From :
..irrawaddy
..
www.MyanmarExpress.net
အစိုးရက ပုဂ္ဂလိကနေ့စဉ်ထုတ်သတင်းစာများ ထုတ်ဝေခွင့်ပြုလိုက်ပြီးနောက်
တလကျော်ကြာမြင့်လာချိန် ဈေးကွက် အတွင်းတွင် အခမဲ့ဖြန့်ချိထုတ်ဝေသော
သတင်းစာအချို့ ပေါ်ထွက်လာသည်အထိ ပုဂ္ဂလိက နေ့စဉ် ထုတ် သတင်းစာများ၏
ပြိုင်ဆိုင်မှုပြင်းထန်လာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းရှိရသည်။
ဧပြီလ ၁ ရက်နေ့စပြီး ပြန်ကြားရေးဝန်ကြီးဌာနက
သတင်းစာထုတ်ဝေခွင့်များချထားပေးခဲ့ပြီး လတ်တလော ထုတ်ဝေ ခွင့် ရရှိသော
ပုဂ္ဂလိကသတင်းစာ ၂၆ ထိရှိလာကြောင်း၊ ဈေးကွက်အတွင်းတွင်မူ ထုတ်ဝေဖြန့်
ချိနေေ သာ ပုဂ္ဂလိကသတင်းစာ ၁၀ စောင်ရှိပြီး Messenger သတင်းစာမှာ မေလ ၇
ရက်နေ့တွင် အခမဲ့ သ တင်း စာအဖြစ် ထွက်ရှိလာကြောင်း၊ ပုဂ္ဂလိက သတင်းစာများ
အပြိုင်အဆိုင် ထုတ်ဝေမှု အရှိန်မြှင့် လာသ ည်နှင့် အမျှ ရန်ကုန်ဈေးကွက်၊
မန္တလေးဈေးကွက် အပါအ၀င် တနိုင်ငံလုံးအတိုင်းအတာဖြင့် ဈေး ကွက်ဝေ စုရရှိရေး
ပုံစံမျိုးစုံဖြင့် အရောင်းမြှင့်တင်လျက်ရှိ ကြောင်း ဈေးကွက်အတွင်းမှ
စုံစမ်းသိရှိရသည်။
လတ်တလောဈေးကွက်တွင် The Voice ၊ 7 Day ၊ Daily Eleven ၊ ရွှေနိုင်ငံ ၊
စံတော်ချိန် ၊ Yangon Time ၊ News Week၊ ပြည်ထောင်စု နေ့စဉ် ၊ Messenger
Daily ၊ ခေတ်သစ်နေ့စဉ် တို့ဖြစ်ပြီး ဈေးကွက် ဦးဆော င်နေေ သာ သတင်းစာ Daily
Eleven ၊ The Voice နှင့် 7 Day တို့ဖြစ်ကြောင်း၊ အရောင်း ရဆုံး သတင်း
စာများ၏ စောင်ရေသည် အနည်းဆုံး ၃ သောင်း အထက်တွင် ရှိနေကြောင်း
ဈေးကွက်အတွင်းမှ စုံစမ်း သိ ရှိရ သည်။
ရန်ကုန်မြို့၏ အထင်ကရ သတင်းစာနှင့်စာအုပ်ဖြန့်ချိရေးလုပ်ငန်းတခုဖြစ်သည့်
ဆင်တောင်ကြီးစာပေ တိုက် ပိုင် ရှင် ဒေါ်ခင်မျိုးညွှန့် က Daily Eleven
သတင်းစာသည် အရောင်းရဆုံးနှင့် စောင်ရေ အများ ဆုံးဖြစ်ေ နကြောင်း ဧရာဝတီသို့
ပြောသည်။
”ကျမတို့ဆိုင် အနေအထားနဲ့ ပြောရရင် Eleven သတင်းစာက စောင်ရေအများဆုံးပဲ။ 7
Day နဲ့ The Voice လည်း ရောင်း ရတယ်”ဟု ဒေါ်ခင်မျိုးညွှန့်က ဆိုသည်။
ပုဂ္ဂလိကသတင်းစာများ ပုံစံအမျိုးမျိုးဖြင့်
အရောင်းမြှင့်တင်နေကြရာတွင်လူမှုရေးနှင့်နာရေးကြော်ငြာများ အခ မဲ့
ထည့်သွင်းပေးခြင်း၊ သတင်းစာဝယ်ဖတ်သူတိုင်းကို တန်ဖိုးကြီးကွန်ပျူတာနှင့်
ဖုန်းဟန်းဆက်များ ကံစမ်း မဲဖောက် ပေးသည့်စနစ် ကျင့်သုံးခြင်း၊ အခမဲ့
သတင်းစာ ဖြန့်ဝေခြင်း အပါအ၀င် အရောင်းမြှင့် တင်ေ ရး နည်းလမ်းမျိုးစုံကို
အသုံးပြုလျက်ရှိကြောင်း သိရှိရသည်။
Yangon Time နေ့စဉ်ထုတ်သတင်းစာက သတင်းစာဝယ်ယူဖတ်ရှုသူများကို Samsung Galaxy
S4 ဖုန်း ဟန်း ဆက် တလုံးကို တပတ်လျှင် တကြိမ် ကံစမ်းမဲဖောက်
မေတ္တာလက်ဆောင်ပေးသွားမည်ဟု အဆိုပါ သတင်း ၏ လက်ထောက်အုပ်ချုပ်မှု အယ်ဒီတာ
ကိုစောမြင့်သန်းက ပြောသည်။
”ကျနော်တို့ သတင်းစာကို ၀ယ်ဖတ်တဲ့သူတွေအနေနဲ့ သတင်းစာမှာပါတဲ့
ကံစမ်းမဲပေးပို့ရမယ့် လျှောက် လွှာလေးကို ဖြဲပြီး အမည်လိပ်စာရေး၊ ပြီးရင်
စာတိုက်ပို့ရုံပဲ။ ရောက်လာတဲ့ ကံစမ်းမဲလျှောက်လွှာတွေကို မဲနှိုက်ပြီး
ကံထူးတဲ့သူကို Samsung Galaxy S4 ဖုန်းဟန်းဆက် တလုံး အပတ်စဉ်
ချီးမြှင့်ပါ့မယ်။ မနက်ဖြန် ၈ ရက်နေ့ကစပြီး အပတ်စဉ် မဲဖောက် ပေးမှာ”ဟု
ကိုစောမြင့်သန်းက ဆိုသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတင်အေး၏ သား ဦးဇော်မင်းအေးထုတ်ဝေသော
Messenger သတင်းစာ က အခြားပုဂ္ဂလိက သတင်းစာများကဲ့သို့ ငွေကြေးဖြင့်
မရောင်းချတော့ဘဲ အခ မဲ့ဖြန့်ဝေခြင်ြး ဖင့် ဈေးကွက်ဝေစု
ရရန်ကြိုးစားလာကြောင်း၊ အထူးသဖြင့် ကြော်ငြာဖြင့် ရပ်တည်ရန် ကြိုး သာ
ပထမဆုံးသော အခမဲ့သတင်းစာ ဖြစ်လာသည်။
Meseenger သတင်းစာ၏ တာဝန်ခံအယ်ဒီတာဦးအောင်ပေါ်ထွန်းက ရန်ကုန်မြို့၏
လူစည်ကားသော ဈေး ၀ယ် စင်တာများ၊ လက်ဖက်ရည်ဆိုင်များ အပါအ၀င် နေရာ ၄၀
တွင်သတင်းစာကို အခမဲ့ဖြန့်ဝေပေး လျက် ရှိပြီး နယ်မှ အမှာစာပေးပို့ ယူသူများ
ထံသို့ လည်း အခမဲ့ ပို့ဆောင်ပေးလျက်ရှိကြောင်း ဧရာဝတီ သို့ပြောသည်။
”စာဖတ်သူကို ၀န်ထုပ်ဝန်ပိုးမဖြစ်စေဖို့ နည်းလမ်းရှာရင်း
အခမဲ့ထုတ်ဝေဖို့အယ်ဒီတာအဖွဲ့က ဆုံးဖြတ် လိုက်တာပါ။ တချို့တွေအတွက်
သတင်းစာဖိုးက ဘာမှမဟုတ်ပေမဲ့ တချို့အတွက်တော့ မတတ်နိုင်ဘဲ ၀န်ထုတ် ၀န်ပိုး
ဖြစ်နေတယ်” ဟု ဦးအောင်ပေါ်ထွန်းက ပြောသည်။
ပုဂ္ဂလိကသတင်းစာများ ပုံစံမျိုးစုံဖြင့် အရောင်းမြှင့်တင်လျက်ရှိသော်လည်း
ဖြန့်ချိရေးနှင့် ပုံနှိပ်စက် အခက် အခဲများသည် ပုဂ္ဂလိကသတင်းစာအချင်းချင်း
ပြိုင်ဆိုင်ရာတွင် အဓိက ရင်ဆိုင်နေရသည့် အကြီး ဆုံးသော ပြသနာ ဖြစ်နေကြောင်း
သိရှိရသည်။
စံတော်ချိန်သတင်းစာ၏ အယ်ဒီတာချုပ် ဦးရဲကျော်ခေါင်က ပုဂ္ဂလိက နေ့စဉ်
သတင်းစာအချို့သည် ကိုယ် ပိုင် ပုံနှိပ်စက် မရှိသည့် အတွက်
ပုံနှိပ်စက်ငှားရမ်း ရိုက်နှိပ်ရပြီး ဈေးကွက်အတွင်းသို့ အချိန်မီ
မဖြန့်ချိ နိုင်ေ သာ အခြေအနေ နှင့် ရင်ဆိုင်နေရကြောင်း၊
ဈေးကွက်လိုအပ်ချက်အရ သတင်းစာစောင်ရေ တိုး ချင်သော် လည်း ပုံနှိပ်စက် နှင့်
ဖြန့်ချိရေး အခက်အခဲကြောင့် စောင်ရေ တိုးမရိုက်နိုင်ဟု ပြောသည်။
“ပြသနာတက်တာက ပုံနှိပ်စက်။ ပုံနှိပ်စက် အပိုင်မရှိတော့ စာမျက်နှာတွေကို
ပုံနှိပ်စက်တွေခွဲပြီးအပိုင်းပိုင်း ခွဲ ရိုက်နေ ရတယ်။ အချိန်ယူရတော့
စောင်ရေကတိုးရိုက်လို့ မရဘူး။ ဖြန့်ချိရေးမှာကကိုယ်တိုင် မဖြန့်နိုင်ေ တာ့
ကိုယ်စားလှယ်ကြီးတွေကိုအားကိုးနေရတယ်။ ရှင်းရှင်းပြောရရင် နယ်တွေကို
ရောက်အောင် မဖြန့်နို င်သေးဘူး”ဟု သူက ဆိုသည်။
7 Day သတင်းစာ၏ အမှုဆောင်အယ်ဒီတာက ကိုအားမာန်ကလည်း ပုံနှိပ်ရေးနှင်ဖြန့်
ချိရေးပြ သနာ သာမက အစိုးရဌာနဆိုင်ရာများက သတင်းထောက်များ၏
ဆက်သွယ်မေးမြန်းချက်ကို မဖြေသောကြောင့် သတင်း ရရှိရေး အပိုင်းတွင်ပါ
အခက်အခဲများကြုံတွေ့နေရကြောင်း ရှင်းပြသည်။
”ပုံနှိပ်ရေးနဲ့ ထုတ်ဝေဖြန့်ချိရေးမှာ ပြဿနာ ကြုံနေရတယ်။
ညဖောင်ပိတ်ပြီးတော့ မနက်စောစော ဈေး ကွက် ကို
ဖြန့်နိုင်ဖို့ကပုံနှိပ်စက်တွေ ခွဲရိုက်နေရတော့ အဆင်မပြေဘူး။ သတင်းယူတဲ့
အပိုင်းမှာ အားမ ရသေးပေမဲ့ နေ့စဉ်တော့ ရေးလို့ ရနေတယ်။ အစိုးရဌာန
ဆိုင်ရာတွေဆီကသတင်းရယူဖို့ကလည်း သိပ်မ လွယ်သေးဘူး”ဟု ကိုအားမာန်က
ရှင်းပြသည်။
ပုဂ္ဂလိကသတင်းစာလောကဖွံ့ဖြိုးရေးအတွက် ဈေးကွက်ဝေစုရရှိရေး အရေးကြီးသကဲ့သို့
အစိုးရ ပိုင်းကလည်း ဖေးမကူညီမှုများ လုပ်ဆောင်ပေးသင့်သည်ဟု
ဝါရင့်သတင်းစာဆရာတဦးဖြစ်သူ ဦးရဲနိုင်မိုးက သုံးသပ်သည်။
”ပုဂ္ဂလိကသတင်းစာတွေ ဖွံ့ဖြိုးလာဖို့က ဈေးကွက် အပေါ်မှာ မူတည်တယ်။
စာဖတ်သူတွေရဲ့ သတင်း စာကို ဖတ်နိုင်တဲ့ Media Literacy အပေါ်မှာလည်း
မူတည်တယ်။ အစိုးရ ပိုင်းကပါ မီဒီယာ ဖွံဖြိုးတိုး တက်ေ ရး အတွက်
ဘယ်လောက်လမ်းဖွင့်ပေးမှာလဲ။ ဆက်နွယ်ပြီးပြောရရင် အခုပြဋ္ဌာန်းဖို့ လုပ်နေတဲ့
မီဒီ ယာ ဥပဒေ အပေါ်မှာလည်း မူတည်တယ်”ဟု ဦးရဲနိုင်မိုးက ဆိုသည်။
ပုဂ္ဂလိကနေ့စဉ်ထုတ်သတင်းစာများကို ဈေးကွက်တွင် တစောင်လျှင် ၂၀၀ မှ ၃၀၀
အကြား ရောင်းချ လျက် ရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။



4 comments:
ငါတို့ မြန်မာ သောက်ကျင့်ကသူများလုပ်၇င် လိုက်လုပ်မယ်။
နေပစေ။၇ှုးံတဲ့ကောင်တွေ ထွက်သွားလိမ့်မယ်။
The public didn't buy any circulation of pyi htaung Su daily newspaper.why?
ဘယ်သူပြိုင်လို့၇ှုံးပါနိင်။
လုပ်ကြပေါ့
ထုတ်ဝေသူတွေပဲ မွဲပြာကျမလား။
ဂျာနယ်လစ်အချင်းချင်းပဲ ဆော်ပလော်တီးကြမလား။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်