From :
..မြဝတီ
..
www.MyanmarExpress.net
နေပြည်တော် မေ ၉
ယမန်နေ့ မွန်းလွဲပိုင်းက ရခိုင်ပြည်နယ်
တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်း အစည်းအဝေးကို
စစ်တွေ မြို့ရှိ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ ရုံးခန်းမ၌ ကျင်းပရာ
ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေး နှင့် ဖွံ့ဖြိုး တိုးတက်မှု အကောင်အထည်
ဖော်ရေး ဗဟိုကော်မတီ ဒုတိယ ဥက္ကဋ္ဌ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု
ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ရခိုင်ပြည်နယ်
ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီးက
ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင် အထည်
ဖော်ရေး ဗဟိုကော်မတီကို ၂ဝ၁၃ ခုနှစ် မတ် ၁၃ရက်တွင် ဖွဲ့စည်း
ပေးခဲ့ပါကြောင်း၊ လုပ်ငန်း တာဝန်များကို အကောင်အထည် ဖော်နိုင်ရန် လုပ်ငန်း
ကော်မတီ (၇)ခုကို ထပ်မံ ဖွဲ့စည်း၍ လုပ်ငန်းတာဝန်များ
ချမှတ်ပေးခဲ့ပါကြောင်း၊ နိုင်ငံတော် သမ္မတကြီး ကိုယ်တိုင် အစည်းအဝေးများ
ပြုလုပ်၍ လုပ်ငန်း လမ်းညွှန်မှုများ ပြုခဲ့ပါကြောင်း၊ ဗဟို ကော်မတီဝင်များ
ရခိုင်ပြည်နယ်သို့ သွားရောက်၍ လုပ်ငန်း ကော်မတီများ၏ ဆောင်ရွက်ရမည့်
လုပ်ငန်းတာဝန်များကို ကွင်းဆင်း ကြည့်ရှု ပေါင်းစပ်ညှိနှိုင်းပြီး အစီအမံများ
ရေးဆွဲတင်ပြနိုင်ရန် ဆောင်ရွက်ခဲ့ပါကြောင်း၊ ဒေသတွင်း ပြန်လည်နေရာ
ချထားရေးနှင့် အသက်မွေး ဝမ်း ကျောင်းလုပ် ငန်းများ ပြန်လည်
လုပ်ဆောင်နိုင်ရေးနှင့် နိုင်ငံသား စိစစ်ရေး လုပ်ငန်း များကို ဦးစားပေး
ဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း၊
အရေးကြီးသည်မှာ မိုးမကျမီ ဒုက္ခသည်များ
အားလုံး လုံခြုံသည့် အမိုးအကာအောက် ရောက်ရှိရေးနှင့် အသက်မွေး ဝမ်းကျောင်း
လုပ်ငန်းများ ပြန်လည်ဆောင်ရွက် နိုင်ရေးကို ဆောင်ရွက်ပေးသွား
ရမည်ဖြစ်ပါကြောင်း၊ ယခုကိစ္စမှာ နိုင်ငံတော်အပိုင်း၊ ပြည်နယ်အစိုးရ
အပိုင်းသာမက သက်ဆိုင်ရာ ဝန်ကြီးဌာန အားလုံးနှင့် ဒေသခံ ပြည်သူလူထုကပါ
ဝိုင်းဝန်းဆောင်ရွက်မှသာ လုပ်ငန်း များ အောင်မြင်နိုင်မည် ဖြစ်ကြောင်း
ပြောကြားသည်။
ယင်းနောက် ပြည်နယ် ဝန်ကြီးချုပ်
ဦးလှမောင်တင်၊ ဗဟိုကော်မတီ အတွင်း ရေးမှူး ဒုတိယ ဝန်ကြီး
ဗိုလ်ချုပ်ဇော်ဝင်း၊ ဗဟို ကော်မတီဝင် ဒုတိယဝန်ကြီး ဦးသိန်းအောင်၊ ပြည်နယ်
လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်း၊ ပြည်နယ်
စည်ပင်သာယာရေး ဝန်ကြီး ဦးလှဟန်နှင့် လူဝင်မှု ကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အား ဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူးချုပ်တို့က လုပ်ငန်း
ဆောင်ရွက်နေမှုများကို ဆွေးနွေး တင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက စစ်တွေ၊
ပေါက်တော၊ မြေပုံမြို့နယ်များ အပြင် မောင်တော၊ ကျောက်တော်၊ မြောက်ဦး၊
မင်းပြား၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ ရသေ့တောင်မြို့နယ်များရှိ ဒုက္ခသည်များ
မိုးမကျမီ အမိုးအကာအောက် ရောက်ရှိရေးနှင့် အသက်မွေးဝမ်းကျောင်း
လုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရေး၊ ရေနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး၊
ကျန်းမာရေး ကာကွယ်စောင့်ရှောက်မှု လုပ်ငန်းများ တွင်လည်း အချိန်နှင့်
တစ်ပြေးညီ စီမံဆောင်ရွက် ပေးသွားရန် မှာကြား ခဲ့သည်။
ညနေပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးနှင့်
ပြည်နယ် ဝန်ကြီးချုပ်တို့သည် စစ်တွေမြို့ရှိ မှန်စီ၊ ဘောဒူဖ၊ အုန်းတောကြီး
ကျေးရွာများ၌ ဆောက်လုပ်လျက်ရှိသော ရှစ်ခန်းတွဲ တဲတန်းလျားများ ဆောက် လုပ်
ပြီးစီးမှုနှင့် ထပ်မံဆောက် လုပ်နေသော တဲတန်းလျား များကိုလည်းကောင်း၊
စစ်တွေမြို့ စက်မှုနှင့် ရေလုပ်ငန်း ရပ်ကွက်ရှိ လုံးချင်းအိမ်ရာများ
ဆောက်လုပ်နေမှုတို့ကို လည်းကောင်း ကြည့်ရှု စစ်ဆေး ခဲ့ကြကြောင်း
သတင်းရရှိသည်။


1 comments:
သင့်ကြောင့် အနာဂတ်မျိုးဆက်များ
" ဗလီ " မတက်ရပါစေနှင့်။
Please follow this project "zero % 786" in Myanmar.
We can Build our Nation
without 786.
Bangli all must send back to Bangla.
They are terrorisms.
No Muslim No Problems.
How to do
ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင?
All Arakan
အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ
you all do Pig products.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်