတယ်.. အဖေကို အရမ်း.. ကိုးကားတယ်… ၅၉(စ) လို ဥပဒေမျိုးကို အန်တီ့ အဖေကိုယ်တိုင် ရေးဆွဲခဲ့တာကြတော့.. မပြောတော့ ဘူးလား… ကုလားကို.. ကုလားလို့ အန်တီ့ အဖေကိုယ်တိုင် ခေါ်ခဲ့တာကိုကျတော့ မပြောတော့ဘူးလားဗျ… အန်တီက လိုရင်တမျိုး မလိုရင်တမျိုးနဲ့ လူကြီးနာမည် အလွဲသုံးစားလုပ်နေတယ်..” လို့ ထောက်ပြပါတယ်။
၅၉(စ) ပြင်လို့ တစ်နိုင်ငံလုံး မျိုးမစစ်အောက် ရောက်သွားမယ်ဆိုရင် အန္တရာယ် ကြီးလေးကြောင်း၊ အရည် အချင်းမရှိတဲ့ မင်းကိုနိုင်ကို မယုံကြည် သင့်ကြောင်း မှတ်ချက်ပေးပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်း စုကြည်ရဲ့ အမေ ဒေါ်ခင်ကြည်ဟာ အိန္ဒိယမှာ သာမက၊ သီရိလင်္ကာမှာလည်း တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်က သီရိလင်္ကာကိစ္စကို ဖုံးကွယ်နေကြောင်း.. ဒေါ် ခင်ကြည် ဟာ သိရိလင်္ကာ မှာ လူသတ်ခဲ့ကြောင်း.. ဦးနေဝင်းက ဖုံးကွယ်ပေးထားကြောင်း ဖော်ထုတ်ခဲ့ပါတယ်။ ဒါ့အပြင် ပုဒ်မ ၅၉(စ) လို ဥပဒေမျိုးမှာ ကမ္ဘာ့နိုင်ငံ အများအပြားမှာ ရှိကြောင်းနဲ့ ဒေါ်အောင်ဆန်း စုကြည်ဟာ သမ္မတ အတော်ဖြစ်ချင်နေတဲ့ ပုံစံတွေ့နေရကြောင်း၊ ဏာရူးသလား ဟု ပြေည်သူတစ်ဦးအနေနဲ့ မေးချင်ကြောင်း.. ၅၉(စ) ပြင်လိုက်ပါက ရွှေတိဂုံစေတီမှ ကြေးစည်သံမကြားရပဲ… ကုလား ဗလီ ဟစ်သံများ ကြားရမှာဖြစ်ကြောင်း… မျိုးမစစ်များ သမ္မတဖြစ်လာတော့မှာဖြစ်ကြောင်း စသည်ဖြင့် သတိပေးပြောကြား ထားပါတယ်။
လက်တလောအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားသားမိသားစု သမ္မတဖြစ်ခွင့် ဆိုင်ရာ ပုဒ်မ ၅၉(စ) ပြင်ဆင်နိုင်ရန် အတွက် အတားအဆီးဖြစ်နေသော ပုဒ်မ ၄၃၆ ကို ပြင်ဆင်ဖို့ ကြိုးစားနေပြီး အသေအချာ နားမလည်တဲ့ ပြည်သူများထံမှ မဲဆန္ဒတွေ ကောက်ခံနေကြောင်း သတင်းရရှိပါတယ်။
.
. www.MyanmarExpress.net


.jpg)

10 comments:
ဟုတ်ပါတယ် ပြော ချင် တာတွေများလို့ နောက်မှ ရေးတော့မယ် ဒေါ်စု သမတ လုံးဝမဖြစ် ရဘူး
That's right
ဒေါ်ခင်ကြည် သီရိလင်္ကာမှာ လူသတ်တဲ့ကိစ္စအကြောင်းလေးသိပါရစေ။ သိသလောက် share ပေးစေလိုပါတယ်။ ဒီဥပဒေကို ဗိုလ်ချုပ်ကိုယ်တိုင် လိုအပ်လို့ထဲ့ဆွဲခဲ့တာကို တော့သိပါတယ်။ အဖေကလက်နဲ့ရေး သမီးက ခြေနဲ့ဖျက်ရင်တော်သေး အခုတော့ ------ နဲ့ဖျက်ခဲ့တာတွေ တော်တော်များနေလို့ ဘာမှမပြောလိုတော့ပါဘူး။
လူလိမ်တွေရဲ့ ထောင်ချောက်ထဲပြည်သူတွေမကျရောက်ဖို့ ဒီလိုစာတွေများများရေးတင်ဖြန့်ကျပါ။
အာဏာရှင် အာဏာရူး ဖာစုမြွေပွေးကိုက် သေပါစေ
အဲ ဒီ အာ ဏာ ရူး အ ဖွား ကြီး ကို အ ချုပ် ထဲ ပြန် ထည့် ထား တာ ပဲ ကောင်း ပါ တယ်။
အာဏာရူးပြီး သမတလုပ်ချင်လွန်းလို့ အရူးချီးပန်းလျှောက်လုပ်နေတာယုံမိတဲ့ လဘာဂျာတွေခံရအုံးမယ်။
ဒေါ် ခင်ကြည် ဟာ သိရိလင်္ကာ မှာ လူသတ်ခဲ့ကြောင်း..
I want to know detail about this case.
it doesn't matter who become the president it wont change much.Burma is a shit hole and its getting deeper everyday.
တစ်ကယ်ကောင်းတဲ့ ပြောချက်တွေပါ စေ့စေ့တွေးတွေးရင်သိပါတယ်
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်