Subscribe to our RSS Feed

ကျောင်းအပ်ချိန် အလှူငွေကောက်ခံပါက ရာထူးမှ ထုတ်ပယ်မည်

From : ..the voice

အစိုးရသစ်လက်ထက် လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေးစီမံချက်များ ကြောင့် ယခုပညာသင်နှစ် ကျောင်း အပ် ချိန်တွင် သက်ဆိုင်ရာကျောင်းအုပ်က ကျောင်းသားမိဘများ ထံမှ အကြောင်းအမျိုးမျိုးဖြင့် အလှူငွေ ကောက် ခံသည်ကို စစ်ဆေးတွေ့ရှိလျှင် ရာထူးမှ ထုတ်ပယ်သည် အထိ အရေးယူ အပြစ်ပေးသွားမည်ဖြစ် ကြောင်း တိုင်းပညာရေးမှူး တစ်ဦးက The Voice သို့ပြောကြားသည်။
"ဒီ ၂ နှစ်အတွင်းကို ပိုတင်းကျပ်လာတာ။ ဘာကြောင့်ပဲယူယူ စစ်ဆေးလို့ ကောက်ခံထားတာ တွေ့တာနဲ့ ရာ ထူး က တစ်ခါတည်း အနားပေးလိုက်တယ်" ဟု ၄င်းက ထပ်လောင်းပြောကြားသည်။
ယခင်အစိုးရလက်ထက်က ကျောင်းအပ်ချိန် အလှူငွေကောက်ခံကြောင်း တိုင်ကြားစာရရှိလျှင် ပညာရေး ဝန်ကြီးဌာနမှ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ အဖွဲ့က စစ်ဆေးပြီးတွေ့ရှိပါက အပြစ်အနည်းအများ အ လိုက် ပြောင်းရွှေ့ပြစ်ဒဏ် သာချမှတ်ခဲ့ဖူးကြောင်း အဆိုပါ ပညာရေးမှူးက ပြောဆိုသည်။
"အခုက တအား ဖိအားပေးခံနေရတယ်။ ကျောင်းဆောင်တွေကတော့ ပေးတဲ့ အသုံးစရိတ်လောက်နဲ့ ရ သေ လာက် ပဲ ပြုပြင်သွားမှာပဲ" ဟု ရန်ကုန်မြို့တော်ရှိ ကျောင်းအုပ်ဆရာ တစ်ဦးက The Voice သို့ ပြော ဆိုသည်။
နှစ်စဉ် ပညာရေးဝန်ကြီးဌာနက ကျောင်းအပ်ချိန် အလှူငွေကောက်ခံခြင်း၊ ကျောင်းပိုင်ပစ္စည်းများ ရောင်း ချခြင်း တို့ကို တားမြစ် ထားသော်လည်း အချို့အခြေခံ ပညာကျောင်းများတွင် အလှူငွေ ကောက်ခံမှုများ ရှိနေသေးကြောင်း ကျောင်းသား မိဘများထံမှ သိရသည်။
လက်ရှိ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံရေးနေ့ များကို မေလ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့  အထိ ကျင်းပသွားမည် ဖြစ်ပြီး ဇွန်လ ၃ ရက် နေ့တွင် တစ်နိုင်ငံလုံး အခြေခံပညာ ကျောင်းများ ပြန် လည်ဖွင့်လှစ်မည် ဖြစ်သည်။
 
.. www.MyanmarExpress.net

8 comments:

HOTE YELT LAR.MG CAR LOOT.TUITION TET YIN QUESTION PAE DALT SA NIT LAR?TUITION MA TET YIN LA SAR PAE YA DAR SHAT PHOE KAUNG DAL. WITH MYITTA

ဆရာ MEG ခင်ဗျား,
ကျောင်းအပ်ချိန်မဟုတ်ဘဲ
တခြားအချိန် အလှူငွေကောက်ခံရင်ကောဗျာ၊
ကျေးဇူးတင်လျက်

က ည န ဝန် ထမ်း တွေ အ လှူ ငွေ တောင်း ရင် ဖြုတ် မလား ? အ မည် ။နေ ရပ် ။ တောင်း ခံ ချိန် အ ထောက် အ ထား နှင့် တ ကွ တိုင် ပါ မည်။

1-PLEASE START REVISE THE EXISTING LAWS.
2-PLEASE UPGRADE THE LAWS AS NECESSARY.
3-NEED TO ENFORCE THE LAW.
4-PLEASE TAKE LEGAL ACTION IF ANY BODY
BREAKS THE LAW.
5-NEED TO TAKE LEGAL ACTION TO EVERYBODY
AND NO EXEMPTION.
6-IF WE CAN REALLY DO LIKE THIS OUR
COUNTRY WILL PROGRESS OTHERWISE WE ALL
ARE STILL SINKING BECAUSE SOME PEOPLE
ARE ABOVE THE LAW.
7-WE ALL NEED TO CHANGE ALL BAD
BEHAVIOURS TO GOOD BEHAVIOURS FOR OUR
COUNTRY AND OUR PEOPLE.
8-WE NEED QUOTA SYSTEM SUCH AS
MYANMAR........( ) PERCENT
INDIAN ........( ) PERCENT
CHINESE........( ) PERCENT
NOTE:MYANMAR MEANS ALL PEOPLE LIVING IN
SEVEN STATES AND SEVEN DIVISIONS;
BECAUSE INDIAN AND CHINESE TRYING TO
GET MORE STUDENT ADMISSION TO SCHOOL BY
PAYING BRIBES.
9-BRIBERY AND CORRUPTION ARE HARD TO
FIND BECAUSE IT GOING UNDER COVER AND
INVISIBLE.

WITH MYITTA...

ဟဲ့အကေင် သွားမလုပ်နဲ့။နင့်ကား တ၇က်ထဲပြီးမှာမဟုတ်ဘူး။နောက် ၇က်တွေထပ်လာခိုင်းနေမှ။၇ိုး၇ာဖျက်၇င် နတ်ကိုင်
လိမ့်မယ်။

ကျူရှင်ကြေး ဂိုက်ကြေးတွေကောပေး ရရင် လည်း ရာထူးမှ ထုတ် ပယ်ပေး ပါလား ဒါမှကျောင်း သား အား လုံး တန်း တူ ညီမှာ ဆရာ ဆရာမ များ စေတနာ တူ မှာ မိ ဘ များ လည်း ပျော် မှာ

မင်းလိုသောက်၇ူးတွေ၇ှိနေသေ့၇ွလာဘ်စားမှုပပျောက်မှာမဟုတ်ဘူး

ကျောင်းဆောင်အတွက်ကောက်တာလား ကိုယ်အတွက်ကောက်တာလားဆိုတာ တာဝန်ရှိတဲ့ လူတွေကောင်းကောင်းသိပါတယ်ခင်ဗျာ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်