Subscribe to our RSS Feed

ပြည်တွင်းထုတ် ဆူဇူကီးပစ်ကပ်များ ဇွန်လစရောင်းမည်

From : ..the voice


ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်ထားသည့် ဆူဇူကီးပစ်ကပ်များကို ဇွန်လတွင် စတင်ရောင်းချရန် စီစဉ်ထားကြောင်း Myanmar Suzuki Motor Co.,Ltd အုပ်ချုပ်မှုမန်နေဂျာ ဦးရဲထွန်းဦးက ပြောကြားခဲ့သည်။ ယခုလကုန်တွင် တပ်ဆင်ထုတ်လုပ်မည် ဖြစ်သော်လည်း ရောင်းချမည့် အစီအစဉ်နှင့် ဈေးနှုန်း သတ်မှတ်ရန် ဈေးကွက် စစ်တမ်း ကောက်ခြင်းများ ပြုလုပ်ရမည် ဖြစ်သောကြောင့် ဇွန်လတွင်မှ စတင်ရောင်းချရန် စီစဉ်ခြင်းဖြစ်ကြောင်း ၄င်းကရှင်းပြသည်။ “ထုတ်လုပ်ပြီးတာနဲ့ တန်းရောင်းမှာပါ။ ဈေးကတော့ အခုပြောလို့ မရသေးဘူး။ ဈေးကွက်အနေအထား ကြည့်ပြီးမှ သတ်မှတ်ရမှာမို့ပါ” ဟု ဦးရဲထွန်းဦးက ဆိုသည်။ လောလောဆယ် ဆူဇူကီးပစ်ကပ်များကိုသာ ထုတ်လုပ်ရောင်းချသွားမည် ဖြစ်ပြီး လစဉ်ထုတ်လုပ်မည့် အရေအတွက်မှာလည်း ဈေးကွက်အနေအထားကို မူတည်၍ ထုတ်လုပ်သွားမည်ဟု ၄င်းက ပြောဆိုသည်။ လက်ရှိ ပြင်ပမော်တော်ယာဉ် ဝယ်ရောင်းဈေးကွက်တွင် ဆူဇူကီးပစ်ကပ်များနှင့် အလားသဏ္ဍာန်တူသည့် ဂျပန်တစ်ပတ်ရစ် ကားတစ်စီးလျှင် ကျပ်သိန်း ၇၀ ခန့်ဖြင့် အရောင်းအဝယ် ပြုလုပ်လျက်ရှိကြောင်း အဆိုပါ ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ဆူဇူကီးကုမ္ပဏီသည် မြန်မာနိုင်ငံ၌ ဆူဇူကီးပစ်ကပ်နှင့် Wagon (R+) မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ ရောင်းချခဲ့ဖူးသည်။

 .. www.MyanmarExpress.net

 

3 comments:

ကားပွဲစားတွေတော့ သေပြီး၇င်းသေချင်တော့တာပါဘဲဗျာ။

လက်မတို့ နဲ့ငိုချင်တယ်။

It is a part of market economic of democratic country. In western countries, there are no brokers at car-market and other all markets. Everybody can buy everything at everywhere directly without any brokers. Myanmar will arrive such status one-day. From now on, our brokers should consider for their future. We don't need to blame the government.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်