From :
..mwd
.. www.MyanmarExpress.net
နေပြည်တော် မေ ၈
သောက်သုံးရေ ရှားပါးမှု ကြုံတွေ့နေရသော
ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ရပ်ကွက်၊ ကျေးရွာများသို့ တပ်မတော်
သားများက သောက်သုံးရေများ ဖြန့်ဝေလှူဒါန်း လျက်ရှိရာ မေ ၆ ရက်တွင် ဧရာ
ဝတီတိုင်း ဒေသကြီး၊ ကြံခင်း မြို့နယ်၊ ကျည်တိုင်ကွင်း ကျေးရွာရှိ
အိမ်ထောင်စု ၉ဝ စုအတွက် ရေဂါလန် ၃၆ဝဝ အားလည်းကောင်း၊
ငါးသိုင်းချောင်းမြို့နယ်(ခွဲ)၊ ဖလန်ကျေးရွာ အုပ်စု အတွင်းရှိ အိမ်ထောင်စု
၃၄၅ စုအတွက် ရေဂါလန် ၄၅ဝဝ အား လည်းကောင်း၊ မေ ၇ ရက်တွင် ရန်ကုန်တိုင်း
ဒေသကြီး၊ ကျောက်တန်း မြို့နယ၊် ကုလားတန်း၊ ဂါးတဲ (ရွှေပြည်သစ်) ကျေးရွာရှိ
အိမ်ထောင်စု ၂ဝဝ စုအတွက် ရေဂါလန် ၃၈ဝဝ အားလည်းကောင်း တပ်မတော် သားများက
တပ်ပိုင်ရေ သယ်ယာဉ်များဖြင့် သောက်သုံးရေများ အသီးသီးဖြန့်ဝေ
လှူဒါန်းပေးပြီး ဂါးတဲ (ရွှေပြည်သစ်) ကျေးရွာ တွင် ရေကန် အသစ်
တူးဖော်ခြင်းနှင့် ဒလမြို့နယ် ကျန်စစ်သား ရပ်ကွက် မင်္ဂလာကန် အမှတ်(၃)၊
အမှတ်(၇)နှင့် ကမာကသွယ် ရပ်ကွက်ရှိ ကန်သာယာ ရေကန်တို့အား ထပ်မံတိုးချဲ့
ဆယ်တင်ခြင်းတို့အား ကူညီ ဆောင်ရွက်ပေးသည်။

အလားတူ မေ ၇ရက်တွင် ပဲခူးတိုင်း ဒေသကြီး
ရေတာရှည် မြို့နယ်၊ ဆွာမင်းလမ်းကျေးရွာ၊ ဆီဆုံကုန်း ကျေးရွာ၊ သစ်ရာကုန်း
ကျေးရွာနှင့် အေးသာယာ ကျေးရွာများရှိ အိမ်ထောင်စု ၄၃ဝစု အတွက် ရေဂါလန် ၂၁၅ဝ
အားလည်း ကောင်း၊ အုတ်တွင်း မြို့နယ်၊ ဗောဓိကုန်း ကျေးရွာရှိ အိမ်ထောင်စု
၂၆ စုအတွက် ရေဂါလန် ၅ဝဝ အားလည်းကောင်း၊ ရွှေကျင် မြို့နယ်၊ မဲဇောင်း
ကျေးရွာ၌ အိမ်ထောင်စု ၈၉ စုအတွက် ရေဂါလန် ၁၅ဝဝ အားလည်းကောင်း၊ ကျောက်ကြီး
မြို့နယ်၊ မုံးမြို့ (၆) ရပ်ကွက်နှင့် ရေအိုးစင် ကျေးရွာရှိ အိမ်ထောင်စု
၁၄ဝစုအတွက် ရေဂါလန် ၆၄ဝဝ အား လည်းကောင်း၊ မေ ၈ရက်တွင် နေပြည်တော် ကောင်စီ
နယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ သူဌေးကုန်း ကျေးရွာနှင့် ကျောင်းကုန်း
ကျေးရွာများရှိ အိမ်ထောင်စု ၂၈၆ စုအတွက် သောက်ရေသန့် ၂ဝ လီတာဆံ့
၂ဝဝဘူးနှင့် ရေဂါလန် ၂၇ဝဝ အားလည်း ကောင်း၊ ဇေယျာသီရိ မြို့နယ် အောင်ချမ်းသာ
ကျေးရွာရှိ အိမ်ထောင်စု ၂၃၉ စုအတွက် ရေဂါလန် ၂၄ဝဝ အားလည်းကောင်း
တပ်မတော်သားများက တပ်ပိုင် ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများ
အသီးသီးဖြန့်ဝေ လှူဒါန်းပေးခဲ့ ကြောင်း သတင်း ရရှိသည်။
.. www.MyanmarExpress.net


2 comments:
ကဲ ကိုယ့်အိမ်မှာ ဘုံဘိုင်ခေါင်းလေး ဖွင့်လိုက်၇င်ေ၇အစဉ်သင့် ၇တဲ့ ၇န်ကုန်သားတွေ နယ်တွေလည်းသွား
ကြည့်ပါအုံးနော်။ပ၇ဟိတ အသင်းတွေ အိပ်ပျော်နေကြပြီလား။
ရေမရှိတဲ့ပြည်သူကို သူတို့သုံးမယ့်ထဲကရေတစ်ချို့ခွဲပေးဖို့သူတို့ဝန်မလေးဘူး စားစရာမရှိရင်ခွဲပေးမယ်
နေစရာမရှိရင်ဖန်တီးပေးမယ် ဝတ်စရာမရှိရင်ကူညီပေးမယ် သူတို့တတ်နိုင်သလောက်ကတော့လုပ်ပေးမှာပါ
အဲဒါတပ်မတော်ပဲ
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်