Subscribe to our RSS Feed

နယ်မြေခံ ရှမ်းသောင်းကျန်းသူ အဖွဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အတွက် အကြောင်းပြ ဆက်ကြေး ကောက်ခံခြင်းနှင့် လူသစ် စုဆောင်းခြင်းများ ဆောင်ရွက်

From : ..mwd

နေပြည်တော် မေ ၈
၂ဝ၁၃ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုးနဲမြို့နယ်၊ မိုက်ဟိုင်းကျေးရွာ အုပ်စု၊ နားခံ စံပြ ကျေးရွာသို့ နယ်မြေခံ ရှမ်းသောင်းကျန်းသူ အဖွဲ့မှ ခုတိယ ခေါင်းဆောင်သော အင် အား၂ဝ ကျော်ခန့်သည် တပ်မတော် စစ်ကြောင်းများ အလစ်အငိုက်တွင် ရောက်ရှိလာပြီး ကျေးရွာ အတွင်းရှိ ဈေး ဆိုင် ၂၃ ဆိုင်မှ စုစုပေါင်း ဆက်ကြေး ငွေကျပ် ၃၂ သိန်း ကောက်ခံ သွားခဲ့ကြောင်း သတင်း ရရှိသည်။
အဆိုပါ အဖွဲ့သည် ထပ်မံ၍ တပ်သားသစ် သင်တန်း ဖွင့်လှစ်ရန် အတွက် ရွာသား ၃ဝ ဦး တောင်းခံ ခဲ့သဖြင့် ရွာသူ၊ ရွာသားများမှာ ကျေးရွာအတွင်း နေထိုင်ရဲခြင်း မရှိဘဲ အခြား မြို့ရွာ များနှင့် တောင်ယာ တဲများတွင် ပုန်းအောင်လျက် ရှိကြောင်း၊ ကျေးရွာ၌ အမျိုးသမီးများနှင့် ကလေးငယ်များသာ ကျန်ရစ်ကြောင်း၊ တောင်းခံသည့် ဆက်ကြေး မပေးပါက  အသက် အန္တရာယ် ကျရောက်မည်ကို စိုးရိမ်ရ၍ ကြောက်ရွံ့ကာ တောင်းခံသည့် ဆက်ကြေး ငွေများအား မပေး လိုသော်လည်း ပေးဆောင် ခဲ့ရကြောင်း သိရှိရသည်။ နယ်မြေခံ ရှမ်းသောင်းကျန်းသူ အဖွဲ့သည် နှစ် စဉ် ခေါင်းစဉ် အမျိုးမျိုးပြကာ ကျေးရွာလူထု အားလုံးနှင့် လုပ်ငန်းရှင်များ အပေါ် ဆက်ကြေး တောင်းခံခြင်း၊ လူသစ် စုဆောင်းခြင်း ပြုလုပ်သော်လည်း ယခု ဖြစ်စဉ်တွင် ၎င်းအဖွဲ့သည် မူးယစ်ဆေး ဝါး တိုက်ဖျက်ရေး အတွက် အကြောင်းပြ ဆက်ကြေး တောင်းခံခြင်း ဖြစ် ကြောင်း သိရသည်။


သို့ရာတွင် ၎င်းတို့ကိုယ်တိုင် ဘိန်းစိုက်ပျိုးခြင်း၊ အရောင်းအဝယ် ပြုခြင်း၊ ဆေးပြား ရောင်းချခြင်း ကိစ္စရပ်များတွင် ပါဝင် ပတ်သက်နေကြောင်း၊ နည်းအမျိုးမျိုးဖြင့် ရရှိသော ငွေများအား လက်နက် ခဲယမ်းများ ဝယ်ယူပြီး ပြည်သူလူထုအား အကြောက်တရားဖြင့် လုပ်ဆောင်နေသည့် အတွက် ဒေသခံ ပြည်သူများ အနေဖြင့် ရွံရှာ မုန်းတီးလျက် ရှိကြောင်း သတင်း ရရှိသည်။






.. www.MyanmarExpress.net

1 comments:

သူများဆီကပိုက်ဆံ တောင်းတာ သူတောင်းစားမျိုးတွေလားကွာ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်