Subscribe to our RSS Feed

မငြိမ်းသေးတဲ့ ရခိုင်ပြည်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်


From : udp

မငြိမ်းချမ်းသေးတဲ့ မြန်မာပြည်အတွက် ငြိမ်းချမ်းရေးနိုဘယ်လ်စုကို ဒေါ်စုက အော်စလို-နော်ဝေးမှာ တက်ယူနေတယ်။

အိမ်မှာတော့ မီးခိုးတွေက တအူအူနဲ. လောင်နေတုန်းပဲ။ ။ ရခိုင်ပြည်က အပစ်မဲ့ ပြည်သူတွေ သာမန်အရပ်သားတွေကတော့ ရင်တထိပ်ထိပ်နဲ. အသက်ကို ဖက်ရွက်နဲ. ထုပ်ပြီး မနဲကို ရှင်သန်ဖို. အသက်ရှင်ဖို. ရုန်းကန်းနေတုန်း ပြေးလွှားနေတုန်း ပုန်းအောင်း ခိုလုံနေရတုန်း---

အိုးပစ် အိမ်ပစ် ရွာပစ်ဘ၀နဲ. မိသားစုတွေ တကွဲစီ ဖြစ်နေတဲ့အချိန်-----

ဒါပေမယ့် အနောက်နိုင်ငံက သတင်းမီဒီယာတွေ တက္ကသိုလ်အပါအ၀င် Institutions တွေမှာတော့ အောင်ပွဲတွေ ခံနေတဲ့ သတင်းဓာတ်ပုံတွေ---အပြုံးတွေနဲ.ပေါ့။ ဂုဏ်ပြုပွဲတွေ ဧည့်ခံပွဲတွေ မင်းခမ်း မင်းနားနဲ. မင်းပွဲတွေ အစီစီ---အားကျစရာကြီးတွေပေါ့။

အဲဒီ ပုံရိပ်တွေကို ရခိုင်ပြည်က ဒုက္ခသည်တွေမြင်ရင် ၀မ်းသာ ပီတီ ဖြစ်မိနိုင်မလား မုဒိတာ ပွားနိုင်မလား သို.မဟုတ် ပိုလို.တောင် ဒေါသ အမျက်တွေ ထွက်ပြီး ခံစား နာကျည်းသွားကြမလား--- ကာယကံရှင် ခံရသူတွေ မိသားစုတွေ အသိဆုံးပါ။

သဘာဝတရားလား ဘ၀တွေကပဲ ကွာခြားတာလား--- မြန်မာပြည်နဲ. ပတ်သက်ပြီး ဖြစ်ပျက်နေရတဲ့ ပုံရိပ်လွှာတွေ သတင်းဓာတ်ပုံတွေကတော့ ဆန်.ကျင်ဘက် ၀ိရောတိတွေ ဖြစ်နေဆဲပါ---

Myanmar Express

1 comments:

I think Aung San Su Kyi should not go to Europe and should not take Nobel peace price because there are fire and killing Rakhine people and Rakhine State. She should go to Rakhine state and embrace and cheer Rarkhine people.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်