Subscribe to our RSS Feed

၁၅၀၀ တန်ဖုန်း မေလနောက်ဆုံးပတ် ထပ်ရောင်းမည်

From : ..the voice


နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်ဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက လစဉ်ရောင်းချပေးမည့် ကျပ် ၁၅၀၀ တန် မိုဘိုင်းလ်ဖုန်းလိုင်းကတ် သုံးသိန်းငါးသောင်းကို မေလနောက်ဆုံးပတ်အတွင်း ဒုတိယအကြိမ် ရောင်းချပေးမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။ CDMA 800 MHz မိုဘိုင်းလ်ဖုန်းလိုင်းကတ် ၃၅၀၀၀၀ ကို ဧပြီလ ၂၄ ရက်နေ့တွင် ပထမအကြိမ် ရောင်းချပေးခဲ့ပြီး ယခု မေလတွင်လည်း ယခင်လအတိုင်း ၂၄ ရက်နေ့ ဝန်းကျင်တွင် ရောင်းချနိုင်မည်ဟု မျှော်လင့်ရကြောင်း ဆက်သွယ်ရေးသင်တန်း ကျောင်းအုပ်ကြီး ဦးကျော်စိုးက ထပ်မံအတည်ပြုသည်။ ယင်းကျပ် ၁၅၀၀ တန် CDMA 800 MHz ဖုန်းများမှာ ဖုန်းလိုင်းမမိသည့် နေရာများနေသဖြင့် GSM ဖုန်းများကိုသာ အမြန်ဆုံး ရောင်းချပေးစေလိုကြောင်း မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်နေ ဒေသခံတစ်ဦးက ပြောကြားသည်။ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းက တပ်ဆင်သည့် CDMA 800 MHz မိုဘိုင်းလ်ဖုန်း လိုင်းကတ် သုံးသိန်းငါးသောင်းကို ဧပြီလ ၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ငွေကျပ် ၁၅၀၀ နှုန်းဖြင့် မဲဖောက်ရောင်းချပေးခဲ့သော်လည်း ပြင်ပဈေးကွက်တွင် ယင်းဖုန်းလိုင်းကတ်များမှာ နေရာကိုလိုက်၍ ကျပ်သုံးသောင်းဝန်းကျင်မှ ကျပ်ခြောက်သောင်းဝန်းကျင်အထိ ဈေးမြင့်တက်ခဲ့ သည်။ 

 .. www.MyanmarExpress.net
 

2 comments:

ဘဲအုပ်ကတစ်၇ာနှစ်၇ာ မဗေဒါကတပင်ထဲ။

လူ့အလို နတ် မလိုက် နိုင် ပဲ ။ အရင် နဲ့  စာ ရင် အစိုးရကို ကျေး ဇူး တင် ရ မယ် ။ အ ကောင်း မြင် တဲ့ဖက် က စဉ်း စား ပါ။ ဘေးထိုင် ဘိုင် ကျ ဘု ပြော မလုပ် ပါ နဲ့။ ညောင် ဦး မှာ တော့ ၁၅၀၀ ကဒ် က အခု လိုင်း မိ တာ အား နည်း မယ် လေ ယာဉ် ဆင်း လမ်း နဲ့မလွတ် လို့ တါ ဝါ အမြင့် ကို တစ်ဝက် ပြန်လျော့ လိုက် ရ တယ်။ ခန စောင့်  ပါ အဆင် ပြေ အောင် စီစဉ် နေ ပါ တယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်