Subscribe to our RSS Feed

စကားကိုအမျိုးမျိုးပြောသော လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်



၁၉၈၈ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့ထုတ် Time သတင်းစာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ခရင်သာပါ (Karan Thapar) တို့ရဲ့ ပြောကြားချက်များကို ပြန်လည်လေ့လာကြည့်မယ်ဆိုရင်....
ထိုအချိန်က ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သောစကား
"တပ်မတော်နဲ့ ပြည်သူကြားမှာ သဘောကွဲလွဲမူ မရှိသင့်ဘူး  တပ်မတော်ဟာ ပြည်သူလူထုကလေးစားပြီး ယုံကြည်ရတဲ့ အင်အားတစ်ခုဖြစ်သင့်တယ်။တပ်မတော်ဟာ သူ့သိက္ခာ သူထိန်းနိုင်ဖို့နဲ့ တိုင်းပြည်ကောင်းဖို့ အတွက် နိုင်ငံရေးမှာ မပါသင့်ဘူးလို့ အခိုင်အမာ ယုံကြည်ပါတယ်" လို့ပြောခဲ့ပါတယ်။နောက်တစ်ခုအနေနဲ့ နိုင်ငံရေးမှာ ဇောက်ချလုပ်ဖို့ စိတ်ကူးရှိသလားလို့ မေးတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်က 
"နိုင်ငံရေးထဲမှာ နစ်မွန်းနေရမယ့် ဘ၀မျိုးဟာ ကျွန်မအတွက် မက်မောဖွယ်ရာမဟုတ်ပါဘူး။နေရာလုဖို့စိတ်မ၀င်စားတာကြောင့်  ပေါင်းစည်းညီညွတ်အောင်လုပ်ပေး
တဲ့ အင်အားတစ်ခုအနေနဲ့သာ ပါဝင်နေတာဖြစ်ကြောင်း"  ဒေါ်အောင်ဆန်းစုကြည်မှ ထိုသို့ ပြောကြားခဲ့သည်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ မတ်လ ၁၇ ရက်နေ့ ရှမ်းပြည် မြောက်ပိုင်း လားရိုးစည်းရုံးရေး ခရီးစည်းမှာပြောကြားခဲ့တာကတော့
"နိုင်ငံရေးဟာ ငါတို့နဲ့ မဆိုင်ဘူး၊နိုင်ငံရေး သမားတွေနဲ့ဘဲ ဆိုင်တယ် ဆိုတာ မဟုတ်ပါဘူး။နိုင်ငံရေးဆိုတာ လူတိုင်းနဲ့ဆိုင်တယ်။အဲ့ဒါကြောင့်လူတိုင်းကပါဝင်ပြီး ဆောင်ရွက်သင့်ပါတယ်။အဲ့ဒီလူတိုင်းမှာ တပ်မတော်သားတွေလည်း ပါတယ်။တပ်မတော်သားတွေ NLD ကို မဲပေးကြပါ။အဲဒီလိုတပ်မတော်ရဲ့အစဉ်အလာတွေကို ဆက်ပြီးတော့ ကျွန်မတို့ ထိန်းချင်တယ်။တိုတိုပြောရရင် NLD အဖွဲ့ချုပ်ကို ထောက်ခံကြပါလို့ ပြောချင်တယ်"  လို့ပြောခဲ့တဲ့ စကားတွေကို ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်အနေနှင့်မှတ်မိဦးမယ် ထင်ပါတယ်။  

Myanmar Express 


6 comments:

THEN? SAUT SHET MA SHI BOO LAR? SIT BOGYOKE DWAY SAUT SHET MA SHI DAR DA GABAR LONE THI DE.
AMERICAN DWAY LAR BAR LEIT ME. PYIN NYAR PAY BAR LEIT ME. SAUNT NE BAR.

crazy woman aung san su kyi

မင်းစောက်ထင်ကြီးတဲ့ အမေရိကန်တွေ လာပြီး ပညာပေးမယ့်အထဲမှာ မင်းအမျိုးတွေပါ မပါသွားစေနဲ့ပေါ့ကွာ .. အပေါ်ဆုံးကလူရေ ..

http://myanmarmyalways.wordpress.com/2012/04/06/%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%80%B1%E1%80%90%E1%80%BC%E1%80%9F%E1%80%AC-%E1%80%99%E1%80%AD%E1%80%99%E1%80%85%E1%80%85%E1%80%B9-%E1%80%96%E1%80%99%E1%80%85%E1%80%85%E1%80%B9/

http://myanmarmyalways.wordpress.com
“ပထွေး အဖေခေါ်ချင်သူများအတွက်”

အခုနက်ပေါ်မှာ ခေတ်ထလာတာ မြန်မာလား၊ ဘားမားလားတဲ့။ ဒါနဲ့ပတ်သက်လို့ ကျနော်ရေးခဲ့တဲ့ မှတ်ချက်ကိုပဲ ဒီမှာ ဖော်ပြလိုက်ပါတယ်။ ဖတ်ကြည့်ပါ။

“အံ့သြလို့မဆုံးဘူးဗျာ။ ဒီနိုင်ငံကို ကျနော်တို့ကော ကျနော်တို့ဖိုးဖွားတွေပါ ဘယ်လိုခေါ်ခဲ့တယ်ဆိုတာ မြန်မာနိုင်ငံသားတိုင်း သိပါတယ်ဗျာ။ ဒါကို စစ်အစိုးရကို မုန်းတာတစ်ခုတည်းနဲ့ အကုန် အဖြူကို အမဲလုပ်ပစ်မယ်ဆိုရင် ခင်ဗျားတို့အားလုံးဟာ ဖိုးဖွားအမွေနဲ့ လုံးလုံးမထိုက်တန်ဘူးဆိုတာလောက်တော့ သဘောပေါက်ကြပါ။

အရင်းစစ်ရင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာလို့မခေါ်နိုင်လို့ ဖားယားပြီး ဘားမားနေကြတာအပြင် ဒီလူတွေမှာ ဘာအတွေးအခေါ်မှ မရှိကြဘူး၊ ပါးစပ်အငှား ခေါင်းအငှားနဲ့ တိုင်းပြည်ကို ရောင်းစားချင်သူတွေချည်းပါပဲ။ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်က မြန်မာလို့ခေါ်ကြည့်လိုက်စမ်းပါ၊ အကုန်ဝိုင်းမြန်မာ မြန်မာနဲ့ တစာစာလုပ်ပြမဲ့သူတွေချည်းပါပဲ။

ဘာလို့များ ကိုလိုနီအရှင်သခင်ကပေးခဲ့တဲ့နာမည်ကို ဒီလောက်စွဲလန်းနေကြသလဲ မတွေးတတ်ဘူးဗျာ။ အံ့သြတာတော့ ကမ်းကုန်ပါပဲ။ တစ်ခုတော့ပြောစရာ (ဒါကလဲ တကယ်ကို ရှိနေလို့) ရှိတာပေါ့ဗျာ၊ ခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယောက်ျားက ကိုလိုနီအရှင်သခင်မျိုး၊ သားတွေ မြေးတွေက ကိုလိုနီအရှင်သခင်သွေးတွေလေ၊ ခုတော့ ဆွေမျိုးရင်း ရွှေမျိုးရင်းတွေ ဖြစ်ကုန်ပြန်ပြီလေ။

ကျနော်ကတော့ ရှင်းရှင်းနဲ့ဘွင်းဘွင်းပဲ၊ ဘယ်ခေါင်းဆောင်ပဲဖြစ်ဖြစ် ထောက်ခံသင့်တာကို ထောက်ခံမယ်။ ကန့်ကွက်စရာတွေ့ရင် ကန့်ကွက်မယ်။ ကိုယ့်အသိ ကိုယ့်ဥဏှောက်နဲ့ စဉ်းစားဆုံးဖြတ်မယ်၊ သူများယောင်တိုင်း မယောင်ဘူး။

မြန်မာပြည်မှာ ခေါင်းဆောင်ကြီးဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုး အရှင်သခင်တွေပေးသွားတဲ့ နာမည်တွေ မြန်မာလို ပြောင်းထားတာ အများကြီးရှိတယ်။ ဘယ် ပြည်သူ့ဆန္ဒမှ ခံယူပြီး ပြောင်းထားတာမဟုတ်ဘူး။ ခေါင်းဆောင်တွေက ပြောင်းသင့်တယ်ထင်လို့ပြောင်းထားတာ၊ ဗိုလ်ချုပ်အောင်ဆန်းဈေး တဲ့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း တဲ့၊ ဗိုလ်ချုပ်အောင်ဆန်း ပန်းခြံတဲ့ စုံနေတာပဲ။ အဲဒါတွေတော့ ပြန်ပြီးပြောင်းဖို့ မတောင်းဆိုလောက်ကောင်းလောက်ဘူး၊ခုလို ဆန္ဒခံယူတာ မလုပ်လောက်ဘူးလို့ ထင်မိပါတယ်။ ဒီအထိ လုပ်လာရင်တော့ အဲဒီလူတွေဟာ ထမင်းမစားထိုက်တော့ဘူး၊ ဟိုဟာသာ စားကြပေတော့လို့ ထောပနာလိုက်ပါတယ်။”

ကိုယ့်သမိုင်း ကိုယ့်ရာဇဝင်ကို အထင်သေးတဲ့ လူတွေထဲမှာ ဘာအနှစ်အသားမှမရှိတဲ့ ခေါင်းဆောင်ရူးရူးတဲ့လူတွေရဲ့ အူကြောင်ကြောင် ဆင်ခြေတွေ ဖတ်ရတာတော့ အကျိုးရှိတယ်ဗျာ။ နဂိုက နည်းနည်းတော့ ဟုတ်မလားထင်တဲ့ လူတွေရဲ့အတွေးအခေါ်တွေ ထွက်ကျလာတယ်လေ။ အမူးသမားရဲ့ အန်ဖတ်တွေလို ချဉ်စုပ်စုပ် မစင်နဲ့ မခြား။

အိန္ဒိယက မြို့နာမည်တွေ အများကြီးပြောင်းပစ်တယ်။ စီလုံလို့အင်္ဂလိပ်ခေါ်ခဲ့တဲ့နိုင်ငံက မူလနာမည်ဖြစ်တဲ့ သီရိလင်္ကာလို့ ပြောင်းတယ်။ အခုဆို အသားကျလို့ ဘယ်ပြည်သူတွေကမှ အထွန့်မတက်ဘူး။ ဒီလိုပြောင်းနေကြတာ ကမ္ဘာနဲ့အဝှန်းဗျ။ ပျက်အစဉ် ပြင်ခန တဲ့၊ တစ်စချုပ် အစုပ်သက်သာ တဲ့။

ဦးသိန်းစိန်အစိုးရက ဘာလိုချင်လို့ ဘယ်အထိလျှော့ပေးနေတယ်ဆိုတာတော့ သူတို့မှပဲသိမယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်တာ ပါတီမှတ်ပုံတင်တာကိုက ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို သဘောတူပါတယ်လို့ လက်မှတ်ထိုးထားခဲ့ရတာဖြစ်တယ်။ သူကိုယ်တိုင်လဲ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လိုက်နာပါ့မယ်၊ လေးစားပါ့မယ်လို့ အခါခါ ရှင်းခဲ့ပြီးဖြစ်တယ်။ သူကိုယ်တိုင် စကားမတည်ဘူး၊ မလိုက်နာဘူး။ အထက်က အချိန်မရွေး အဲဒါနဲ့ကိုင်နိုင်တယ်ဆိုတာ သဘောပေါက်ပါ။

ဒါပေမဲ့၊ တကယ်က ဒီလိုကိုင်ကိုင် မကိုင်ကိုင် ကိုယ့်ပြည်သူပြည်သားတွေ ကိုယ့်တိုင်းပြည်ကိုခေါ်သလို အပြင်ကလူတွေကို ခေါ်ခိုင်းတာ ဘာမှကန့်ကွက်စရာမဟုတ်ဘူး။ ဒါ နာမည်ပြောင်းတာ အသစ်မှည့်တာ မဟုတ်ဘူး။ သူများခေါ်ချင်သလို ခေါ်ခဲ့တဲ့နာမည်ကို ကျုပ်တို့က ပြောင်းတာသာဖြစ်တယ်၊ အမှားကို အမှန်နဲ့အစားထိုးတာသာဖြစ်တယ်။

လာလာသေးတယ်ဗျာ၊ ဘားမားကို ဘားမိစ်လို့ ခေါ်တော့ အိုကေ၊ မြန်မာကို မြန်းမိစ် (ဆရာဦးသာနိုး အစု) မြန်မာရိစ် (အစိုးရနဲ့ အင်္ဂလိပ်စာတတ်၊ ဘာသာဗေဒတတ်တဲ့ ကမ္ဘာအစု) ဒါကျတော့ ထောင့်သလေး အောင့်သလေး ဆိုတာမျိုး။ မြန်မာကို အာရ်နဲ့ပေါင်းရင် မြန်မာရိစ်ဖြစ်မှာပဲ၊ အာရ်ဖြုတ်ရင် မြန်မာပဲ ကျန်မလား၊ ဥိးသာနိုးသဘောကျတဲ့ မြန်းမိစ်ပဲဖြစ်မလား ဒါကတော့ ပညာရှင်တွေရဲ့အလုပ်ပဲဖြစ်တယ်။ ဟိုအရင်က အင်္ဂလိပ် အမေရိကန်တွေကိုတိုင် အစပိုင်းမှာ ဘားမားကို အဆုံးမှာ အိပ်ခ်ျနဲ့သတ်တာရှိဘူးတယ်။ ခုကျနော်တို့ မြန်မာကို အာရ်နဲ့မသတ်ပဲ အိပ်ခ်ျနဲ့သတ်ရင် တခါတခါ အင်္ဂလိပ်စာမှာ အိပ်ခ်ျကိုလဲ သရအနေနဲ့ယူတော့ကာ သရ ၂ လုံးနဲ့ဆုံးရင် မြန်မာစာ မြန်မာစကား အစစ ထိုင်းလိုပဲ ပြောင်းစရာမလိုဘူးဖြစ်ချင်ဖြစ်မယ်။ ပညာရှင် ဘာသဗေဒကျွမ်းကျင်သူတွေ စဉ်းစားကြည့်ဖို့ အခန့်သင့်လို့ အကြံပြုလိုက်ပါတယ်။ ဒါလဲ အကျုံးမဝင်ဘူးဆိုရင်တော့ ကျနော့်တစ်ကိုယ်ခြင်းအနေနဲ့ မြန်မာရိစ်ကိုပဲ ယူချင်ပါတယ်။ မြန်းမိစ်ကတော့ မာ မပါလာလို့ပါ။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က သူ ၁၉၈၆ ခုနှစ်က ခရီးသွားလမ်းညွှန်စာအုပ် မြန်မာလိုပြန်ရရင် “မြန်မာပြည်ကို အလည်သွားကြရအောင်” ဆိုတဲ့စာအုပ် ရေးဖူးတယ်။ အဲဒီစာအုပ်က သူ့ရဲ့ “ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး” ဆိုတဲ့ စာအုပ်မှာ ထည့်သွင်းပုံနှိပ်ထားတယ်။ သူက ရန်ကုန်ဟာ ဘာလို့ ရန်ဂွန်း ဖြစ်သွားသလဲဆိုတာကို ရှင်းပြထားတယ်။ အင်္ဂလိပ်တွေ အသံထွက်မှားလို့တဲ့၊ အဓိပ္ဗါယ်တောင် ထည့်ပေးထားသေးတယ်၊ ရန်တွေ ကုန်ဆုံးတာ တဲ့။ ခုတော့ သူကိုယ်တိုင်က စစ်အစိုးရကို အသိအမှတ်ပြုရာမကျအောင် မသုံးနိုင်ဘူးတဲ့လေ။ ခုကော၊ စဉ်းစားကြည့်တော့ အခုအပြောင်းအလဲဟာ သူလုပ်လို့ပြောင်းတာမဟုတ်ပါဘူး။ ဟိုဖက်က သူတို့လိုချင်တာအတွက် ကစားကွက်ပြောင်းတာပါ။ နှစ်ဖက်စလုံးရဲ့ပယောဂကြောင့် တိုင်းပြည်ပျက်စီးသွားရတာပါ။

ဒီနေရာမှာ အလျင်းသင့်လို့ ဒေါ်အောင်ဆန်းစုကြည်ကိုလဲ အမှာစကားပါးချင်ပါတယ်။ တကယ်လို့သာ မြန်မာ့သမိုင်းမှာ အခိုင်ခန့်ဆုံးနဲ့ ထုထယ်အကြီးမားဆုံးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ အုတ်မြစ်ကြီးသာ မရှိခဲ့ရင် ဒီနေ့ဒေါ်အောင်ဆန်းကြည်ဆိုတာ မရှိရေးချ မရှိဘူးဆိုတာပါပဲ။ ဒီအုတ်မြစ်မျိုးသာရရင် အလယ်အလတ်တန်းလောက် ခေါင်းရှိသူလဲ အံဘနန်း ဗိမာန်ဆောက်နိုင်ပါတယ်။ စာအုပ်လေးငါးအုပ်လောက်ကို ကြေအောင်ဖတ်ထားရင် အများအတွက်လဲ လုပ်မယ်လို့ သန္နိဋ္ဌာန်ချထားသူဆိုရင် တိုင်းပြည်တောင် ခုလောက်မနာပဲ အဖြေတွေ့နိုင်တယ် ဆိုတာပါပဲ။

ခုခေတ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ခေတ်လို ထင်ရတဲ့ခေတ်လေဗျာ။ အပြိုင်ဖားကြပေါ့ဗျာ။ အရည်အချင်းက ဒါပဲ လုပ်တတ်ကြတာကိုး၊ အဲဒီတော့ ခေါင်းဆောင်ကြီးကို ပံ့ပိုးတဲ့အနေနဲ့ ကိုယ့်အမျိုးသားတိုင်းပြည်ကို ဘားမားဖြစ်အောင် ကြိုးစားကြပေါ့။ ခင်ဗျားတို့တတွေ (ဒေါ်အောင်ဆန်းစုကြည်အပါအဝင်) လောက် ကျိုးကြောင်းမဆင်ခြင်နိုင်တာ အရှက်မဲ့တာ ကျုပ်ဖြင့် တစ်သက်နဲ့တစ်ကိုယ် မတွေ့မိကြောင်းပါခင်ဗျား။
http://myanmarmyalways.wordpress.com

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်