From :
..the voice
တစ်လလျှင် ချီးမြှင့်ငွေ ကျပ်သုံးသိန်းသာ ရရှိသော လွှတ်တော်ကိုယ်စားလှယ် များကို ရုံးခန်း၊ ကားနှင့် ဖုန်းကဲ့သို့သော ပစ္စည်းများထောက်ပံ့ပေးရန် စဉ်းစားနေကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့က ပြောကြား သည်။
ယင်းကဲ့သို့သော ထောက်ပံ့မှုများ ပေးရန် လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးနှင့် တွေ့ဆုံစဉ် သြစတြေးလျ-မြန်မာ ပါလီမန်အဖွဲ့ ဥက္ကဋ္ဌ Ms.Janelle Saffinu က တိုက်တွန်းသဖြင့် လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးက ယင်းသို့ စဉ်စား နေကြောင်း ပြန်လည်ပြောဆိုသည်ဟု Ms.Janelle Saffinu က ပြောကြားသည်။
လွှတ်တော်အစည်းအဝေးများ ရပ်နားထားစဉ် လွှတ်တော်ကိုယ်စားလှယ်များ အနေနှင့် သက်ဆိုင်ရာမဲဆန္ဒနယ်ရှိ ပြည်သူလူထုနှင့် သွားရောက်တွေ့ဆုံရာတွင် ကုန်ကျမည့် ငွေကြေးအသုံးစရိတ် အတွက် အခက်ကြုံနေကြောင်း ကွန်ဟိန်းမဲဆန္ဒနယ် မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဝါနုက ဆိုသည်။
ယင်းအခက်အခဲကို နိုင်ငံတကာတွင် မည်သို့ဖြေရှင်းပေးသည်ကို သိလိုပါသည်ဟု ဒေါ်နန်းဝါနုက ရန်ကုန်မြို့တော် Micasa ဟိုတယ်တွင် “နိုင်ငံရေးပါတီများ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းချက်များ” ခေါင်းစဉ်ဖြင့် ဟောပြောပေးသော Ms.Janelle Saffinu ကို မေးမြန်းစဉ် ၄င်းက ယင်းသို့ ထည့်သွင်း ဖြေကြားသွားခြင်းဖြစ် သည်။
“လူထုနဲ့ဆင်းတွေ့ဖို့က လွှတ်တော် ကိုယ်စားလှယ်လစာ သုံးလစာ၊ ဆယ်သိန်း လောက်စုပြီးမှ သွားနိုင်တယ်" ဟု ဒေါ်နန်းဝါနု က ဆိုသည်။
နိုင်ငံတော်ငွေကြေးမှ စိုက်ထုတ် ထောက်ပံ့ခြင်းထက် ဘဏ္ဍာရေး လိုငွေပြနေသော မြန်မာနိုင်ငံတွင် လွှတ်တော် ကိုယ်စားလှယ်များအနေနှင့် ကိုယ်ပိုင် စီးပွားရေးမှ ရရှိသော ငွေကြေးကိုသာ သုံးစွဲပြီး လွှတ်တော်ကိုယ်စားလှယ် တာဝန်များကို ထမ်းဆောင်သင့်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က အကြံပြုသည်။
သြစတြေးလျနိုင်ငံတွင် ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းသည် ရွေးကောက်ပွဲ တွင် ထောက်ခံမဲ ၄ ရာခိုင်နှုန်း အထက် ရရှိပါက ထောက်ခံမဲတစ်မဲလျှင် ကန်ဒေါ်လာ တစ်ဒေါ်လာနှုန်းဖြင့် အစိုးရက ထောက်ပံ့ပေးပြီး ယင်းနှုန်းထားကို ငွေကြေးဖောင်းပွမှု နှုန်းထားအလိုက် လွှတ်တော်က ပြင်ဆင်သတ်မှတ် ပေးကြောင်း Ms.Janelle Saffinu က ဆိုသည်။
ဂျပန်၊ တောင်ကိုရီးယား၊ တိုင်ဝမ်၊ ဂျာမနီ၊ အီတလီ၊ ပြင်သစ်၊ ဗြိတိန်၊ သြစတြေးလျ၊ ကနေဒါနှင့် အမေရိကန် ပြည်ထောင်စု တို့တွင် သက်ဆိုင်ရာအစိုးရ များက နိုင်ငံရေးပါတီများ သို့မဟုတ် လွှတ်တော်ကိုယ်စားလှယ်လောင်း များကို ပါတီဝင်နှင့် ပါတီထောက်ခံသူများ ထံမှ ကောက်ခံရရှိသော ပါတီရန်ပုံငွေ ပမာဏနှင့် ရွေးကောက်ပွဲတွင် ရရှိသော ထောက်ခံမဲ အရေအတွက်ပေါ် မူတည်တွက်ချက်ပြီး နိုင်ငံတော်အစိုးရက ထောက်ပံ့ပေးသည်။
.. www.MyanmarExpress.net

.jpg)

25 comments:
သားလေးကြီး၇င်ဘာလုပ်မယ်။
အမတ်ကြီးတွေလုပ်ပါမယ်။
ကဲ နိင်ငံတော်ကတော့ ခင်ဗျားတို့ကို ချီးမြှင့်ပြီ။ခင်ဗျားတို့က
လွှတ်တော်ထဲမှာ အိပ်ငိုက်မနေကြနဲ့။
များများခံစားခွင့်ယူရင် အလုပ်ဒီထက်မက လုပ်ရဘို့မမေ့ပါနဲ့
တရားရေးဝန်ထမ်းတွေအတွက်ဝန်ထမ်းအိမ်ရာစီစဉ်ပေးပါဦးဗျို့။
Could they make anything good for us?spoil the public'budget.
Bar a tawt pae Dar lal hin?
အိမ် ခြံ မြေ ဈေး က စားပြီး ရောင်း ဝယ် လုပ် ပြီး အ ခွန်ရှောင် နေသူများကို တိကျ စွာအခွန်ဆောင်ခိုင်ပါ ငွေမရှ်ဘူးဆိုပြီး ဝန်ထမ်းတွေအထူးသဖြင့်ကျန်းမာရေး ဝနထမ်တွေမှာ သေအောင်အလုပ်လုပ်ပြီး ထမင်တောင်ဝအောင် မကျွေးဘူး အကုန်စိတ်နာနေကြပြီ
***FOR OUR COUNTRY AND FOR OUR PEOPLE***
WE THANK TO ALL OF OUR REPRESENTATIVES
1-GOOD NEWS FOR THOSE REALLY NEED THE MONEY BUT SOME ARE NOT NEED THE MONEY.
2-THINK? IS IT BETTER TO DISCLOSE PERSONAL INCOME AND WEALTH TO THE GENERAL PUBLIC IF THEY NEED THE MONEY SUPPORT FROM OUR GOVERNMENT.
3-WE EXPECT OUR LUTTAW REPRESENTATIVES ARE DISCUSS IN DETAILS CONSIDERING PROS AND CONS FOR ALL ISSUES AND GET THE VOTING RESULTS;WE EXPECT ALL REPRESENTATIVES AS A COLLECTIVE WORKFORCE TO SUPPORT AND COOPERATE THE VOTING RESULTS EITHER LIKE IT OR NOT LIKE IT.
4-THANK YOU TO ALL REPRESENTATIVES.PLEASE CONTRIBUTE MORE WORKING HOURS AND DAYS FOR OUR COUNTRY AND LESS STOPPAGES AND HOLIDAYS.
5-REQUEST TO REPLACE WITH NEW LAWS IF NEEDED AND MAKE MORE BENEFICIAL TO OUR COUNTRY.
6-REQUEST TO REVISE ALL LAW AS NEEDED.
7-REQUEST TO INTRODUCE JURY TRIAL WITH FULL HEARINGS BECAUSE IT WILL BE MORE FAIR AND JUST TO OUR GENERAL PUBLIC. REQUEST TO INTRODUCE REASONABLY QUICK TRIAL AND REASONABLE LEGAL EXPENSES FOR THE GENERAL PUBLIC.REQUEST TO REFORM THE LEGAL SYSTEM.WE NEED OUR LEGAL AFFAIRS FREE FROM (SANDA,DAWTHA,BAYAR,MAWHA).
REQUEST TO INTRODUCE NEW ETHICAL LAW TO CONTROL JUDGES,COURT OFFICIALS,COURTROOMS AND LAWYERS.
REQUEST PLEASE ALLOW TO GET REPORTS,DOCUMENTS ETC AT STATE OR DIVISION *TAYAR LUTTAW* INSTEAD OF SO MANY TRIPS TO NAYPYIDAW.
REQUEST TO INTRODUCE TO USE A4 SIZE PAPER 11 INCHES BY 8 1/2 INCHES PAPERS INSTEAD OF TRADITIONAL LEGAL PAPERS AND REVENUE STAMPS BECAUSE THEY ARE TOO LARGE.
WITH MYITTA...
Oh My God!
Something wrong with system.
How to lead without experience?
Australia and Myanmar are totally difference.
Myanmar will floating to ...
where?
Good luck Myanmar...
ပညာရေးဝန်ထမ်းတွေကမငြီးရဘူးမင်းတို့ဆေးခိုးရောင်းစားလို့ရနေတဲ့ကျန်းမာရေးဝန်ထမ်းကငြီးနေ...အိမ်ခြံမြေကိစ္စနဲ့မင်းနဲ့ဘာဆိုင်လို့လျှောက်အာချောင်နေတာလဲစောက်ရူးရဲ့
ဥပဒေပြုအမတ်တွေ ဥပဒေကိုနားလည်ဖို့လိုတယ်တယ်နော် ။အနည်းဆုံးဖွဲ့စည်းပုံကိုပေါ့။လွှတ်တော်မှာ ထင်ရာမရမ်းပါနဲ့။ သမိုင်းကောင်းအောင်နေကြပါ။
မနာလိုဖြစ်မနေပါနဲ့ငနာကြီးရယ်မကျေနပ်ရင်မင်းမှာအရည်အချင်းရှိရင်မင်းလည်းကိုယ်စားလှယ်ဖြစ်အောင်ကြိုးစားပေါ့
သူများ ရ တာ ကိုမနာ လိုမဖြစ် ပါ နဲ့ ။ မင်း တို့  ဆို ရင်ရော ကိုယ့်အိတ် ထဲ ကစိုက် လုပ် နိုင် မှာ လား
ပုံ မှာ ပါတဲ့ ပင် နီ ဝတ် က NLD မွတ်ဒေါင်း ပါတီက ဖြစ် ဖို့ များ တယ်
သူ များ ရတာ မနာလို မဖြစ် နဲ့ ။ မင်း တို့ ဆို ရင် ရော အိတ် ထဲ က စိုက် လုပ် မှာ လား
အင်းကောင်းပါတယ် အလုပ်ကိုတော့သေချာလုပ်၊ ပြည်သူရဲ့ ငွေယူပြီး အလုပ်မလုပ်ရင်တော့ ငရဲပြည်မှာ လွှတ်တော်ကျင်းပမယ်၊ ကူးတို့ခတော့ ကားနဲ့မဟုတ်ဘူး၊ ရိုးသားပါ၊ ပြည်သူကို ဦးစားပေးပါ၊ ကိုယ်ချင်းစာပါ။
နိုင်ငံ့ဝန်ထမ်းတွေကိုလစာ တိုးပေးတုံးကလဲ ဒီလိုတိုက်တွန်းချက်တွေ ဖတ်ဖူးတယ် ဘာတွေပြောင်းလဲသွားလဲ ဘယ်လိုတိုးတက်မှု တွေ့ရပါလဲ တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမည်ဆိုတာ အလကားစကားမဟုတ်ပါ
Father land မှာ တောင်းပါဗျို့
ထောပြီ
ပင် နီ ဝတ်NLD မွတ် ဒေါင်း များဖြစ် ဖို့များ သည်
မသင့်ပါ၊ ခံစားခွင့်တွေ ရပိုင်ခွင့်တွေ စဉ်းစားလာတာထက် ပြည်သူ့အကျိုး ဘယ်လောက်လုပ်ပေးနိုင်လဲ တွေးပါ
နယ်လည်းမဆင်းဘူး မြို့နယ်ပါတီရုံးကိုလည်း လက်လှူရှူထား တဲ့မိုးကြ ရွှေကိုလွှတ်တော် အမတ်တွေ အများကြီး ပဲ
ပေးလိုက်ပါ သူတို့ကအမတ်တွေဘဲ
ဆင်းရဲသား နင်းပြား နွေ ရဲ့ အခွင့် အရေး တွေ တောင်းပေး ကြပါအုံး
ဆင်းရဲသားအခွင့်အရေးတွေလဲ တောင်းပေးကြပါ အုံး
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်