From :
..သမ္မတရုံး
..
www.MyanmarExpress.net



နေပြည်တော် မေ ၈
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မြန်မာနိုင်ငံက
အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့် မူးယစ်ဆေးဝါး ပူးပေါင်း
ထိန်းချုပ်ရေးဆိုင်ရာ (၆) နိုင်ငံနားလည်မှု စာချွန်လွှာ ဝန်ကြီးအဆင့်
အစည်းအဝေး တက်ရောက်ရန် ရောက်ရှိနေကြသော မူးယစ်ဆေးဝါး
ပူးပေါင်းထိန်းချုပ်ရေး ဆိုင်ရာ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊
ထိုင်း၊ ဗီယက်နမ် (၆) နိုင်ငံနှင့် UNODC တို့မှ
ကိုယ်စားလှယ်ခေါင်းဆောင်များအား ယနေ့ မွန်းလွဲ (၂) နာရီတွင် နေပြည်တော်ရှိ
နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတနှင့်အတူ
ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကိုကို၊ ဦးဝဏ္ဏမောင်လွင်၊
ဦးစိုးမောင်၊ ဒုတိယဝန်ကြီး ရဲချုပ်ကျော်ကျော်ထွန်း နှင့် ဌာနဆိုင်ရာ
အကြီးအကဲများ တက်ရောက်ကြသည်။
တွေ့ဆုံစဉ် မူးယစ်ဆေးဝါး
ပူးပေါင်းထိန်းချုပ်ရေးဆိုင်ရာ (၆) နိုင်ငံတို့၏ တစ်နိုင်ငံချင်းအလိုက်
မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဆောင်ရွက်ချက်များနှင့် (၆) နိုင်ငံ ပူးပေါင်း
ဆောင်ရွက်ရေး၊ UNODC နှင့် မူးယစ်ဆေးဝါးပူးပေါင်း ထိန်းချုပ်ရေးဆိုင်ရာ (၆)
နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို
ရင်းနှီးခင်မင်စွာ ဆွေးနွေးကြသည်။








0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်