From :
..eleven
ရန်ကုန်တိုင်း ဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကြောင့် လှော်ကား၊ ရွာမ၊ အလုံနှင့် သာကေတမြို့နယ်များတွင် ပြည်တွင်း၊ ပြည်ပကုမ္ပဏီများနှင့် ပူးပေါင်းကာ ဓာတ်အားပေး စက်ရုံများ ယခုနှစ်အတွင်း အပြီးတည်ဆောက် သွားမည် ဖြစ်ကြောင်း လျပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပြည်တွင်းကုမ္ပဏီများဖြင့် လှော်ကားမြို့နယ်တွင် ဇေယျကုမ္ပဏီနှင့် ၅၀ မဂ္ဂါဝပ် Gas Engine Power Plant စက်ရုံတစ်ရုံ၊ ရွာမမြို့နယ်တွင် မြန်ရွှေပြည် ကုမ္ပဏီနှင့် ၅၀ မဂ္ဂါဝပ် Gas Engine Power Plant စက်ရုံတစ်ရုံ၊ သာကေတမြို့နယ်တွင် CIC ကုမ္ပဏီနှင့် ၅၀ မဂ္ဂါဝပ် Gas Engine Power Plant စက်ရုံ တစ်ရုံတို့ကို တည်ဆောက်ရန် ရှိသည်ဟု သိရသည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အနေဖြင့် ပြည်ပကုမ္ပဏီများနှင့် လှော်ကားမြို့နယ်တွင် ၅၃၀ မဂ္ဂါဝပ် ဓာတ်အားပေး စက်ရုံတစ်ရုံကို Hydro Lang Cang (China) ကုမ္ပဏီနှင့် လည်းကောင်း၊ သာကေတမြို့ နယ်တွင် ၅၀၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံ တစ်ရုံကို Busan Korea Biotechnology (Korea) ကုမ္ပဏီနှင့်လည်းကောင်း၊ အလုံမြို့နယ်တွင် ၁၂၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံ တစ်ရုံကို Toyo Thai (Thai) ကုမ္ပဏီနှင့် လည်းကောင်း အသီးသီး တည်ဆောင်ရန် စီစဉ်ထားကြောင်း သိရသည်။
ထို့ပြင် ရွာမစက်ရုံတွင် ထိုင်းနိုင်ငံ EGAT ကုမ္ပဏီ၏ လှူဒါန်းမှုဖြင့် ပြောင်းရွှေ့တပ်ဆင်မည့် ၁၂၀ မဂ္ဂါဝပ် စက်နှစ်လုံး (၂၄၀မဂ္ဂါဝပ်)၊ သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းများကို ၂၀၁၃ ခုနှစ် အတွင်း အပြီးတည်ဆောက်သွားရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
''ရန်ကုန်တိုင်း ဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ဓာတ်အားစနစ် (National Grid) မှ လျှပ်စစ်ဓာတ်အားကို ၂၃၀ ကေဗွီ ဓာတ်အားခွဲရုံ ခုနစ်ခုဖြစ်တဲ့ သန်လျင်၊ လှော်ကား၊ လှိုင်သာယာ၊ အလုံ၊ သာကေတ၊ မြောင်းတကာနှင့် ဘုရင့်နောင်ခွဲ ရုံကြီးတွေကနေ တစ်ဆင့်ရယူပြီး ရန်ကုန်မှာရှိတဲ့ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ လေးရုံရဲ့ ထုတ်လုပ်မှုနဲ့ ပေါင်းစပ်ပြီး ဓာတ်အားဖြန့်ဖြူးလျက် ရှိပါတယ်။ နှစ်စဉ် ဓာတ်အားသုံးစွဲမှု ရာခိုင်နှုန်းအရ ယခုနှစ်အတွင်း ဓာတ်အားလိုအပ်ချက် ၈၀၀ မှ ၉၀၀ မဂ္ဂါဝပ်အထိ လိုအပ်မှာ ဖြစ်ပါတယ်။ စီးပွားရေးမြို့တော် ရန်ကုန်တိုင်း ဒေသကြီးရဲ့ လျပ်စစ်ဓာတ်အား လိုအပ်ချက်က ခန့်မှန်းထားတာထက် များစွာပိုမိုလာနိုင်ဖွယ် ရှိပါတယ်။ ရန်ကုန်တိုင်းအတွင်း လျှပ်စစ်ဓာတ်အား မရတဲ့ ကျေးရွာ ၁၅၀၀ ခန့် ကျန်နေတယ်'' ဟု လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ တာဝန်ရှိသူက ဆိုသည်။
.. www.MyanmarExpress.net

3 comments:
ဂွတ်ထ။ဂွတ်ထ။
ပုံနဲ့အကြောင်းအရာ ဘာမှ မဆိုင်ပါ မျက်စိလည်အောင် မနောက်နျဲ့နော်
လူပိန်းကြိုက် ဂဏန်းတွေပေါင်းပြီး ထင်တလုံး စီမံ၍ မရပါ။ လက်ရှိ စက်တွေ လည်ဖို့ gas မလောက်တာ ပုဂ္ဂလိက စက်ရုံတွေတည်ပြီး စက်လည်ဖို့ gas အလုံအလောက်မရရင် သူတို့ အရင်းမြုပ်ထားတာ အပေါ် အနစ်နာခံနေမှာမဟုတ်ဘူး။ ဓာတ်အားလဲ မထွက် ပုဂ္ဂလိက အကျိုးမရှူံးရအောင် နိုင်ငံ ကပဲ ထပ်စိုက်ပေးချေနေရနိုင်တယ်။ တိကျတဲ့ တာဝန်ယူမှုတွေ လိုပါတယ်
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်