Subscribe to our RSS Feed

ကမ္ဘာ့သြဇာအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းတွင် သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အဆိုပြုခံရ

From : ခေတ်လူငယ်
  
၂၀၁၂ ခုနှစ်၏ ကမ္ဘာသြဇာတိက္ကမ အကြီးမားဆုံးပုဂ္ဂိုလ် ၁၀၀ စာရင်းအတွက် မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ကြားဖြတ်ရွေးကောက်ပွဲတွင် နေရာအတော်များများ အနိုင်ရသော NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ကို Time မဂ္ဂဇင်းက အဆိုပြုထားကြောင်း သိရသည်။ ဧပြီလ ၆ ရက်တွင် မဲပေးရက် ပိတ်သိမ်းမည်ဖြစ်သော အဆိုပါ ပုဂ္ဂိုလ် ၁၀၀ အတွက် www.time.com/time/ ဝက်ဘ်ဆိုက်တွင် ဝင်ရောက်မဲပေးနိုင်မည်ဖြစ်ပြီး ဧပြီလ ၁၇ ရက်တွင် ယင်းစာရင်းကို ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။


 သမ္မတကြီးဦးသိန်းစိန်အား မဲပေးလိုသူများ ယခုနေရာတွင်  မဲပေးနိုင်ပါသည်။

 မြန်မာနိုင်ငံနိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ကို ရွေးချယ်အဆိုပြုရခြင်းမှာ ရုရှားနိုင်ငံမှ တစ်ဦးတည်းသော ပြုပြင်ပြောင်းလဲရေးသမား သမ္မတဟောင်း မီးခေးဂေါ့ဘာချော့နှင့် နှိုင်းယှဉ်ထားပြီး တစ်ကမ္ဘာလုံး အံ့သြလောက်အောင် ယုံကြည်ချက် အကျဉ်းသားများ လွှတ်ပေးခဲ့မှု၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခဲ့မှုတို့ကြောင့် ဖြစ်ကြောင်း သိရသည်။


 ဒေါ်အောင်ဆန်းစုကြည်အားမဲပေးလိုသူများ   ယခုနေရာတွင်   မဲပေးနိုင်ပါသည်။
  
 ဒေါ်အောင်ဆန်းစုကြည်ကိုမူ ဒီမိုကရေစီပြယုဂ် တစ်ခုသဖွယ် တင်စားထားကာ ဧပြီလ ၂ ရက်အထိ အဆိုပြုထားမှုများအရ သမ္မတဦးသိန်းစိန်ကို ထောက်ခံမဲပေးသူ ၇၀ ဒသမ ၀၅ ရာခိုင်နှုန်းနှင့် ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးသူ ၉၃ ဒသမ ၂၇ ရာခိုင်နှုန်း အထိ ရှိခဲ့ကာ သမ္မတဦးသိန်းစိန်မှာ ပထမဆုံးအကြိမ် ပါဝင်လာခြင်းဖြစ်ကြောင်း သိရသည်။ ယင်းစာရင်းအတွက် နိုင်ငံတကာမှာ ကမ္ဘာကျော်ပုဂ္ဂိုလ်များဖြစ်သော အဆိုတော် အဒဲလ်နစ်ကီမနော့၊ ရီးဟားနား၊ ဘီယွန်းစေး၊ လေဒီဂါဂါနှင့် တရုတ်နိုင်ငံ ဒုတိယသမ္မတ Xi Jinping( ရှီဂျင်းဖင်)၊ မြောက်ကိုရီးယား ခေါင်းဆောင်သစ် ကင်ဂျုံအွန်၊ ဟီလာရီကလင်တန်၊ ဗလာဒီမာပူတင်၊ ဘာရက်အိုးဘားမား၊ မစ်ရှယ်အိုဘားမား၊ နီကိုလပ်ဆာကိုဇီ၊ ဘတ်စကတ်ဘောသမား ဂျာရမီလင်း၊ လီယွန်နယ်မက်ဆီ၊ အမေိရိကန်အိုင်ဒဲလ်မှ ရိုင်ယန်စီးဂရက်၊ အိုပရာဝင်းဖရေး၊ ဂျော့ကလူနီနှင့် Facebook တည်ထောင်သူ မာ့စ်ဇူကာဘတ်တို့လည်း လျာထားစာရင်းတွင် ပါဝင်ကြောင်းသိရှိရသည်။

Myanmar Express 

2 comments:

နှစ်ယောက်စလုံးက မြန်မာ ဖြစ်နေတာကြောင့်.. နှစ်ယောက်လုံးကို မဲပေးလိုက်ပါတယ်... တကယ်လည်း နှစ်ယောက်စလုံးကို လေးစားပါတယ်... နှစ်ယောက်ပေါင်းပြီး ကောင်းအောင် လုပ်နိုင်ရင် ... တိုးတက်အောင် လုပ်နိုင်ရင် အကောင်းဆုံးပါပဲ....တစ်ဦးတည်း စွမ်းလို့ မှ မရတာ....

ဂျီးစုကို ကန့်ကွက်မဲပေးမယ်ကွာ...ဆိုင်လာတိုင်းပေးမယ်
တခြားဘယ်သူရရ သူမရရင် ပီးရော... စောက်ကျက်သရေမရှိလို့
1.သမ္မတကြီးကိုမဲပေးလိုက်မယ်
2.ဘာကာအသင်းပရိတ်သတ်မို မက်ဆီကိုမဲပေးလိုက်မယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်