From : ခေတ်လူငယ်
 Myanmar Express 
  နှစ်သစ်ကူးရုံးပိတ်ရက်များအတွင်း နိုင်ငံခြားငွေ  လဲလှယ်ရေးကောင်တာများနှင့် ATM စက်များအား ဖွင့်လှစ်ပေးမည်မဟုတ်ကြောင်း  ဘဏ်လုပ်ငန်း အသိုင်းအ၀ိုင်းမှ သိရသည်။ ယင်းကာလအတွင်း Exchange  ကောင်တာများနှင့် ATM စက်များ ပိတ်ထားခြင်းကို ဘဏ်များအားလုံး  ညှိနှိုင်းဆုံးဖြတ်ပြီးဖြစ်ကာ သင်္ကြန်အတက်နေ့ (ဧပြီ ၁၆ ရက်)နေ့  နောက်ပိုင်းတွင် ဖွင့်လှစ်နိုင်သည်ဟု ဆုံးဖြတ်ထားကြောင်း သိရသည်။ “Exchange  ကောင်တာတွေနဲ့ ATM စက်တွေကို ရုံးပိတ်ရက်ရှည်မှာ ဖွင့် မဖွင့်ဆိုတာကတော့  သက်ဆိုင်ရာ ဘဏ်တွေရဲ့ အပိုင်းပါ။ သူတို့အနေနဲ့ ဖွင့်ချင်တယ်ဆိုလဲ  ဖွင့်လို့ရတယ်” ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။  “ဘဏ်အားလုံးက ဖွင့်မယ်ဆိုလဲ ဖွင့်မှာပေါ့။ တစ်သဘောတည်းပါပဲ။ အခု  ဘဏ်တွေအားလုံးရဲ့ ဆုံးဖြတ်ချက်အရ ပိတ်ဖို့ပဲများပါတယ်။ သင်္ကြန်နောက်ပိုင်း  ဖွင့် မဖွင့်ကတော့ Confirm မဖြစ်သေးဘူး” ဟု ကမ္ဘောဇဘဏ် လီမိတက်မှ မန်နေဂျင်း  ဒါရိုက်တာ ဦးသန်းချိုက ပြောသည်။ သို့ဖြစ်ရာ ဧပြီ ၁၀ ရက်အထိသာ  နိုင်ငံခြားငွေလဲလှယ်ရေး ကောင်တာများနှင့် ATM စက်များကို ဘဏ်များအားလုံး  ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း  သိရှိရသည်။



0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်