Subscribe to our RSS Feed

မြေပိုင်မှ စစ်နိုင်မည်


From : Hmuu Zaw

အဓိက ရရှိသော သဘောတူညီချက်မှာ နှစ်ဘက်တပ်များ နှစ်ဦးနှစ်ဘက် သဘောတူ လက်ခံသော နေရာများသို့ ရှေ့ပြောင်းပေးရေးပင် ဖြစ်ပါသည်။

စစ်တို့၏သဘောတွင် မြေသည် အသက်သွေးကြောဖြစ်ပြီး အချက်အခြာမြေ၊ စိုးမိုးနယ်မြေ စသည်တို့ကို ရရှိထားသူသည် စစ်ရေးအသာစီး ရရှိတတ်သော အခြေအနေ ရှိပါသည်။ မြေပိုင်မှ စစ်နိုင်မည် ဟူသော စစ်ရေးဆိုင်ရာ ဆောင်ပုဒ်များသည် ယနေ့ထက်တိုင်မှန်ကန်နေဆဲ ဖြစ်သည်။

ယခု တွေ့ဆုံဆွေးနွေးမှုတွင် ထိုသို့ အထိအခိုက် မခံတတ်သော သဘောတူညီချက်ကို ရရှိခဲ့ခြင်းကြောင့် ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်ရောင်ခြည်များ ပိုမို ထွန်းလင်းတောက်ပလာပြီဟု သဘောရပါသည်။

နှစ်ဘက်သော တာဝန်ခံများ၏ အမြော်အမြင်၊ အတိတ်ကို ပြန်လည်တူးဆွ ခြင်းမပြုဘဲ လက်ရှိအခြေအနေနှင့် အနာဂတ်ကို ရှေ့ရှုခြင်းတို့သည်သာ နောင်တွေ့ဆုံမှုများကို အဆုံးအဖြတ်ပေးမည်ဟု ယူဆပါသည်။

မည်သို့ပင်ဆိုစေ လတ်တလော ရခိုင်ပြည်နယ် ပဋိပက္ခမှ ဖြစ်ပေါ်လာခဲ့သော အတွေးဆက်အရ ကချင်ပြည်နယ် အပါအ၀င် မိမိတို့ တိုင်းရင်းသားလူမျိုးများ၊ တစ်နည်းအားဖြင့် မူလဇာတိနိုင်ငံသားများ၏ နယ်မြေဒေသအားလုံး ငြိမ်းချမ်းစေလိုပါသည်။ ဥပမာ စဉ်းစားကြည့်လျှင် အိမ်ထောင်စုတစ်စုတွင် အစဉ်အမြဲ ဆူညံပွက်လောရိုက်၊ ရိုက်သံပုတ်သံကြား၊ ငိုသံ ဆဲသံ အော်သံများကြား၊ ဥာဥ့်နက်သန်းခေါင် ထ၍ ရန်ဖြစ် စသည်ကဲ့သို့ ဖြစ်နေသော ယင်းနေအိမ်ကို အိမ်နီးချင်းများက မည်သို့ ရှုမြင်ကြမည်နည်း။ ရပ်ကွက်က မည်သို့ သတ်မှတ်မည်နည်း။ မိမိတို့ ပြည်ထောင်စုကြီးသည် မူလဇာတိနိုင်ငံသား တိုင်းရင်းသားအားလုံး အတွက် Home Sweet Home အဖြစ်သာ မြင်တွေ့လိုပါသည်။

ထာဝရငြိမ်းချမ်းရေး၏ အသက်သွေးကြောမှာ တိုင်းရင်းသားခေါင်းဆောင်များ အပါအ၀င် Stakeholder အားလုံး၏ The Art of Prediction (for the future) ဖြစ်မည်ဟု ထင်မြင်ယူဆမိပါသည်။

(Shwe Myitmakha Media Group.) ကေအိုင်အိုနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးကို ဦးဆောင်သူ ဦးအောင်မင်းနှင့် တွေ့ဆုံရာတွင် ကေအိုင်အိုဘက်က အစိုးရတပ်ပေါင်း (၆၁) တပ်အား ရုတ်သိမ်းပေးရန် တောင်းဆိုထားချက်များကို ကာကွယ်ရေးဦးစီးချုပ်မှ အချို့အား သဘောတူပြီး အချို့ကို ပြန်လည်ညှိနှိုင်းကာ အပေးအယူလုပ်ဆောင် သွားမည်ဖြစ်ကြောင်း အစည်းအဝေးတက်ရောက်သူများထံက သိရသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်