စစ်ကိုင်းတိုင်းဒေသကြီး
နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့သို့ ရောက်ရှိနေသော
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ
သူရဦးအေးမြင့်သည် ၂၀၁၃-ခုနှစ်၊ ဧပြီလ (၁၉) ရက်နေ့ နံနက် (၁၀း၀၀)
နာရီအချိန်တွင် လဟယ်မြို့ အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်းရှိ သီတဂူ
ပညာဒါန ကျောင်းဆောင်သစ် ဆောက်လုပ်ရန် ပန္နက်တော်တင်ခြင်း အခမ်းအနားသို့
တက်ရောက်၍ စုပေါင်း ပန္နက်တင်ခြင်းမင်္ဂလာကို ဆင်နွှဲသည်။

သီတဂူဆရာတော် ဒေါက်တာအရှင်ဥာဏိဿရ၊
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့်၊ အတွင်းရေးမှူး
သူရဦးအောင်ကို၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်မှူးကြီးသက်နိုင်ဝင်း၊
တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ (စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်) ဦးသာအေး
တို့မှ လဟယ်မြို့ အခြေခံပညာ အထက်တန်းကျောင်းအတွင်း သီတဂူ ပညာဒါန
ကျောင်းဆောင်သစ် ပန္နက်တော်တင် မင်္ဂလာ အခမ်းအနား ကျင်းပစဉ်

ဆက်လက်၍ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့သည် လဟယ်မြို့ ရိုးရာကွင်းအရှေ့ဘက် တောင်စောင်းတွင် ကျင်းပသည့် သီတဂူ ၀ိဟာရ ဘုန်းတော်ကြီးကျောင်းဆောင်သစ် ဆောက်လုပ်ရန် ပန္နက်တင် မင်္ဂလာသို့ တက်ရောက် ပန္နက်တော်တင်လှူ ပူဇော်သည်။

လဟယ်မြို့
အခြေခံပညာ အထက်တန်းကျောင်းအတွင်း သီတဂူ ပညာဒါန ကျောင်းဆောင်သစ်
ပန္နက်တော်တင် မင်္ဂလာ အခမ်းအနားတွင် သီတဂူဆရာတော် ဒေါက်တာအရှင်ဥာဏိဿရနှင့် သံဃာတော်များ အမှတ်တရ ဓါတ်ပုံရိုက်ကူးစဉ်

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့်မှ လဟယ်မြို့ သီတဂူ ၀ိဟာရကျောင်းဆောင်သစ် ပန္နက်တော်တင် မင်္ဂလာအခမ်းအနား ကျင်းပနေစဉ်
အဆိုပါအခမ်းအနားသို့
သီတဂူဆရာတော်ကြီး အမှူးပြုသော သီတဂူ သာသနာပြုအဖွဲ့၊ ဗဟိုအတွင်းရေးမှူး
သူရဦးအောင်ကို၊ နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး
သက်နိုင်ဝင်း၊ တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ (တိုင်းဒေသကြီးဝန်ကြီးချုပ်)
ဦးသာအေးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်
ပါတီကော်မတီဝင်များ၊ ဋ္ဌာနဆိုင်ရာ အကြီးအကဲ များ၊ ဒေသခံပြည်သူများ
တက်ရောက်ကြည်ညိုကြကြောင်း သိရှိရသည်။

သီတဂူဆရာတော် ဒေါက်တာအရှင်ဥာဏိဿရ၊
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့်၊ အတွင်းရေးမှူး
သူရဦးအောင်ကို၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်မှူးကြီးသက်နိုင်ဝင်း၊
တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ (စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်) ဦးသာအေး
တို့ သီတဂူ ၀ိဟာရ ကျောင်းဆောင်သစ် ပန္နက်တင်ပွဲ အမှတ်တရ ဓါတ်ပုံရိုက်ကူးစဉ်

သီတဂူဆရာတော် ဒေါက်တာအရှင်ဥာဏိဿရ အား နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နာဂ အကြီးအကဲများနှင့် ရင်းရင်းနှီးနှီး တွေ့ရစဉ်


0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်