Subscribe to our RSS Feed

မြန်မာနိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့စီးပွားရေးဖိုရမ် ပြည်ပမီဒီယာ ၈၀၀ ကျော်တက်မည်

From : ..The Voice


မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပမည့် (၂၂) ကြိမ်မြောက် အရှေ့အာရှ ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ပြည်တွင်းပြည်ပမှ သတင်းမီဒီယာသမား ၈၀၀ ကျော် တက်ရောက်မည်ဟု ခန့်မှန်းထားကြောင်း အဆိုပါ စီးပွားရေးဖိုရမ် သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။ အဆိုပါ (၂၂) ကြိမ်မြေက် အရှေ့အာရှ ကမ္ဘာ့စီးပွားရေး ဖိုရမ်ကို မြန်မာနိုင်ငံ၏ မြို့တော် နေပြည်တော်တွင် ဇွန်လ ၅ ရက်နေ့မှ ဇွန်လ ၇ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်သည်။ ပြည်ပမှ မီဒီယာ အများအပြား တက်ရောက်ခြင်းကြောင့်လည်း ပြည်တွင်းရှိ အခွင့်အလမ်းများနှင့် အခြေအနေများကို ကမ္ဘာက သိသွားနိုင်ကြောင်း မလေးရှားအခြေစိုက် မီဒီယာကုမ္ပဏီ တစ်ခုမှ Events Manager ဦးဇွဲမာန်က ဆိုသည်။ “ဒီဖိုရမ်က ကျွန်တော်တို့အတွက် အခွင့်အလမ်းတစ်ခု ဖြစ်လာမှာဗျ။ ပြည်တွင်းက အခြေအနေကို သူတို့အနေနဲ့ အတိုင်းအတာတစ်ခုအထိ လေ့လာခွင့်ရသွားတာပေါ့” ဟု အဆိုပါ ဖိုရမ်ကို တက်ရောက်မည့် ပြည်တွင်းစွမ်းအင် ကုမ္ပဏီတစ်ခုမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းဖြိုးက မှတ်ချက်ပေးသည်။ ယခုဖိုရမ် ကျင်းပခြင်းကြောင့် ၂၀၁၄ အာဆီယံဥက္ကဋ္ဌ ရာထူးနှင့် အာဆီယံစီးပွားရေး အသိုက်အဝန်း (AEC) အတွက် ပြင်ဆင်ရာတွင် အကျိုးရှိနိုင်ကြောင်း ဦးဝင်းဖြိုးက ဆိုသည်။ ယခုဖိုရမ်တွင် UNDP မှ အထွေထွေ အုပ်ချုပ်ရေးမှူး Ms. Helen E. Clark, အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် QPR အသင်းပိုင်ရှင်နှင့် Air Asia Group CEO ဖြစ်သူ Anthony F.Fernandes၊ Mitsubishi Corporation မှ ဘုတ်အဖွဲ့ဥက္ကဋ္ဌ Yorihiko Kojima၊ PepsiCo ကုမ္ပဏီဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Indra Nooyi၊ Tata Consultancy Services မှ ဒုတိယဥက္ကဋ္ဌ Subramanian Ramadorai၊ GE ဟောင်ကောင်မှ ဒုတိယဥက္ကဋ္ဌ John Rice တို့က ပူးတွဲ ဥက္ကဋ္ဌများအဖြစ် တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ ဖိုရမ်နှင့်အတူ ပူးတွဲကျင်းပလေ့ရှိသော ကမ္ဘာ့လူငယ် ခေါင်းဆောင်များ နှစ်ပတ်လည် ထိပ်သီးအစည်းအဝေး (Young Global Leaders Annual Summit-YGLs) ကိုလည်း ရန်ကုန်မြို့တွင် ဇွန်လ ၂ ရက်နေ့မှ ၇ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှ လူငယ်ခေါင်းဆောင် ၂၀၀ ကျော် တက်ရောက်မည် ဖြစ် သည်။

.. www.MyanmarExpress.net

 

2 comments:

မျက်စေ့ စပါးမွှေးတော့ ဆူးအုံးမှာပေါ့ကွာ။

Done yinn ka done yinn par pe. Pyithu tway pe sinn ye nay myel. Lat Ta sote pe chan thar sal.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်