From :
..The Voice
မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် အိန္ဒိယနိုင်ငံ မဏိပူရမြို့နယ် အင်ဖာမြို့မှ မန္တလေးမြို့တော်အထိ ခရီးသည်တင်ယာဉ်လိုင်း ပြေးဆွဲသွားရန် စီစဉ်လျက်ရှိကြောင်း မန္တလေးမြို့တော် အခြေစိုက် အိန္ဒိယ ကောင်စစ်ဝန်ရုံးထံမှ သိရသည်။ အိန္ဒိယနှင့် မြန်မာနိုင်ငံတို့အကြား ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး၊ နှစ်နိုင်ငံ ကုန်သွယ်မှု ပိုမိုတိုးမြင့်လာနိုင်ရေးနှင့် သွားလာမှု လွယ်ကူစေရေးတို့အတွက် ယင်းကဲ့သို့ ယာဉ်လိုင်း ပြေးဆွဲရန် စီစဉ်ခြင်းဖြစ်ကြောင်း အိန္ဒိယကောင်စစ်ဝန်ရုံး တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။ အင်ဖာမြို့နှင့် မန္တလေးမြို့အကြား မိုင် ၄၀၀ ခန့်ဝေးပြီး ယင်းခရီးစဉ်ကို မကြာမီ ပြေးဆွဲနိုင်ရန် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် ဆွေးနွေးလျက်ရှိကြောင်း ၎င်းက အတည်ပြုပြောကြားသည်။ ယင်းယာဉ်လိုင်းသည် အိန္ဒိယနိုင်ငံ အင်ဖာမြို့မှ မိုရေး၊ မြန်မာနိုင်ငံ တမူး၊ မုံရွာနှင့် မန္တလေးမြို့တော်တို့တွင် ရပ်နားသွားမည်ဖြစ်ကြောင်း အိန္ဒိယ ကောင်စစ်ဝန်ရုံးမှ စုံစမ်းသိရသည်။ “နှစ်နိုင်ငံ သွားလာရေး အဆင်ပြေစေဖို့ အင်ဖာမှာ မြန်မာနိုင်ငံ ကောင်စစ်ဝန်ရုံး လာဖွင့်ပေးဖို့ ဆွေးနွေးနေတာ ရှိတယ်။ အင်ဖာမှာဖြစ်ဖြစ်၊ မိုရေးမှာဖြစ်ဖြစ် ဗီဇာ ထုတ်ပေးဖို့ကို ညှိနှိုင်းနေတယ်” ဟု အိန္ဒိယကောင်စစ်ဝန်ရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ယင်းကဲ့သို့ ဗီဇာထုတ်ပေးရန် ညှိနှိုင်းမှု မပြီးခင် ကားလိုင်းပြေးဆွဲဖြစ်ပါက အိန္ဒိယမှ ဘတ်စ်ကားများ မြန်မာနိုင်ငံဘက်သို့ သွားလာခွင့် မရှိသေးသဖြင့် မိုရေးနယ်စပ်တွင် မြန်မာနိုင်ငံဘက်မှ ဘတ်စ်ကားများကို ကူးပြောင်းကာ တစ်ဆင့်ပြန်လည် စီးရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ “အိန္ဒိယကနေ ပြေးဆွဲလာမယ့် ကားတွေ ရပ်နားနိုင်ဖို့ စစ်ကိုင်းမှာ ယာဉ်ရပ်နားစခန်း ဆောက်ဖို့ စီစဉ်နေပါပြီ” ဟု စစ်ကိုင်းအဝေးပြေး ယာဉ်ရပ်နားဂိတ်နှင့် ခရီးသည် နားနေစခန်း တည်ဆောက်ခွင့်ရသည့် ရဲမွန်ဆောက်လုပ်ရေးမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်ကျော်ဆန်းက ဆိုသည်။ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် သတ္တုတူးဖော်ရေး၊ ဆိုလာနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် စိတ်ဝင်စားလျက်ရှိကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
.. www.MyanmarExpress.net

.jpg)

6 comments:
ဗုဒ္ဓဂါယာကို ကားနဲ့ရောက်ရင်ကောင်းမယ်
ဗုဒ္ဓဂါ၇ာကို ဘတ်စ်ကားစီးပြီး သွားဖူးနိုင်ပြီပေါ့။သာဓုဗျာ
သာဓု။
Don't allow muslims from India to enter Myanmar.
ဟဲလို ဗုဒ္ဓဂါယာ ကိုလိုက်မလား။တယောက်လို တယောက်လို
သတင်းကောင်းဘဲဗျာ။ကြိုဆိုပါတယ်။
1-WELCOME TO READ THE ABOVE NEWS.
2-PLEASE MAKE SURE BUS LINE OPERATOR AND SOME OFFICIALS SUCH AS IMMIGRATION OFFICIALS TO CHECK OFFICIAL TRAVEL DOCUMENT WITH PROPER VISA FOR ENTRY TO MYANMAR AT THE BOARDING/EMBARKATION POINT/PORT.
3-PASSENGER LIST SHOULD BE SENT VIA FAX AND EMAIL TO ALL TRANSIT CHECKPOINTS AND DESTINATION PORT.
4-NEED TO CHECK STOWAWAYS AND UNOFFICIAL PASSENGERS AT ALL TRANSIT POINTS.
5-THE BUS CAR LINE OPERATORS MUST TAKE FULL RESPONSIBLE FOR ILLEGAL PASSENGERS.
6-THE BUS CAR MUST NOT ALLOW TO STOP BETWEEN ANY TRANSIT POINTS.
7-NEED TO CHECK BY IMMIGRATION AND CUSTOM
OFFICIALS FOR SMUGGLING,DRUG TRADE, ARMS TRADE AND HUMAN TRADE/TRAFFICKING.
8-SMUGGLERS AND ILLEGAL PASSENGERS ARE USUALLY HIDING IN CARGO COMPARTMENT AND RESTROOMS.
9-ALSO NEED TO CHECK TO PREVENT TERRORISTS.
10-MAY BE TO INSTALL A BLACK BOX ON ALL BUSES TO TRACK ALL THE ACTIVITIES DURING THE TRIPS.
11-SUGGEST TO APPLY SIMILAR SYSTEM TO ALL BORDER CROSSINGS.
WITH MYITTA...
ဗုဒ္ဓဂါယာက အချိန်နဲ့သွားရတယ် ကြားဖူးတယ် အချိန်အခါမဟုတ်ရင် အဖွဲ့နဲ့မဟုတ်ရင် အန္တရာယ်ရှိတယ်တဲ့ မိန်းမတွေ အိန္ဒိယမှာ မကြာခဏ မုဒိန်းကျင့်ခံနေရတဲ့သတင်းတွေကလည်း ဆင်ခြင်ကြဦးနော် မြန်မာပီပီ သောက်ရမ်း မစူးစမ်းမဆင်ခြင် မလုပ်မိကြစေနဲ့ သတင်းစုံလင်စွာရယူ
ဝေငှပေးဖို့လည်း လုပ်စေချင်တယ်
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်