Subscribe to our RSS Feed

သင်္ကြန်အခါ သင်္ကြန်ကဗျာ သင်္ကြန်အလွမ်း

From : ကျေးလက်သားလေး



သင်္ကြန်ဒိုးလည်း မြူးလို့နေပြီ
ပိတောက်တွေလည်း ဖူးလို့နေပြီ
မိုးပြေးလေးလည်း ရွာလို့နေပြီ
ငုပန်းတွေလည်း ၀င်းလို့နေပြီ
သို့ပေမယ့် သို့ပေမယ့်.....။


ဦးမာဃလည်း ဆင်းဖို့ပြင်ပြီ
လူအများလည်း ကြိုလို့နေပြီ
အကျွန်ုပ်လည်း မှန်းလို့ကြိုပြီ
သို့ပေမယ့် သို့ပေမယ့်.....။


ပျိုမေများလည်း ကလို့နေပြီ
လူငယ်များလည်း ၀ိုင်းဖွဲ့နေပြီ
လူကြီးများလည်း ကျောင်းသို့ဝင်ပြီ
အားလုံးလည်းပဲ ပျော်လို့နေပြီ
သို့ပေမယ့် သို့ပေမယ့်.....။


ငွေဖလားနဲ့ ရေထည့်နေပြီ
သပြေခက်နဲ့ ရေပက်နေပြီ
နံ့သာရေနဲ့ ဖျန်းလို့နေပြီ
သင်္ကြန်ရေက အေးလို့နေပြီ
သို့ပေမယ့် သို့ပေမယ့်.....။


ကလေးများလည်း ပျော်လို့နေပြီ
လူငယ်များလည်း ပြုံးလို့နေပြီ
ချစ်သူတိုင်းလည်း ရေလောင်းနေပြီ
သူငယ်ချင်းတိုင်းလည်း ရေလောင်းနေပြီ
သို့ပေမယ့် သို့ပေမယ့်.....။


မုန့်လုံးရေပေါ်လည်း ကျွေးလို့နေပြီ
စတုဒီသာလည်း ကျွေးလို့နေပြီ
လူကြီးတွေလည်း ခေါင်းလျှော်နေပြီ
ရေကုသိုလ်လည်း ပေးလို့နေပြီ
သို့ပေမယ့် သိုပေမယ့်.....။


သင်္ကြန်အခါ မောင်တို့၊ မယ်တို့
ပျော်လည်းပျော်ပါ ရွှင်လည်းရွှင်မြူး
နှစ်သစ်ကူးမှာ ပျော်ရွှင်ကြည်နူး
အထူးပီတိ လန်းဆန်းဝေဖြာ
ကျန်းမာ ချမ်းသာ ရှိစေသော်.....။


သင်္ကြန်ခါတွင်း အကုသိုလ်ကင်းအောင်
ကုသိုလ်အမှု ပြုပါလော့.....
ကုသိုလ်အမှု ပြုပါလော့.....
ကုသိုလ်အမှု ပြုပါလော့.....။


အကျွန်ုလည်း သင်္ကြန်အခါကို
မှန်းလို့ တမ်းတ လွမ်းရပါသော်
စိတ်မှာဖြေတွေး ကုသိုလ်ရရေး
လုံးပန်းလို့ ပျော်လိုက်ပြီ...။


 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်