Subscribe to our RSS Feed

ဒေါ်စုကို လုပ်ကြံ-ကွန်မြူနစ်အလံထူမယ့် ၀င်းတင်ကို သံပုံးတီး တောထုတ်ကြ

From : ..(သခင်ဆိုး)
(ဒီမိုခရေဇီ အမတ်မင်း)

ကျုပ်တော့ ခေါင်းဖြူ အစွယ်မကျိုးကြီး ရေးတာတွေကို ကြည့်ပြီး ဟံသာဝတီဦးဝင်းတင် ဆိုတဲ့ ကွန်မြူနစ် ကြီး ရဲ့ ကလိန်စေ့ငြမ်းဆင် ခတ်ကွင်းပြင်နေတာကို စိတ်ပျက်တယ်။
ကဲ …ကြည့်
ဒေါ်စုက သမ္မတ ဖြစ်ချင်တယ်….ထုတ်ပြောတယ်။ ဘာဖြစ်လို့ ပြောသလဲ။ ရှင်းရှင်းလေးရယ်..ဒေါ်စုက နောက် မှ သမ္မတ ဖြစ်ချင်တယ် ပြောရင် ဝေဖန်တာတွေ ကြိုပြီး ရှင်းနိုင်အောင်လို့ ပြောတာ။
ဒီတော့ ကွန်မြူနစ်ကြီးက အာဏာမက်တယ် ဆိုတဲ့စကားနဲ့ အပုပ်ချတာတွေ ဒီလှိုင်းမှာ ရေးပါလေရော။ ဒေါ်စု ဟာ အာဏာမက်ပြီး အစိုးရနဲ့ ပေါင်းနေတယ် ဆိုတာကို ဒဲ့ဖိုက်လိုက်တာပဲ။
ဒေါ်စုက အခြေခံဥပဒေပြင်ဆင်ရေး ဦးတည်တယ်။ ကွန်မြူနစ်ကြီးက အစိုးရ ပုတ်ခတ်၊ လွှတ်တော်ကို ပုတ် ခတ်၊ စစ်တပ်ကို ပုတ်ခတ် ဆော်ပါလေရော။ အခြေခံဥပဒေပြင်ဖို့က ကြံ့ဖွံ့သဘောတူမှ၊ အစိုးရ သဘော တူ မှ၊ စစ်တပ်သဘောတူမှ ရနိုင်တာ မဟုတ်လား။ ဒါကို ပြောရခြင်း ရည်ရွယ်ချက်က ဒေါ်စု ရဲ့ ဖွဲ့စည်း ပုံပြင်ဆင်ရေး လမ်းကြောင်း ပျက်ပြားသွားအောင် လုပ်လိုက်တာပဲ။ ဒါလည်း ဒေါ်စုကို ဒဲ့ဖိုက် လိုက်တာပဲ။
ဒေါ်စုက ဥပဒေကို လိုက်နာဖို့ ပြောတယ်။ ကွန်မြူနစ်ကြီးက မတရားတဲ့ဥပဒေမှန်သမျှ ဖီဆန်ကြ ဆိုပြီး လူထု လမ်းပေါ် ထွက်အောင် ကျုံးသွင်းနေတယ်။
ဒေါ်စုက လက်ပံတောင်းကော်မရှင် အစီရင်ခံစာ ထုတ်တယ်။ ကွန်မြူနစ်ကြီးက ဒီအစီရင်ခံစာကို အပုပ်ချ တဲ့ စကားတွေ ပြောတယ်။ သူ့ကို ကိုးကွယ်နေတဲ့ နော်အုန်းလှနဲ့ ဟန်ဝင်းအောင်ကိုမြှောက်ပေး၊ ပင့်ပေး ထောင်ပေး တယ်။
ဒေါ်စုက ပညာရေးကွန်ယက်တွေ၊ ကျန်းမာရေးကွန်ယက်တွေ ထောင်ပြီး လူထုအကျိုးဆောင်ဖို့ လုပ်နေ တယ်။ ကွန်မြူနစ်ကြီးက ဖောင်ဒေးရှင်းထောင်ပြီး သူ့ဘာသာ လုပ်ဖို့ ကြံစည်တယ်။
ဒေါ်စုက ခရိုနီတွေနဲ့ အလိုက်သင့်ပေါင်းတယ်။ ကွန်မြူနစ်ကြီးက ခရိုပြာ-ခရိုနက် ဆိုပြီး ဆော်တယ်။ ပြီးေ တာ့ ခရီုနီတွေက ဖောင်ဒေးရှင်းမှာ ငွေပုံအော လှူလိုက်တော့ အသံတိတ်သွားတယ်။ ခရိုပြာတွေ ခရို နက်ေ တွ ထပ်မထွက်တော့ဘူး။ သိသာတယ်နော့။
ဒေါ်စုက NLD ရဲ့ တော်လှန်ရေးနေ့ကို မတက်ဘဲ နေပြည်တော်သွားပြီး စစ်တပ်ရဲ့ တပ်မတော်နေ့ကို တက် တယ်။ ဒီမှာပဲ ကွန်မြူနစ်ကြီးက အာဏာရူး ဆိုပြီး ကွယ်ရာမှာ အပုပ်ချ၊ သမ္မတ ဖြစ်ဖို့ မစဉ်းစားနဲ့ နင် သေသွားရင်တောင် သမ္မတ မဖြစ်ဘူးမှတ် ဆိုတဲ့သဘောမျိုးတွေ ထုတ်ပြောတယ်။ ပြင်းပြင်းထန်ထန် ကို ပြောတာ။
ဒေါ်စုက အကြောင်းသိလို့ နာယက ဆိုပြီး ပထုတ်လိုက်တယ်။ ဒါကို မကျေနပ်တော့ NLD ပါတီညီလာခံမှာ ပြဿ နာ ရှာတယ်။ ဒေါ်စုက လူငယ်တွေ ပညာတတ်တွေကို နေရာပေးတာကို မကျေနပ်ဘူး။ ထောင် ထွက်တွေ၊ တော်လှန်ရေးသမားတွေဘက်က ကယ်တင်ရှင် သူရဲကောင်းကြီး လုပ်ပြတယ်။ ဒေါ်စုကို ဝေဖန် တယ်။ CEC ကို ဝေဖန်တယ်။
ဗိုလ်အောင်ကြီးစကား ဒေါ်စု ဒီအချိန်မှာ နားလည်လောက်ပြီ။ အောင်စုတင်နဲ့ စခဲ့တဲ့ ဒီပါတီကြီး ကွဲတော့ မယ် ဆိုတော့ ဒေါ်စုဘေးမှာ ကွန်မြူနစ်တွေ ၀ိုင်းနေပြီ လို့ ဗိုလ်အောင်ကြီးက ပြောခဲ့တယ်။ အဲဒီ ကွန်မြူနစ် ကြီးက ဒေါ်စုကို ၀ိုင်းနေတာ မဟုတ်တော့ဘူး။ ဒေါ်စုကို လုပ်ကြံနေတာ။ ဒေါ်စုရဲ့ နိုင်ငံရေး ကစား ကွက်တွေ ကို ဖျက်နေတာ။
ကွန်မြူနစ်တွေက ဗားကရာချောက်ကို ဆိုရှယ်လစ်အရိုးတွေနဲ့ ဖို့ပစ်မယ် ဆိုတဲ့ စကားတွေ၊ ရွှေတိ ဂုံစေ တီတော်ကြီးက ရွှေတွေကို အရည်ကျိုပြီး တိုင်းပြည်တိုးတက်ဖို့ သုံးမယ် ဆိုတဲ့ အယူအဆတွေ၊ စေ့စပ် ညှိနှိုင်းပြီး မှ ရတာ လွတ်လပ်ရေး မစစ်ဘူး ဆိုပြီး အင်္ဂလန်သွားတဲ့ ဗိုလ်ချုပ်အောင်ဆန်း နောက်ကျောကို ဓါး နဲ့ ထိုးခဲ့တာတွေ ပြန်စဉ်းစားကြည့်ရင် ဒီကနေ့ နစ်အိုကြီး ၀င်းတင် ဘာတွေ လုပ်နေသလဲ ဆိုတာ ရှင်းရှင်း လင်းလင်း ကွက်ကွက်ကွင်းကွင်း ပေါ်လာလိမ့်မယ်။
နစ်အိုကြီးဝင်းတင်က ဆန္ဒ-ဆန္ဒ ပြ ပြ၊ မီးဒုတ်-မီးဒုတ် ရှို့ ရှို့ အသံပေးတယ်။ တုံရွာမှာ ဒေါ်စုကို ကမ္ဘာ မကြေ သီချင်းဆိုပြီး မောင်းထုတ်လွှတ်လိုက်တာတွေ ဖြစ်လာတယ်။ အဲဒီ မတိုင်ခင်က ဟန်ဝင်းအောင် ဖေ့စ် ဘုတ်ဝေါမှာ နစ်အိုကြီးဝင်းတင်ရဲ့ စကားတွေ တင်ထားတယ်။ အဓိပ္ပါယ်က နစ်အိုကြီးစကားကို ကိုး ကွယ် တဲ့ လူထုဘက်တော်သား နစ်နီအသစ် ဆိုတဲ့သဘောပဲ။
ခေါင်းဖြူစွယ်ကျိုး ဖြစ်နေတဲ့ သေကာနီးမှာ နစ်အိုကြီး ဘာတွေ လျှောက်လုပ်နေသလဲ။ NLD မှာ ဘယ်သူ ကမှ နစ်အိုကြီးနဲ့ ဖက်ပြိုင်ပြီး ငြင်းခုန်တာ မလုပ်ချင်ကြတော့ဘူး။ အဲဒါကို နစ်အိုကြီးက သူ့ကို ဘယ်သူမှ မပြော ရဲ ဘူး အထင်နဲ့ ထင်တစ်လုံ တောရောက် တောင်ရောက် လုပ်နေတယ်။ သွေးနားထင် ရောက်နေ တဲ့ နစ်အိုကြီးကို သနားစရာအဖြစ် ကျန်တဲ့ NLD ခေါင်းဆောင်တွေက လွှတ်ထားပေးတာကို အဟုတ် ထင်ပြီး ပတ်ရမ်းနေတာ ပိုပိုပြီး ဆိုးလာပြီ။
ကြာလာရင်တော့ နစ်အိုကြီး ညောင်ညိုပင်ရိပ်အောက်မှာ နေရစ်ခဲ့တော့ ဆိုတဲ့ သံမဏိလမ်းခွဲနဲ့ ခွဲ ရတော့မှာ မြင်ယောင်သေးတယ်။ ပြင်းပြင်းထန်ထန် မပြောချင်လို့ လိမ္မာပါးနပ်စွာ ကျောသပ်ပေးတာကို နားမ လည်သေးတဲ့ နစ်အိုကြီးကတော့ ပေါက်ပန်းဈေး လျှောက်ပြောနေပြီ။ ဒါပေမယ့် နစ်အိုကြီးမှာလည်း ပရိ သတ်က မနည်းမနော ရှိနေသေးသကိုး။ NLD မှာ အခက်ကြုံနေတဲ့ကိစ္စက နစ်အိုကြီးကို ဘယ်သူ ခြူဆွဲ မလဲ ဆိုတာပဲ။
ဒေါ်စုကပြောပြောနေတယ်။ တရားဥပဒေစိုးမိုးရေးနဲ့ နိုင်ငံတည်ဆောက်ဖို့။ နစ်အိုကြီးက ပြောပြောနေ တယ်။ တရားဥပဒေချိုးဖောက်ရေးနဲ့ လမ်းပေါ်ထွက်ဖို့။ ကဲ NLD ရဲ့ မူဝါဒက ဘယ်ဟာလဲ။ ဘယ်သူ့ စကား ကို အတည်ယူရမလဲ။ ဒီကနေ့ ဒေါ်စု တစ်မျိုးပြောလိုက်-နောက်နေ့နစ်အိုကြီးက ဆန့်ကျင် ဘက်တွေ ထုတ်ပြောပါလေရော။
ဒေါ်စုဟာ NLD ရဲ့ ပါတီခေါင်းဆောင်ကြီးပဲ။ မူဝါဒဟာ CEC နဲ့ ညှိနှိုင်းပြီး ပါတီခေါင်းဆောင်က ချမှတ် ရမယ် ဆိုတာ ရှင်းရှင်းလေးပဲ။ ပါတီစည်းမျဉ်းတွေမှာလဲ ပါပြီးသား။ သနားလို့ နာယက ဆိုပြီး သိက္ခာရှိရှိ ဘေး ထုတ် ထားတာကို အလိုက်ကန်းဆိုးမသိ ကိုယ့်နေရာနဲ့ကိုယ် ငြိမ်ငြိမ်မနေရင်တော့ NLD စာရင်း ရှင်းပွဲ မှာ နစ်အိုကြီး ထိပ်ဆုံးက ပါလာဖို့ပဲ ရှိတော့တယ်။
ဒေါ်စုစကားနဲ့ ပြောရရင် ထိပ်တိုက်ရင်ဆိုင်ရမယ့် တော်လှန်ရေးခေတ် မဟုတ်တော့ဘူး။ ပညာဥာဏ်နဲ့ နိုင် ငံ တည်ဆောက်ရမယ့် ခေတ် ဖြစ်နေပြီ။ ပညာရေးကွန်ယက်က အရင်ဆုံးလုပ်ရမယ့် အလုပ်က နစ်အို ကြီးကို စာသင်ပေးဖို့၊ ကွန်မြူနစ်အတွေးအခေါ်တွေ လျော့ပါးသွားစေဖို့ ဖြစ်နေပြီ။ ဒါလည်း ခွေးမြီးကောက် ကျည်တောက် စွပ်ပဲ ဖြစ်လာမှာ သေချာနေတယ်။
နောက်ဆုံး မရရင်တော့ နစ်အိုကြီးကို သံပုံးတီး တောထုတ်ရတော့မှာပဲ။

7 comments:

မင်း လဲ မင့် ခံ စား ချက် ငါ လဲ ငါ့ ခံ စား ချက် ပေါ့

ပခုက္ကူ မော် တော် ပီကယ် များ သောင်း ကျမ်း နေ ပါ သည်

မြိုင် လမ်း ပေါက် လမ်း မန်း အ ထွက် လမ်း ရမ်း ကား ပြိး တောင်း စား နေ ပါ သည် ပြည် သူ လူ ထု ၏ ဆိုင် ကယ် ကား ကုန် ကား ရွာ ကား များ ထော် လာ ချီများ နည်း မီူး စုံ အ ကြောင်း ရှာ ပြိး တောင် နေ ပါ သည်

သက် ဆိုင် ရာ လူ ကြိး များ ပ ခုက္ကူ မော် တော် ပီကယ် များ ကို အ ရေး ယူ ပေး ပါ ပခုက္ကူ မှာ မော် တော် ပီကယ် မ လို ပါ

မော် တော် ပီကယ် ရဲ များ သည် အ စိုး ရ ဓါးး ပြ များ အ စိုး ရ လက် မှတ် ရ ဓါး ပြ တွေ လား တ ရား ဝင် ဓါး ပြ တွေ လား ခင် ဗျာ

ဝင်းတင်ကလည်း အကုန်မှားဘုး

ဖာစူကြည်ကလည်း သူရဲကောင်းမဟုတ်သလို

သမတဖြစ်နိင်စရာ အရည်အချင်းမရှိဘူး


မြန်မာပြည်ကို အုပ်ချုပ်တော့ မယ့် ရာဇတွေဟာ

သိးခြား ရှိပါတယ် လောက လောကီ လောကုတ်

ဘက်စူံပြည့်စူံနေသောဝိဇ္ဇာတွေ အသင့်ပါ

အချိန် ကြလာရင် ပေါ်ထွက်လာမှာပါ


လောလောဆယ် ကဒ်ဘေးသင့်ကာလ မှာဖြစ်လို့ 

မသူတော်အချင်း ငြင်းကြ ခုံကြ ရန်ဖြစ်ကြပါဦး

that is true. I like to kick out Win Tin rubbish.

ဒီ ခေါင်းဖြူစွယ်ကျိုး ကွန်မြူနစ်ကြီးဟာ
ဒီမိုကရေစီအရေခြုံကြီးဆိုတာ နိုင်ငံရေးတီးမိခေါက်မိသူတွေတောင်
နားလည်သဘောပေါက်ကြပါတယ်။
သေခါနီးမှ
တရားမဖက်ဘဲ အသားထဲကလောက်ထွက်ချင်နေတဲ့
ဒီကွန်မြူနစ်လက်ကျန် အဖိုးအိုစုတ်ကို
သံပုံတီး တောထုတ်ဖို့အရေး
ကျုပ်တို့လူငယ်တွေ လက်မနှေးဘူး။
စိတ်သာချ။
( အညာဖိုက်တာ )

we never like daw su..because.. she is muslim whife..we are pure myanmar.. she is very dangerous in future, because,she will make muslim country thats is her plan.. she also neglect human right ..about kalars or muslim..
please be care full we all myanmar,,

ခေါင်းဖြူစွယ်ကျိုး
ကွန်မြူနစ်အို ၀င်းတင် ရော
မွတ်ကုလားအားပေး ဒေါင်းအိုမကြီးရော
အတူတူနဲ့ အနူနုကြီးပါဗျာ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်