Subscribe to our RSS Feed

အမေရိကန်အမျိုးသမီး စစ်မှုထမ်း ၈ ဦး စစ်တပ်ကို တရားစွဲ


2192-girl-sue-military


အမေရိကန် အမျိုးသမီး စစ်မှုထမ်း ၈ ဦးသည် အမေရိကန် စစ်တပ်အား တရားစွဲဆိုလိုက်ကြောင်း သိရသည်။

တရားစွဲဆိုရခြင်းမှာ ၄င်းတို့စစ်မှုထမ်းစဉ်ကာလတွင် စစ်တပ်မှ စစ်သားနှင့် အရာရှိအချို့၏ လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက် ကျူးလွန်မှုများကြောင့် ဖြစ်ကြောင်း သိရသည်။ နှစ်ဦးမှာ အမေရိကန် မရိမ်း တပ်ဖွဲ့မှ အရာရှိဟောင်း ဖြစ်ပြီး၊ တစ်ဦးမှာ တာဝန်ထမ်းဆောင်ဆဲ မရိမ်းတပ်ဖွဲ့ဝင်၊ တစ်ဦးမှာ မရိမ်းတပ်မှနုတ်ထွက်သော အရာရှိ၊ လေးဦးမှာ ရေတပ်တွင် တာဝန်ထမ်းဆောင်ခဲ့သော တပ်ဖွဲ့ ဝင်ဟောင်းများ ဖြစ်ကြောင်း သိရသည်။

မရိမ်းတပ်ဖွဲ့ဝင် စစ်အရာရှိ အမျိုးသမီးနှစ်ဦးသည် အီရတ်တွင်ဝန်ထမ်းဆောင်စဉ် ၂၀၀၈- ၂၀၀၉ ကာလ၌ စစ်သားများကြား အနှောင့် အယှက်ဖြစ်စရာများ ကြုံတွေ့ရကာ အလိုမတူသည့် ပြုကျင့်မှုများ ပြုလုပ်ရန် ကြိုးပမ်းမှုများကိုလည်း ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။ ထို့အပြင် လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံမှုများဖြင့် ကြုံတွေ့ခဲ့ရပြီး တာဝန်ထမ်းဆောင့်သည့် ကာလတွင် အခက်အခဲ များဖြစ်ပေါ်စေ ခဲ့သည်။

ယင်းသို့ကြုံတွေ့ရမှုများသည် ရေတပ်မှ အပါအဝင် ကျန်ခြောက်ဦးစလုံး ကြုံတွေ့ခဲ့ရပြီး အကြောင်းအမျိုးမျိုးကြောင့် တရားစွဲဆိုမှု များ ပြုလုပ်ရန် အခွင့်မကြုံခဲ့ချေ။ ယခုအခါ ထိုအမျိုးသမီး စစ်မှုထမ်း ၈ ဦးသည် အတူစုပေါင်းကာ အမေရိကန် စစ်တပ်အား ဝါရှင် တန်ရှိ ပြည်နယ် တရားရုံးတွင် တရားစွဲဆိုခဲ့သည်။

ထိုကဲ့သို့ တရားစွဲဆိုမှုသည် အမေရိကန်ရှိ အမျိုးသမီးများ၏ အခွင့်အရေးဆုံးရှုံးမှုနှင့် မတရား ငြင်းပမ်းနှိပ်စက်ခံရမှုအားလုံးကို ကိုယ် စားပြုသကဲ့သို့ ဖြစ်စေခဲ့ပြီး အမေရိကန်စစ်တပ်၏ ဂုဏ်သိက္ခာနှင့်လည်း သက်ဆိုင်ရာ တရားရုံးမှ အသေးစိတ် စစ်ဆေးပေးရမည့် အမှု တစ်ခုဖြစ်စေခဲ့သည်။

ထို့ကြောင့် အမှုနှင့် ပတ်သက်ဆက်နွယ်သော စစ်မှုထမ်း အရာရှိအားလုံးကိုပါ ဆင့်ခေါ်စစ်ဆေးပေးမည်ဖြစ်ပြီး ပြစ်မှုထင်ရှားသော စစ်သားနှင့် အရာရှိများအား ပြစ်ဒဏ်ပေးရမည့် အနေအထားတွင်ရှိကြောင်း သိရသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်