Subscribe to our RSS Feed

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူများထံသို့ ရှင်းလင်းတင်ပြချက်

ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူများခင်ဗျား

စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ချမ်းသာခြင်းတို့နှင့် ပြည့်စုံကြပါစေကြောင်း ဦးစွာ ဆုမွန်ကောင်း တောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

ကျွန်တော်ကတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အထွေထွေအတွင်းရေးမှူး ဦးဌေးဦး ဖြစ်ပါတယ်။

၂၀၁၂ ပြည့်နှစ်က ကျင်းပပြုလုပ်ခဲ့တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးမှာ ကျွန်တော်တို့ရဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်များအပေါ် ထောက်ခံ အားပေးမှု၊ ပူးပေါင်းဆောင်ရွက်မှုများအတွက် မိဘပြည်သူများအားလုံးကို လှိုက်လှဲစွာ ကျေးဇူးဥပကာရ တင်ရှိပါကြောင်း ဦးစွာပြောကြားလိုပါတယ်။


ကျွန်တော်တို့ပါတီအနေနဲ့ မိဘပြည်သူများရဲ့ ချစ်ခင်ယုံကြည်မှု၊ ထောက်ခံ အားပေးမှုများအပေါ် ထာဝစဉ် ယုံကြည်တန်ဖိုးထားပြီး လေးစား ခံယူလျှက်ရှိပါတယ်။ မိဘပြည်သူများရဲ့ အားပေးထောက်ခံမှုနဲ့ တိုင်းရင်းသားအားလုံး အေးချမ်းသာယာမှုရှိစေရေး၊ ဘ၀လုံခြုံမှုရှိစေရေး၊ စားဝတ်နေရေးနဲ့ လူမှုရေး လိုအပ်ချက်များ ပြည့်စုံစေရေး၊ ဒီမိုကရေစီစနစ် ရှင်သန်ခိုင်မာရေးတို့အတွက် လွှတ်တော်အတွင်းမှာရော လွှတ်တော်ပြင်ပမှာပါ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက် လျှက်ရှိပါတယ်။

မိဘပြည်သူများခင်ဗျား

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို နိုင်ငံတော်ရဲ့ ဒေသအသီးသီးက တိုင်းရင်းသား ပေါင်းစုံ၊ အလွှာပေါင်းစုံ၊ လူထုလူတန်းစားပေါင်းစုံက ယုံကြည်ချက်တူသူများနဲ့ ပေါင်းစုဖွဲ့စည်းထား ခြင်းဖြစ်ပါတယ်။

ပါတီရဲ့ ရည်မှန်းချက်ဟာ ပြည်သူများရဲ့ဆန္ဒနဲ့ တပ်တူထပ်တူထပ်မျှဖြစ်တဲ့ `အေးချမ်း သာယာမှု ရှိသော၊ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုရှိသော၊ ဒီမိုကရေစီ နိုင်ငံတော်ကြီး တည်ဆောက်ရေးနှင့် အဓွန့်ရှည် တိုးတက်တည်တံ့ခိုင်မြဲရေး´ ဘဲဖြစ်ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေနဲ့ သမိုင်းပေးလိုအပ်ချက်အရ ` ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး´ ဆိုတဲ့ အမျိုးသားရေးမူဝါဒကို တာဝစဉ် ဦးထိပ်ထားပြီး ခံယူကျင့်သုံးသွားမှာ ဖြစ်ပါတယ်။ လွတ်လပ်မှုနှင့် တာဝန်ရှိမှုတို့ ဟန်ချက်ညီညီ ကျင့်သုံးတဲ့ ဒီမိုကရေစီကျင့်စဉ်များ ထွန်းကားရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ချက်နှင့်အညီ ကမ္ဘာ့နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်း လက်တွဲ ဆောင်ရွက်နိုင်ရေး၊ ဆင်းရဲချမ်းသာ ကွာဟမှု လျော့ချရေး နဲ့ နိုင်ငံတော်နဲ့ နိုင်ငံသားများရဲ့ စီးပွားရေး ပိုမိုမြင့်မားတိုးတက်စေဘို့ ဈေးကွက်စီးပွားရေးစနစ် ပီပြင်စွာ ကျင့်သုံးနိုင်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အတွင်း ထာဝရ ငြိမ်းချမ်းရေး ရရှိစေဖို့အတွက်လည်း ကြိုးပမ်းဆောင်ရွက်လျှက် ရှိတဲ့အပြင် နိုင်ငံတော်နဲ့ ပြည်သူများရဲ့ အကျိုးစီးပွားကို ထိခိုက်စေနိုင်တဲ့ ပြည်တွင်း ပြည်ပက အန္တရာယ်တွေကို ကာကွယ် တားဆီးနိုင်ရေး အတွက်လည်း ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ နိုင်ငံသားများရဲ့ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေးများ ရရှိရေးအတွက်လည်း အာမခံ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေတဲ့ နယ်စပ်ဒေသများက တိုင်းရင်းသားများ အပါအ၀င် တိုင်းရင်းသား အားလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အလေးထား ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ တောင်သူ လယ်သမားများရဲ့ လူမှုစီးပွားရေးဘ၀ ဖွံ့ဖြိုးတိုးတက်မှုရှိရေး၊ မိမိတို့လယ်ယာမြေများ ဆုံးရှုံးမှုမရှိရေး၊ လယ်ယာထွက်ကုန်များ သင့်လျော်တဲ့ ဈေးနှုန်းများ ရရှိရေးတို့အတွက်လည်း ကြိုးပမ်းဆောင်ရွက်လျှက် ရှိပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိရေးနှင့် အလုပ်သမားများရဲ့ အနိမ့်ဆုံး လုပ်ခလစာကို ဖြစ်ပေါ်နေတဲ့ လူနေမှုစရိတ်နဲ့ လိုက်လောညီထွေဖြစ်အောင်လည်း ကြိုးပမ်းဆောင်ရွက် လျှက်ရှိပါတယ်။ တစ်ဖက်ကလည်း ကုန်ဈေးနှုန်းများ မြင့်မားမှုမရှိအောင် ကုန်သွယ်မှုပမာဏ အဆင်ပြေ ချောမွေ့အောင်လည်း နည်းလမ်းရှာဖွေ ဆောင်ရွက်လျှက်ရှိနေပါတယ်။

ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူများခင်ဗျား

ပါတီအနေနဲ့ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ကို အာမခံမှာဖြစ်ပါတယ်။ ပညာရေးနှင့် ပတ်သက်ပြီး နိုင်ငံတော်အတွက် အားထား ရတဲ့ နိုင်ငံတကာအဆင့်မီ လူ့စွမ်းအား အရင်းအမြစ်များ တိုးတက်ရေးအတွက် အားပေးမြှင့်တင်သွားမှာ ဖြစ်ပါတယ်။ တစ်မျိုးသားလုံး လွှမ်းခြုံတဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ ပိုမိုရရှိခံစားနိုင်ရေး၊ တိုင်းရင်းသားများအတွင်း အမျိုးသား ယဉ်ကျေးမှု ဆိုင်ရာ စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်း မြှင့်တင်ရေးတို့အတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ခေတ်စနစ်နဲ့ ဆီလျော်ကိုက်ညီမှု မရှိတော့တဲ့ တည်ဆဲဥပဒေ များကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ အသစ်ရေးဆွဲခြင်း တို့ကိုလည်း ပါဝင်ဆောင်ရွက် လျှက်ရှိပါတယ်။

တောင်သူလယ်သမား၊ အလုပ်သမား၊ လူငယ်၊ အမျိုးသမီး၊ အသိပညာရှင်၊ အတတ်ပညာရှင်၊ အနု ပညာရှင်၊ မီဒီယာ၊ ပြည်သူ့ဝန်ထမ်းစတဲ့ အလွှာအသီးသီး၊ လူထုလူတန်းစား အသီးသီးက ပြည်သူ အားလုံးဟာ နိုင်ငံတော်သစ် တည်ဆောက်ရေး လုပ်ငန်းစဉ်ကြီးမှာ ကျရာကဏ္ဍက ပါဝင်ဆောင် ရွက်နေကြတဲ့ အရေးပါတဲ့ အင်အားစုများ ဖြစ်ကြတယ်လို့ ကျွန်တော်တို့ပါတီက ခံယူထားပါတယ်။ ပါတီက ချမှတ်ထားတဲ့ မူဝါဒတွေ၊ လက်တွေ့ ဆောင်ရွက်နေကြတဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ် တွေဟာ မိဘပြည်သူများရဲ့ အကျိုးအတွက်သာ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ပါတီဝင်များဟာ ပြည်သူထဲကပြည်သူတွေ ဖြစ်ကြတဲ့အတိုင်း အမိမြေမှာမွေး၊ အမိရေ ကိုသောက်၊ အမိနိုင်ငံတော်နှင့် ပြည်သူ များရဲ့ စောင့်ရှောက်မှုနဲ့ ရှင်သန်ခိုင်မာလာကြတာ ဖြစ်ပါတယ်။ မိမိတို့ရဲ့ဒေသ၊ မိမိတို့ရဲ့နိုင်ငံ၊ မိမိတို့ရဲ့ ပြည်သူများအပေါ် နိုင်ငံကိုချစ်တဲ့၊ လူမျိုးကို ချစ်တဲ့၊ မျိုးချစ် စိတ်ဓာတ်နဲ့ တတ်စွမ်းသမျှ နည်းလမ်းရှာဖွေ ဆောင်ရွက်ပေးနေခြင်းဖြစ်ပါတယ်။ မိမိတို့အပေါ် ကျေးဇူးပြု ထားတဲ့ အမိနိုင်ငံတော်နဲ့ ပြည်သူများအပေါ် ကျေးဇူးဆပ်နေခြင်း ဖြစ်တယ်လို့ ခံယူပါတယ်။ နိုင်ငံတော် နဲ့ ပြည်သူများအကျိုးအတွက် သယ်ပိုးဆောင် ရွက်ရာမှာ တရားဝင်ဖွဲ့စည်းထားတဲ့ ပါတီများနဲ့ လူပုဂ္ဂိုလ် များကိုလည်း လုပ်ဖော်ကိုင်ဖက်များအဖြစ် သဘောထားဆောင် ရွက်လျှက်ရှိပါတယ်။

မိဘပြည်သူများခင်ဗျား

နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းစဉ်ကြီးအပါအ၀င် လုပ်ငန်းစဉ်တိုင်းဟာ အတိတ်ကာလက ဖြစ်ပေါ် ခဲ့တဲ့ ဆိုးမွေကောင်းမွေတွေအပေါ် အခြေပြုပြီး၊ အနာဂတ်ကာလမှာ ကောင်းမွန်တဲ့ အကျိုး တရားတွေ ပေါ်ပေါက်လာအောင် ပစ္စုပ္ပန်ကာလမှာ အင်နဲ့အားနဲ့၊ နည်းမှန်လမ်းမှန် ကြိုးပမ်း ဆောင်ရွက်ကြရတာဖြစ်ပါတယ်။ ဒီနေ့ဖြစ်ပေါ်တိုးတက် ပြောင်းလဲမှုတွေဟာ အတိတ်ကာလက ကြိုးပမ်းဆောင်ရွက်မှုတွေရဲ့ ရလဒ်ဖြစ်ပါတယ်။ အတိတ်သမိုင်းကြောင်း ကောင်းဖို့လိုပါတယ်။ ယေဘုယျ အားဖြင့် ကောင်းမွန်သော အတိတ်သမိုင်းကြောင်းရှိသူ များကသာ ကောင်းမွန်သော အနာဂတ် ကို ဖော်ဆောင်ဖန်တီးနိုင်မှာဖြစ်ပါတယ်။ ဒီနေ့ ပစ္စုပ္ပန်ကာလဟာလည်း နောက်နေ့ ရောက်ရင် အတိတ် ကာလကို ပြောင်းသွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ပါတီအနေနဲ့ ပစ္စုပ္ပန် ကာလတိုင်းမှာ နိုင်ငံတော်နဲ့ ပြည်သူ များအတွက် အကောင်းဆုံး အကျိုးရှိဆုံး ကြိုးပမ်းသွားရ မယ်လို့ ခံယူဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။

ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူများခင်ဗျား

မကြာမီ ကျင်းပပြုလုပ်တော့မည့် ကြားဖြတ်ရွေးကောက်ပွဲကြီးမှာ မဲဆန္ဒနယ်မြေက မိဘပြည်သူ များအနေနဲ့ မိမိတို့နယ်မြေနဲ့ ပြည်သူများရဲ့ အကျိုးကို အမှန်တကယ် သယ်ပိုးနိုင်စွမ်းရှိတဲ့ ကိုယ်စား လှယ်တွေကို ရွေးချယ်ကြရတော့မှာ ဖြစ်ပါတယ်။ မိမိတို့ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်များဟာ မိမိတို့နယ်မြေရဲ့ အကျိုး၊ ပြည်သူများရဲ့အကျိုးကို အမှန်တကယ် ဆောင်ရွက်နိုင်စွမ်းရှိတဲ့ ပုဂ္ဂိုလ်ဖြစ်ဖို့ လိုပါတယ်။ ကြိုတင်မှန်းဆရုံသာ တတ်နိုင်တဲ့ အနာဂတ်ကာလအတွက် လက်ရှိ ပစ္စုပ္ပန်ကာလနဲ့ အတိတ် ကာလက ဆောင်ရွက်ပေးခဲ့မှုတွေအပေါ် ချိန်ထိုးသုံးသပ် ဆင်ခြင်ကြရမှာ ဖြစ်ပါတယ်။ မိမိတို့ဒေသရဲ့ အကျိုးကို ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်း၊ ဘယ်လိုပုဂ္ဂိုလ်တွေက အပြောနဲ့မဟုတ်ဘဲ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ပေးနေဆယ်ဆိုတာ ပြည်သူများကိုယ်တိုင် တွေ့မြင်သိရှိနေတဲ့ ပကတိအရှိ တရားအပေါ် စဉ်းစားဆင်ခြင်ပြီး မှန်ကန်စွာ ရွေးချယ် နိုင်ကြမယ်လို့ ယုံကြည်ပါတယ်။

မိဘပြည်သူများခင်ဗျား

ကျွန်တော်တို့ရဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကြီးဟာ (၁၇) နှစ်နီးပါး၊ နိုင်ငံတော်နဲ့ ပြည်သူ များရဲ့အကျိုးအတွက် ပြည်သူများနှင့် အတူ ၀ိုင်းဝန်းဆောင်ရွက်ခဲ့ကြတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းကြီးကို အမွေခံအခြေပြုပြီး ဖွဲ့စည်းထားခြင်း ဖြစ်ပါတယ်။ ပါတီစုံ ဒီမိုကရေစီ စနစ်သစ်ကို ညင်သာစွာ ကူးပြောင်းနိုင်ရေးအတွက် မိဘပြည်သူများနှင့်အတူ ၀ိုင်းဝန်းဆောင်ရွက်ခဲ့တဲ့ အမျိုးသားရေး အင်အားစုကြီး ဖြစ်ပါတယ်။ ပြည်သူများရဲ့ လိုအပ်ချက် အားလုံးကို ပြည့်စုံအောင် ဆောင်ရွက်ပေးတယ်လို့ မဆိုနိုင်ပေမဲ့ အကျိုးရှိတဲ့ ကောင်းတဲ့ လုပ်ဆောင်ချက် အများဆုံးဖြစ်အောင် လက်တွေ့ဆောင်ရွက်ပေးနိုင်ခဲ့တဲ့ ပါတီကြီးဖြစ်ပါတယ်။ ပြည်သူတွေလိုလားတဲ့ မပြီးပြတ်သေးတဲ့ လုပ်ငန်းစဉ်တွေကိုလည်း အခြေအနေပေးတာနဲ့ ပြီးပြတ်အောင် ဆောင်ရွက်ပေးဘို့ အာမခံနိုင်တဲ့ ပါတီကြီးဖြစ်ပါတယ်။ တစ်ဦးကောင်း တစ်ယောက်ကောင်းနဲ့ ဖွဲ့စည်းထားတာ မဟုတ်ဘဲ ပြည်သူများရဲ့ အသံ၊ ပြည်သူများရဲ့ ဆန္ဒ၊ ပြည်သူများရဲ့ လိုအပ်ချက်တွေကို အလေးထားတဲ့ စုပေါင်းခေါင်းဆောင်မှုရှိတဲ့ ခိုင်မာတဲ့ အဖွဲ့အစည်းကြီး ဖြစ်ပါတယ်။ ပါတီရဲ့ ဆောင်ပုဒ်ဟာ ''ပြည်သူ့သဘောထား ဒို့အလေးထား၊ ပြည်သူ့ အခွင့်အရေး ဒို့ဦးစားပေး၊ ပြည်သူ့လိုအပ်ချက် ဒို့ဆောင်ရွက် '' ဖြစ်ပါတယ်။ ပါတီအနေနဲ့ အမျိုးသားရေးနဲ့ ဒီမိုကရေစီရေးကို အာမခံ ပါတယ်။ ပြည်သူသာအမိ ပြည်သူသာအဖ လို့ ခံယူထားပါတယ်။ ပါတီအနေနဲ့ ပြည်သူများရဲ့အကျိုးကို အမှန်တကယ် စိတ်ရောကိုယ်ပါ သယ်ပိုး လိုတဲ့၊ သယ်ပိုးနိုင်စွမ်းရှိတဲ့၊ သယ်ပိုးနေတဲ့ ကိုယ်စားလှယ်ကောင်းတွေကို စီစစ်ရွေးချယ် ပေးထား တာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့ ကိုယ်စားလှယ်များကိုသာ မိဘပြည်သူများက ရွေးချယ်ပေးကြဘို့ ပန်ကြားတင်ပြအပ် ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။


Myanmar Express

6 comments:

နိုင်ငံခြားအကျွေး ဒေါ်လာသန်းပေါင်းများစွာ တင်နေ၇တာ၊ ချမ်းသာတဲ့ တိုင်းပြည်က ဆင်း၇ဲတဲ့တိုင်းပြည်ပြစ်၇တာ၊ ပြည်သူတွေ ကုန်းကောက်စ၇ာမ၇ွှိအောင် မွဲတေနေ၇တာဟာ တ၇ားခံတွေ ဘယ်သူလဲ (အစကတဲကအားလုံးက သိပါတယ်) အခုတော့ ဖုံးလို့ မ၇ပေါ်ပြီပေါ့၊ ဒါတောင် ဖွဖွကလေးစစ်တာ၇ှိသေးတာ အသေအခြာ ဖိဖိစီးစီးစစ်၇င် စားထားတဲ့ငွေတွေ ကုဋေကုဋာ၊ အားလုံးပေါင်း၇င်၊ နိုင်ငံခြားက အကျွေးပြန်ဆပ်နှိုင်ပါတယ်၊ သမတကြီး ဆက်လုပ်ပါ၊ သခိုးတွေ ၀ိုင်းအာကြလိမ္မယ်မမှုပါနဲ့  အမှန်တ၇ားလုပ်တဲ့ သတ္တိ၇ှိတဲ့ သမတကြီးအဖြစ် မြင်တွေ့ ပါ၇စေ၊ သမတကြီး ကျန်းမာပါစေအောင်မြင်ပါစေ။

good work. ပြိုင်ဖက်တွေနဲ့ ဆိုတော့ အပြိုင်အဆိုင် ကြိုးစားထားတာကို မြင်ရတယ်။ ကြံ့ခိုင်ရေးက ရွေးထားသူတွေထဲမှာ လူကောင်းတွေပါတာ ဘယ်လိုမှ ငြင်းမရပါဘူး။ အားလုံးမှန်ကန်စွာ ယှဉ်ပြိုင်နိုင်ကြပါစေ။

တိုင်းပြည်ကို စီးပွားရေး ပိတ်ဆို့ဖို့ စိတ်ရော၊ ကိုယ်ပါ တောင်းဆို ကြိုးစာခဲ့ NLD ပါတီနှင့် အပေါင်းပါများ၊
အကျင်စာရိတ္တ မကောင်းတဲ့ လွှတ်တော် ကိုယစားလှယ်လောင်း စန္ဒာမင်းလို မိန်းမ ပါတဲ့ NLD

တိုင်းပြည်နဲ့ လူမျိုး အကျိုးစီးပွားကိုသာ အမြဲကြည့်ရှု စောက်ရှောက်ခဲ့သော မျိုးချစ်တပ်မတော်ကို အရင်ကလဲ ပုတ်ခတ်ခဲ့တယ်၊ ခုလဲ ပုတ်ခတ်နေတယ်။ နောင်လဲ ပုတ်ခတ်နေဦးမယ့် ကျးဇူးကန်းတဲ့ NLD စောက်သုံး မကျတဲ့ NLD ၊ ရန်သူပါတီ NLD ကို မည်သည့် အခါမျှအားမပေး၊။ မဲမပေး၊
NLD ပါတီ ကျရှုံးပါစေ။

ဒါဆိုရင်တော့ တရားခံကမင်းထင်တယ်။ဒေါ်စုကို မမြင်ဘူးလို့လိုက်ကြည့်တဲ့ ဆိုင်ကယ်နည်းတယ်မှ မဟုတ်တာ။ကုန်းကောက်စရာတော့မရှိဘူး။ခွစရာတော့ရှိတယ်ပေါ့..ဟားးးဟားးး
ပြီးတော့ ကျွေးမြီးကိစ္စ မင်းအဖေ၊အမေရိကန်ကြီးကိုယ်တိုင် နည်းတာမှ မဟုတ်တာ။သူက ဒီမိုကရေစီ အစိုးရနော် ။ မင်းအဖေကို နောက်ဆို အရင်မေးနော် ။ သားဒီလို ပြောရင်သူတို့ဘာပြန်ပြောမလဲဆို တာကို ။ ငါရိုးမသားလေးရဲ့..

NLD ကျဆုံးချိန်ရောက်ပြီ ။ နိုင်ငံတော် ကြီးကို သန့်ရှင်းအောင် လုပ်ရတော့မည် NLD ကို အမြစ်ပါမကျန်သုတ်သင် လိုက်ခြင်းအားဖြင့် နိုင်ငံတော် ကြီးသန့်စင်သွားမည်။
ကဲ နောင်တော် တို့ နီးစပ်ရာ NLD တွေ ကို ရသလောက် သုတ်သင် ခြေမှုန့်ကြပါ။
ရသလို သတ်ကြပါ။
မြန်မာနိုင်ငံ ရဲ့ သမိုင်း မှာပါ NLD ဆိုတာဖျောက်ပြစ်ရမယ်။ လိုအပ် လျှင် သမိုင်းအသစ် ပြန်ရေးမယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်