Subscribe to our RSS Feed

နိုင်လည်းနိုင်၊ တိုင်လည်းတိုင် ၊ ကော်မရှင်မှာစာတင်တဲ့ NLD


ဧပြီလ(၁)ရက်နေ့မှာ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲကြီးကတော့ အောင်မြင်စွာပြီုးဆုံးသွားပါပြီ။ အနိုင်ရရှိသူများအနေနဲ့ပျှော်ရွှင်ပြီး အရှုံးပေးလိုက်သူများအနေနဲ့လည်း ကျေနပ်စွာဂုဏ်ယူနေ ကြတယ်လို့ သိရပါတယ်။ NLDနိုင်ခဲ့တဲ့အတွက် တရားမျှတတဲ့ ကြားဖြတ်ရွေးကောက်ပွဲကြီးကို ကျင်းပပေးနိုင်ခဲ့တယ်လို့ နိုင်ငံတကာအနေနဲ့လည်း အသိအမှတ်ပြုခြင်းခံထားရပါတယ်။ NLD ပါတီအနေနဲ့ ၀င်ရောက်ယှဉ်ပြိုင် ခြင်းမရှိတဲ့နေရာနဲ့ လားရှိုးမဲဆန္ဒနယ်နေရာကလွဲလို့ နေရာအားလုံး အနိုင်ရရှိပါတယ်။ ဒါပေမယ့် အနိုင်မရခင်မှာ(မဲပေးနေတုန်းအချိန်) မတရားဘူးလို့အော်နေတဲ့ NLD၊ ရွေးကောက်ပွဲကော်မရှင်ကိုအမျိုးမျိုး ပြစ်တင်ဝေဖန် နေတဲ့ NLD ၊ မဲစာရွက်တွေကို ဖယောင်းသုတ် ပါတယ်ဆိုပြီး NLD က ရွေးကောက်ပွဲကော်မရှင်ကို စာတင်ခဲ့တယ်လို့သိရပါတယ်။

NLD လွှတ်တော်အမတ်လောင်းတွေအနေနဲ့ မဲနိုင်ဖို့ကိုသာ အဓိကတားပြီး လုပ်ဆောင် သွားတာ ကိုတွေ့နိုင်ပါတယ်။ ပြည်သူတွေ၊ အလုပ်သမားတွေရဲ့ အကျိုးစီးပွားကို လုပ်ဆောင် ပေးမယ်ဆိုတဲ့ NLD လွှတ်တော်အမတ်တွေရဲ့စကားတွေက တကယ်အစစ်အမှန်လားဆိုတာ ရွေးကောက်ပွဲ မဲပေးမှုတွေကနေသက်သေခံနေပါတယ်။ တရားမျှတမှုရှိ/မရှိဆိုတာ ရွေးကောက်ပွဲပြီးမှ သိရမှာပါဆိုတဲ့ စကားတွေက ပြည်သူ့အကျိုးလား NLD မဲနိုင်ပြီး အာဏာရရှိရေးလားဆိုတာကတော့ တွေးကြည့်ရင် ပြေးကြည့်တာထက်တောင်မြင်နိုင်ပါတယ်။ မြင်အောင်မကြည့်တတ်ရင်တော့လည်း သိပ်ကို ၀မ်းနည်းစရာကောင်းတဲ့အဖြစ်တွေ မကြာခင် မြင်လာရတော့မယ်ဆိုတာ ကြိုတင်ဟောကိန်း ထုတ် လိုက်ပါတယ်။


NLD အမတ်လောင်း ဒေါ်စန္ဒာမင်း

ACE ကုမ္ပဏီက သူ့ဝန်ထမ်းသူ မနက်စာကျွေးတာ၊ မဲလာပေးလို့ဆုံးရှုံးသွားတဲ့လုပ်အားအတွက် နေ့ တွက်စရိတ်ပေးတာတွေက၀န်ထမ်းတွေအပေါ်သိတတ်တဲ့အလုပ်ရှင်တစ်ဦးရဲ့စေတနာတွေပါ။ဒါကို ဒေါ်စန္ဒာမင်း အနေနဲ့ မလုပ်သင့်ဘူးလို့ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်ဦးဝင်းဌေးကတော့ ၀န်ထမ်းတွေကို နံနက်စာကျွေးတာပါလို့ပြောကြားခဲ့ပါတယ် .. မဲပေးသူ ပြည်သူအနေနဲ့ ဒေါ်စုကြည်ရဲ့ ပါတီက ကိုယ်စားလှယ်ဆိုရင်ပြီးရောဆိုပြီး အပေါ်ယံအတွေးအခေါ်နဲ့ NLD ကို မဲပေးခဲ့လို့ ဒေါ်စန္ဒာမင်းဟာ ၈၈ မျိုးဆက် ဌေးကြွယ်နဲ့ ဖောက်ပြန်ခဲ့ပေမယ့် လွှတ်တော်အမတ်လောင်းတစ်ဦး ဖြစ်လာခဲ့ပါပြီ။ ဒီအချက်ကတော့ မြန်မာပြည်သူလူထု အတွက် အရမ်းကိုရင်နာစရာကောင်းပါတယ်။


သုံးခွမြို့ NLD အောင်နိုင်ရေးကော်မတီက ဦးမျိုးတင့်

NLD အလံတွေကို ကားတွေ၊ ဆိုင်ကယ်တွေမှာ မခွာသေးလို့ ကြံ့ခိုင်ရေးကပြောတော့ တစ်မြို့လုံးဖြုတ်ဖို့ ကြေငြာပြီးသားပါတဲ့၊ မဖြုတ်တာကြောင့် အရေးယူလဲမတတ်နိုင်ဘူးဆိုပဲ၊ ဘယ်လောက်တောင်တာဝန်မဲ့တဲ့ စကားပါလဲ၊ ဒီတံဆိပ်တွေကို ရောင်းတာဘယ်သူလဲ၊ ဖြန့်ဝေတာဘယ်သူလဲ။ ကိုယ်လုပ်တဲ့အလုပ်သေးသေး လေးတွေတောင် တာဝန်မယူနိုင်တဲ့ NLD ပါ။ ဘယ်လိုများ မြန်မာနိုင်ငံသူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပြီး ရှေ့ဆက်ကြမလဲ ဆိုတာတော့ ရင်လေးစရာပါပဲ။

ရွေးကောက်ပွဲမနိုင်ခဲ့ရင် ဒီအချက်တွေနဲ့ တိုင်မယ်ဆိုတဲ့ NLD ရဲ့ ကြိုတင်လုပ်ရပ်တွေနဲ့ တရားမမျှတဘူးလို့အော်ဖို့ အခွင့်ကောင်းကို ချောင်းနေခဲ့တာကတော့ ကြံ့ခိုင်ရေးကိုယ်စားလှယ်လောင်းတွေ အတုယူသင့်တဲ့ အချက်တွေပါပဲ။ အဲဒါတွေကတော့-

(၁) မော်လမြိုင်မြို့ ရွှေတော်ရပ်ကွက်မှာ မဲစာရင်းမှားခြစ်မိလို့ မဲကို မလဲပေးတဲ့မဲရုံတွေ များတယ်လို့အော်ခဲ့တဲ့ NLD တကယ်တန်းမဲစစ်ကြည့်တော့နိုင်သွားခဲ့ပါတယ်တဲ့။
(၂) ပခုက္ကူမြို့ မဲရုံနံပါတ်(၆)မှာလည်း ပြည်ခိုင်ဖြိုးပါတီက မဲဆွယ်စည်းရုံးနေပါတယ်ဆိုတဲ့ NLD အောင်နိုင်ရေးပါတီဝင် ဒေါ်မူမူခိုင်ရဲ့ အော်ချက်တွေကလဲ လန်ထွက်နေပါတယ်။ NLD များ မနိုင်ခဲ့ရင် ပြည်ခိုင်ဖြိုးအပါအ၀င် ပြိုင်ဘက်ပါတီများအနေနဲ့မတွေးဝံ့စရာပါပဲ။
(၃) ပုလဲမြို့နယ်၊ ညောင်တုန်းကျေးရွာက NLD လူငယ်တွေက ပြည်ခိုင်ဖြိုးကလူငယ်တစ်ဦးကို ဓား နဲ့ထိုးလို့ သေသွားခဲ့ရတာရော NLD ဘာလုပ်ပေးမှာလဲ။ လူနည်းစုပဲရှိတဲ့ပါတီအပေါ်မှာတောင် အကောင်းမမြင်နိုင်တဲ့ NLD မြန်မာပြည်သူလူထုအတွက် လုပ်ပေးအုံးမတဲ့ဗျာ။ ကြေးစည်လေး တီးလိုက်မယ်။ မထင်……ထင်….ထင်….ထင် မထင်လို့…..။
(၄) မိတ္ထီလာမှာ ကြံ့ခိုင်ရေးကမဲအပြတ်အသတ်နဲ့ နိုင်ပါတယ်ဆိုပြီး NLD က ဦးဝင်းထိန်ကြီးက လွှတ်တော်အမတ်ဖြစ်သွားတာဘာကြောင့်လဲ?
(၅) မော်လမြိုင်ပြည်တော်သာရပ်ကွက်မှာ မဲစာရွက်တွေဖယောင်းသုတ်ခံရတယ်ပြောပြီး NLD ဘာကြောင့် မဲအများကြီးရနေရတာလဲ?
(၆) ၁၉၉၀ ရွေးကောက်ပွဲတုန်းက အရှုံးကြီးရှုံးခဲ့တဲ့ မအူပင်မြို့နယ်မဲဆန္ဒနယ်မှာ NLD နိုင်ခဲ့တာ ဘာကြောင့်လဲ?
(၇) လှည်းကူး၊ သီတာအေးရပ်ကွက်မှာ ဇနီးဖြစ်သူက ကြံ့ခိုင်ရေးပါတီဝင်ဖြစ်ပြီး မဲရုံတာဝန်ကျတဲ့ ခင်ပွန်းက ကော်မရှင်ဝင်ဖြစ်နေလို့ မဲပေးသူတွေ အခက်တွေ့နေပါတယ်ဆိုတဲ့ကြားက NLD နိုင်သွားတာကြောင့် ပြောတဲ့သူတွေ ရှက်တတ်ရင်လဲသေလို့ရပါပြီ။
(၈) ကသာဘက်ကရွာတွေက ပြည်ခိုင်ဖြိုးက ပိုက်ဆံကိုယူပြီး NLD ကိုမဲသွားပေးတာလား၊ အဲ့ဒီကိစ္စမှာသက်သေအထောက်အထားရှိတယ်လို့ပြောတဲ့ NLD ကလူတွေ ချောက်ချမယ် ဆိုရင်လည်း ကိုယ်လည်ပင်းကိုယ် ကြိုးကွင်းမစွပ်မိအောင်လုပ်ကြပါလို့ သတိပေးပါရစေ။
(၉) နေပြည်တော်၊ ပုဗ္ဗသီရိမြို့မှာလည်း မဲစာရွက်တွေကို ဖယောင်းသုတ်ပါတယ်ပြောပြီး ပယ်မဲ တွေမတွေ့ရပဲ ကြံ့ခိုင်ရေးမဲကနည်းလို့ NLD က မဲအပြတ်အသတ်နဲ့ လွှတ်တော်အမတ်ဖြစ် သွားရတာကော NLD ရဲ့လုပ်ကြံထားတဲ့အောဂျက်ဇာတ်လမ်းလား?
(၁၀) နွားထိုးကြီးမြို့နယ်ကလူတွေက မဲမပေးတတ်လို့မဲရုံတာဝန်ခံတွေက မမေးမမြန်းပဲကိုယ်ထင်ရာ ကိုယ်ခြစ်လိုက်တာ ပယ်မဲမတွေ့ပဲ NLD မဲနိုင်သွားပါတယ်ခင်ဗျာ။

ဒီလိုပြောရခြင်းဟာ ဘယ်သူ့ကိုမှ ပုတ်ခတ်ချင်လို့မဟုတ်ပါဘူးဆိုတာ စဉ်းစားတတ်တဲ့လူတိုင်းသိကြပါတယ်။ NLD လူတွေလည်း သိသင့်ပါပြီ၊ပြည်သူကိုလိမ်ဆင်တွေ အမျိုးမျိုးထုတ်ပြီး ရွေးကောက်ပွဲကော်မရှင်ကပဲ ညစ်သလိုလို၊ ပြည်ခိုင်ဖြိုးတို့လို ပြိုင်ဘက်ပါတီတွေ ကပဲ ရစ်သလိုလို ပြောနေတာတွေက လူကြားလို့ မကောင်းပါဘူး။ နောက်ဆုံး NLD ပါတီနိုင်သွားတော့ အဲ့ဒီ အော်ခဲ့တဲ့အသံတွေပျောက်ချင်းမလှ ပျောက်သွားပါတယ်။ တကယ်ကို ကြက်ပျောက်ဌက်ပျောက်ပါပဲ။ အမြီး တောင်မမြင်ရတော့ပါဘူး။ ပြိုင်ဘက်ပါတီတွေရဲ့သည်းခံမှုတွေကိုလည်း မချီးကျူးပဲမနေနိုင်ပါဘူး။

တကယ်လို့များ ဒီရွေးကောက်ပွဲကြီးမှာ NLD မနိုင်ခဲ့ရင်ဖြင့် သမ္မတတောင်ရန်ရှာပြီး တရားမျှတမှုမရှိဘူး လို့အော်ကြမှာပါ။ ရွေးကောက်ပွဲကော်မရှင်က ကိုကိုတွေလည်း အိပ်ကောင်းခြင်းအိပ်ရမှာမဟုတ်ပါဘူး။ NLD ပါတီမှကိုယ်စားလှယ်(၄၃)ဦး အနိုင်ရလို့သာ အနိုင်သာမရခဲ့ရင် ရွေးကောက်ပွဲကော်မရှင်ကို ပြဿနာရှာဖို့ ကြိုတင်ပြီး ပြင်ဆင်ထားတာတွေ အများကြီးပါဘဲ။ မဲပေးတဲ့သူစာရင်းတွေကွာခြားနေတာတွေ၊ မဲရုံနားမှာ ပြည်ခိုင်ဖြိုးပါတီဝင်တွေက စည်းရုံးနေတာတွေ၊ မဲစက္ကူကို ဖယောင်းသုတ်လို့ ပျက်စီးတယ်ဆိုပြီး ကော်မရှင်ကို စာတင်ထားတဲ့ NLD ပါ။ တရားကျစရာကောင်းတဲ့ရွေးကောက်ပွဲကြီးပြီးသွားပေမယ့် လွှတ်တော်အတွင်း ရောက်လာမယ့် ဒေါ်စုကြည်ပုံရိပ်နဲ့ အနိုင်ရလာပြီဖြစ်တဲ့ NLD အမတ်တွေရဲ့ အရည်အချင်းကတော့ စောင့်ကြည့်ရပါအုံးမယ်ခင်ဗျား။

Myanmar Express

9 comments:

hey kg admin min a may thar min run pee loe like kwer sote sint ma shi tae' sar twe yay pee lar way phan nay dal min that ti shi lar shi yin htoe ma lar

ဟုတ်ပါတယ်... NLD ကို မဲပေးခဲ့တဲ့ ပြည်သူတွေက ဒေါ်စုကို မြန်မာနိုင်ငံလွတ်လပ်ရေးရရှိအောင် နယ်ချဲ့တွေဆီကနေ တိုက်ယူပေးခဲ့တဲ့ မျိုးချစ်ဖခင်ကြီးရဲ့ သမီးဖြစ်နေလို့ မဲပေးခဲ့ကြတာပါ.. နောက်ပြီး ဒေါ်စုရဲ့ စည်းရုံးရေးခရီးစဉ်တွေမှာ ပြောခဲ့တဲ့ နိုင်ငံတော် ပြုပြင်ပြောင်းလဲရေး အတွက် NLD ကို မဲပေးပါ.ဆိုပြီးတော့ပေါ့.. ပြည်သူတွေကတော့ ဒေါ်စုရဲ့ အကြံအစည် ကိုမသိရှိဘဲနဲ့ ဒေါ်စုကို ယုံကြည်စွာနဲ့ မဲပေးခဲ့တာပါ.. ဒါကို NLD ပါတီဝင်တွေက အဟုတ်ကြီးမှတ်ပြီး အောင်ပွဲတွေ ခံနေ ကြပါတယ်.. ၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ပြည်ခိုင်ဖြိုး ပါတီတောင် အဲလိုမျိုး အောင်ပွဲခံခြင်းမျိုး မပြုလုပ်ခဲ့ပါဘူး.. ရွေးကောက်ပွဲအပြီး ဒေါ်စု သတင်းစာရှင်းလင်းပွဲ မှာ ပြောကြားသွားတဲ့ မိန့်ခွန်းက ဘယ်သူတွေအတွက်ပြောတာပါလဲ..???? မြန်မာပြည်သူတွေအတွက် ပြောတာလား..???? အဲဒါလေးကိုတော့ မေးချင်ပါတယ်ဗျာ.. ဘာဖြစ်လို့ မေးရတာလဲဆိုတော့ လာရောက်နားထောင်တဲ့လူတွေက မြန်မာပြည်သားတွေများပြီးတော့ မြန်မာစာကိုသာ ကျွမ်းကျွမ်းကျင်ကျင် နားလည်တဲ့ မြန်မာပြည်သူတွေဖြစ်နေလို့ပါ.. ဒါဆို ဒေါ်စုက ဘယ်သူတွေအတွက် ပြောတာလဲ.?????? .. အမြင်ပြောရရင် ဒေါ်စုက မြန်မာပြည်သူလူထုကို စော်ကားလိုက်တာပဲ.ဒေါ်စုကို ယုံကြည်နေတဲ့ ပြည်သူများ ပြန်လည်သုံးသပ်စေချင်ပါတယ်ဗျာ..

ဟုတ်ပဗျာ ဒီလိုအပျက်မသာသာ မိန်းမတယောက်က ကျနော်တို့တိုင်းပြည် ရဲ့ အရေးပါတဲ့လွှတ်တော် ထဲကိုဝင်ရောက်လာမယ်ဆိုတော့တော်တော် ရင်လေးပါတယ်။
ဒီလိုမိန်းကမျိုးလွှတ်တော်မှာလူရာကိုမသွင်းသင့်ဘူး။

ကဲပြောပြမယ်နော်
မဲမလဲပေးတာတောင် NLD မဲနိုင်တယ်ဆိုတော့ မဲသာလဲပေးရင် ဘယ်လောက်ထိ ရမလဲဆိုတာတွေးကြည့်ပေါ့ဗျာ။ ဦးဝင်းထိန် လွှတ်တော်အမတ်ဖြစ်တာ မဲနိုင်လို့ပေါ့ဗျ... ဒီလောက် စာတွေရေးနေပြီး ဒါလေးတောင် မစဉ်းစားတတ်ဘူးလား
မဲတွေမှာ ဖယောင်းသုတ်ထားလို့ ဒီလောက်ပဲ မဲရတယ်မှတ်ပါ..
ဖယောင်းတွေသာ မသုတ်ထားဘူးဆိုရင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မဲပိုရမယ်မှတ်၊ ၁၉၉၀ မှာ မဲရှုံးခဲ့တဲ့ မအူပင်မှာ ခုမဲနိုင်တာက ပြည်သူတွေက ဘယ်သူ့ကို ထောက်ခံသင့်လဲဆိုတာ သိသွားလို့ပေါ့ဗျာ နွားထိုးကြီးကိစ္စကတော့ ရှင်းပါတယ် မဲရုံတာဝန်ခံတွေကိုက NLD ကို ထောက်ခံလို့ပေါ့

ဒီမိုးဒီလေ ဒီလူတွေနဲ့ တိုင်းပြည် ပျက်ဘို့ နီးနေပြီ

ဒီမိုး ဒီလေ ဒီလူတွေနဲ့ တိုင်းပြည် ပျက်ဖို့ နီးနေပြီ

shameless in our country(myanmar),, who is aung san su kyi??
marriged England citizen right??
who 're NLD?? funny, funny;;
very shameless in the world

ဒီမိုး ဒီရေ ဒီလူတွေနဲ.
ဒီရေ ဒီမိုး ဒီမအေလိုး တော. တွေ.ကြပြီပေါ.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်