Subscribe to our RSS Feed

မော်တော်ယာဉ် ၁၈၆၄၆ စီး သွင်းကုန်ပါမစ် ထုတ်ပေးပြီးဖြစ်

From : ..ကြေးမုံ


ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန သွင်းကုန်လုပ်ငန်းဌာနခွဲ မော်တော်ယာဉ် ပါမစ်ထုတ်ပေးရေးဌာနစိတ် ရန်ကုန်တိုင်းဒေသကြီး ရုံးက လူတစ်ဦးချင်းအလိုက် မော်တော်ယာဉ် သွင်းကုန်ပါမစ်များ ထုတ်ပေးလျက်ရှိရာ ၂၀၁၂ ခုနှစ် သြဂုတ် ၁ ရက်မှ ၂၀၁၃ ခုနှစ် မေ ၇ ရက်အထိ 1350CC အောက်ယာဉ်များ အပါအဝင် Saloon၊ Van, Wagon၊ Mini Truck၊ Light Truck၊ Hatchback တို့ စုစုပေါင်း မော်တော်ယာဉ် ၁၈၆၄၆ စီးကို သွင်းကုန်ပါမစ် ထုတ်ပေးပြီး ဖြစ်ကြောင်းနှင့် အမေရိကန်ဒေါ်လာ ၁၃၀ ဒသမ ၂၅၂ သန်းခန့် တန်ဖိုးရှိကြောင်း သိရသည်။ အဆိုပါ မော်တော်ယာဉ် သွင်းကုန်ပါမစ် လျှောက်ထားရာတွင် အမျိုးသား မှတ်ပုံတင်ကတ်ပြား ယခင်နှစ်ခေါက်ချိုး ကိုင်ဆောင်ထားသူများသည် နိုင်ငံသားကတ်ဖြင့် လဲလှယ်ပြီးမှသာ လျှောက်ထားရမည် ဖြစ်ကြောင်း၊ အလားတူ စားအုန်းဆီ လျှောက်ထားသူများသည် ဖေဖော်ဝါရီ ၂၅ ရက်မှစ၍ နေပြည်တော် ရုံးချုပ်တွင် သာမက ရန်ကုန်တိုင်းဒေသကြီး(ရုံးခွဲ) သွင်းကုန်လုပ်ငန်း ဌာနစုတွင် လျှောက်ထားနိုင်သည်။ 

 .. www.MyanmarExpress.net
 

3 comments:

ဇော်ဝင်း၇ှိန် သီချင်းဖျက်ဆို၇မလိုဖြစ်နေပြီ။( ကားပေါင်းများ
စွာလည်း တစီးမှ ကိုယ်မပိုင်ပါလား )။

လူ များစီး ပြိး သား တွေ အ ကျ တွေ အ အို တွေ ပါ ကွာ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်