From :
..မြဝတီ
. www.MyanmarExpress.net
နေပြည်တော် မေ ၉
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ်
၁ဝ၅ မိုင် ရှောင်ကွင်း လမ်းပေါ်တွင် ယနေ့နံနက် ၈ နာရီခွဲ အချိန်က RCSS/ SSA
(ရွက်ဆစ်) လက်နက်ကိုင် အဖွဲ့ တစ်ဖွဲ့သည် အပြစ်မဲ့ တိုင်းရင်းသား ဒေ သခံ
ပြည်သူများအား လက်နက်ငယ် များဖြင့် ပစ်ခတ် ခဲ့သဖြင့် မိုင်းငေါ့
မြို့နယ်ခွဲ၊ မြို့သစ်အုပ်စု၊ ပန်တိမ်းရွာနေ မောင် ထွန်းရင် ၂ဝ နှစ် (ဘ)
ဦးအောင်သန်းမှာ ဦးခေါင်းတွင် လက်နက်ငယ် ထိမှန် ၍ နေရာတွင် သေဆုံးခဲ့ ပြီး
မူ ဆယ်မြို့နယ်၊ ဟိုနောင် ကျေးရွာနေ မောင်သက်လွင်ဦး ၂၃
နှစ်(ဘ)ဦးစံဦးမှာ ဘယ်ဘက်လက်မောင်း လက်နက်ငယ် ထိမှန် ဒဏ်ရာနှင့်
မဝေလွင်လှိုင် ၂၇ နှစ် (ဘ) ဦးစံရွှေမှာ ညာဘက်လက်မောင်း လက်နက် ငယ် ထိမှန်
ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။

သောင်းကျန်းသူများ၏ လက်နက်ငယ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးသွားသော မောင်ထွန်းရင်အား တွေ့ရစဉ်။

သောင်းကျန်းသူများ၏ လက်နက်ငယ်ဖြင့် ပစ်ခတ်မှုကြောင့် ဒဏ်ရာ ရရှိသွားသော မောင်သက်လွင်ဦးအား တွေ့ရစဉ်။
.. www.MyanmarExpress.net


2 comments:
မြန်မာပြည်လွတ်လပ်ေ၇း ၇ပြီးကတည်းက မ၇၇ှိသေးတဲ့ငြိမ်း
ချမ်းေ၇း သကြားမင်းဆင်းလာတောင် မ၇တော့ဘူးထင်ပါ၇ဲ့ဗျာ။
စစ်တပ်ကစစ်မတိုက်ရဘူးဆိုရင်ဘာလုပ်ရမှာလဲပြောပါတာဝန်ရှိသူအပေါင်းတို့
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်