Subscribe to our RSS Feed

သမ္မတဦးသိန်းစိန်နဲ့ နိုင်ငံရေးပါတီ (၁၈)ပါတီတွေ့ဆုံ

From : ..rfa

u-thein-sein-party-leaders-b305
၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၈ ရက်က နေပြည်တော်တွင် သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီ ၁၀ ခုမှ ခေါင်းဆောင်များ တွေ့ဆုံစဉ်။
Photo: President Office Website
တိုင်းရင်းသားပါတီတွေနဲ့ နိုင်ငံရေးပါတီတွေကို မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်း စဉ်တွေ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် သမ္မတ ဦးသိန်းစိန်က ဒီကနေ့ ဖိတ်ခေါ်လိုက်ပါတယ်။
သမ္မတဦးသိန်းစိန်နဲ့ နိုင်ငံရေးပါတီ (၁၈)ပါတီတို့ ဒီကနေ့ နေပြည်တော်မှာ တတိယ အကြိမ် မြောက် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပရာမှာ အခုလို ဖိတ်ခေါ်လိုက်တာဖြစ်တယ်လို့ ဒီဆွေးနွေး ပွဲကို တက်ရောက်ခဲ့တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဌ ဒေါက်တာ အေးမောင်က RFA ကို ပြောပါတယ်။
"သူတို့က ပြည်သူဗဟိုပြုတဲ့ စနစ်တစ်ခုကိုသွားနေတယ်။နိုင်ငံကိုတည်ဆောက်တဲ့နေရာမှာ အစိုးရချည်းပဲ တည်ဆောက်လို့ မရဘူး။နိုင်ငံရေးပါတီတွေလည်း နိုင်ငံတော်ကောင်းဖို့အတွက် ဦးတည်တဲ့ လုပ်ငန်းတိုင်းမှာ ပူးပေါင်းပါဝင်ဖို့ မေတ္တာရပ်ခံတယ်။အထူးသဖြင့် ပြည်တွင်းစစ်ကြီး၊ကမ္ဘာမှာ အရှည်ကြာဆုံးဖြစ်တယ်။ဒါတွေ ငြိမ်းချမ်းမှ ဖွံဖြိုးနိုင်မယ်။ငြိမ်းချမ်းအောင်လို့ ဆောက်နေတယ်။ဒါကြောင့် အကုန်လုံးပါဝင်ဖို့လိုတယ်။ဒါတွေ သူပြောတယ်"
နိုင်ငံရေးပါတီတွေဘက်ကလည်း သမ္မတဦးသိန်းစိန်ကို ငြိမ်းချမ်းရေးကိစ္စရပ်တွေ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကြား စစ်ရေးတင်းမာမှု အခြေအနေတွေ၊ နိုင်ငံသား ဖြစ်မှု ဥပဒေနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေနဲ့ ရခိုင်အစီရင်ခံစာရဲ့ ကိစ္စရပ်တွေကို ပါတီတစ်ခုချင်းစီက (၅)မိနစ်စီ တင်ပြဆွေးနွေးခဲ့ကြပါတယ်။
ဒီဆွေးနွေးပွဲကို မြန်မာငြိမ်းချမ်းရေးစင်တာက ဖိတ်ကြားထားတဲ့ တိုင်းရင်သားပါတီ (၈)ပါတီနဲ့ နိုင်ငံရေးပါတီကြီး (၁၀)ပါတီက တက်ရောက်ဆွေးနွေးခဲ့ကြပေမယ့် NLDပါတီကိုတော့ ဖိတ်ကြားတဲ့အထဲမပါဝင်တဲ့အတွက် တက်ရောက်ခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။
သမ္မတ ဦးသိန်းစိန်နဲ့တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ခဲ့သူ RNDP ပါတီဥက္ကဌ ဒေါက်တာအေးမောင်နဲ့ RFA သတင်းထောက် မဇင်မာဝင်း ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။
.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်