Subscribe to our RSS Feed

ရခိုင်ပြည်နယ် စစ်တွေခရိုင်နှင့် မောင်တော ခရိုင်အတွင်း ဆူပူအကြမ်းဖက် မီးရှို့သူများအား ဖမ်းဆီးရမိ


From : ခေတ်လူငယ်


ရခိုင်ပြည်နယ် စစ်တွေခရိုင်နှင့် မောင်တောခရိုင်အတွင်း ဇွန်လ ၈ ရက်မှ စတင်၍ ဆူပူအကြမ်းဖက်မှုနှင့် မီးရှို့မှုများဖြစ်ပွားခဲ့ရာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံများတို့က နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ပုံမှန်အခြေအနေသို့ ပြန်လည် ရောက်ရှိစေရေးအတွက် နေ့မအား၊ ညမနား ပူးပေါင်းဆောင်ရွက်လျက်ရှိခြင်းကြောင့် ယခုအခါ နယ်မြေအခြေအနေများမှာ တည်ငြိမ်အေးချမ်းလျက် ရှိသည်။ ဇွန်လ ၈ ရက်မှ စတင်၍ ကျေးရွာ/ ရပ်ကွက်အချို့၌ ဆူပူအကြမ်းဖက်မှု၊ မီးရှို့မှုများတွင် စီစဉ်ခဲ့သူများ၊ လှုံ့ဆော်သူများနှင့် ပြစ်မှုကျူးလွန်သူများကို တာဝန်သိပြည်သူများ၏ သတင်းပေးမှုအရ ရှာဖွေဖမ်းဆီး ဖော်ထုတ်ခဲ့ရာ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသော သက်သေခံ ပစ္စည်းများနှင့်အတူ ဇွန်လ ၁၃ ရက်နေ့ ညပိုင်းတွင် ဆူပူအကြမ်းဖက်သူ ၂၉ ဦးအား လည်းကောင်း၊ ဇွန်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ဆူပူအကြမ်းဖက်သူ ၂၂ ဦးအား လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း ကို ဇွန်လ ၁၅ ရက်နေ့နှင့် ၁၇ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာနှင့် ရုပ်မြင်သံကြားတို့မှ သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။ ထိုကဲ့သို့ သတင်းထုတ်ပြန် ကြေညာပြီးနောက် ဆူပူအကြမ်းဖက်မှုများကို မလိုလားသော ဒေသခံပြည်သူများက ထပ်မံသတင်းပေးမှုကြောင့် ဇွန်လ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ ဆူပူ အကြမ်းဖက်သူ ၂၀၃ ဦးအား လုံခြုံရေး တပ်ဖွဲ့ဝင်များက ထပ်မံ၍ ဖမ်းဆီးရမိသည်။ ဇွန် ၂၀ ရက်နေ့ အထိ ဖမ်းဆီးရမိသော ဆူပူအကြမ်းဖက်သူများမှာ စစ်တွေမြို့နယ်မှ ဇွန်လ ၁၃ ရက်နေ့တွင် ဖမ်းဆီးရမိသော ၂၉ ဦး အပါအဝင် စုစုပေါင်း ၅၇ ဦး၊ မောင်တောမြို့နယ်မှ ဇွန်လ ၁၅ ရက်နေ့တွင် ဖမ်းဆီးရမိသော ၂၂ ဦး အပါအဝင် စုစုပေါင်း ၁၈၃ ဦးနှင့် ကျောက်တော်မြို့နယ်မှ ၁၄ ဦးစုစုပေါင်း ၂၅၄ ဦးဖြစ်ပြီး ဖမ်းဆီးရမိသူများအား တရားဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာမှ စစ်ဆေး အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

Myanmar Express


1 comments:

Very good. Death Sentence for these inhuman , killers , terrorists Illegal Bangladesh Muslims.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်