Subscribe to our RSS Feed

တောတွင်းလက်နက်ကိုင်အဖွဲ့များ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ဝင်ရောက်


From : ခေတ်လူငယ်

နိုင်ငံတော်အစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ စည်းကမ်းပြည့်ဝသော ခေတ်မီဒီမိုကရေစီနိုင်ငံတော်ကြီးအား တပ်မတော်၊ ပြည်သူတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်နေချိန်တွင် နိုင်ငံတော်နှင့် တပ်မတော်တို့၏ သဘောထားအမှန်ကို သိမြင်လာသော တောတွင်းလက်နက်ကိုင် အဖွဲ့များသည် နိုင်ငံတော်၊ ပြည်သူနှင့် တပ်မတော်တို့၏ ရင်ခွင်သို့ ဝင်ရောက်ခိုလှုံလျက်ရှိရာ အရှေ့တောင်တိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း ဖေဖော်ဝါရီ ၂၈ ရက်က မွန်(ခွဲထွက်) ဓားပြအဖွဲ့မှ နိုင်ဘင်းခေါင်းဆောင်သော အင်အားခြောက်ဦးသည် အမ်-၂၀ ပစ္စတိုတစ်လက်၊ ၄င်းကျည် ၁၀ တောင့်တို့ဖြင့်လည်းကောင်း၊ မတ် ၅ ရက်က အဆိုပါအဖွဲ့မှ နိုင်မွန်ချမ်း ခေါင်းဆောင်သော အင်အား ၁၀ ဦးသည် အာရ်ပီချီ တစ်လက်၊ လက်နယ်ငယ်မျိုးစုံ ၁၀ လက်၊ ကျည်မျိုးစုံ ၁၆၂ တောင့်၊ အာရ်ပီချီ ဗုံးသီးသုံးလုံး၊ ပို့ကျည် ၂ တောင့်၊ ကျည်အိမ်မျိုးစုံ ၇ ခု၊ ရှေ့ထွက်မိုင်း ၂ လုံး၊ လမ်းလျှောက်စကားပြောစက် ၃ လုံးတို့ဖြင့် လည်းကောင်း အသီးသီးလက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ဝင်ရောက်ခဲ့ကြကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၁၂ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

Myanmar Express

1 comments:

တို့ ညီအကိုတွေ သွေးရင်းသားရင်းတွေ စည်းလုံးသင့်ပြီ ...။ ကြည်နူးမိပါတယ်..။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်