မြန်မာနိုင်ငံတွင်ကျင်းပမည့်ဧပြီလ၁ရက်နေ့ကြားဖြတ်ရွေးကောက်ပွဲသည် လွတ်လပ်ပြီးတရားမျှတမှုရှိမည်ဟု ယုံကြည်ကြောင်း ကုလသမဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကထုတ်ဖော်ပြောကြားသည်။
ကြားဖြတ်ရွေးကောက်ပွဲအပြီးမှာ မြန်မာနိုင်ငံသို့ သွားရောက်ဖို့ ကျွန်တော်စဉ်းစားနေပါတယ်။ ကုလသမဂအနေဖြင့် မြန်မာနိုင်ငံမှ ရွေးကောက်ပွဲတွေကို ယုံကြည်လေးစားဖွယ်ကောင်းစေဖို့ ဒီမိုကရေစီနည်းလမ်းကျစေဖို့ ပွင့်လင်းမြင်သာမှုရှိဖို့ လွတ်လပ်ပြီးတရားမျှတမှုရှိစေဖို့ သက်ဆိုင် ရာသူတွေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ မြန်မာ့ပြုပြင်ပြောင်းလဲမှုများကို များစွာအားထားကျေနပ်မိပြီး အပြည်ပြည်ဆိုင်ရာရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေကို ခွင့်ပြုမယ်လို့ ထုတ်ပြန်ကြေညာခဲ့ခြင်းဟာလည်း ကြိုဆိုပါမယ်သတင်းကောင်းတစ်ခုပါ ဟု ကုလသမဂအတွင်းရေးမှူးချုပ်ကပြောကြားသည်။
မြန်မာအစိုးရသစ်၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ဖြစ်ကြောင်း နိုင်ငံတကာအသိုင်းအ၀ိုင်းက ကျေနပ်လောက်သည့်အခြေအနေတစ်ရပ်ကို ဖန်တီးပေးခဲ့သော်လည်း ဆက်လက်လုပ်ဆောင် ရမည့်ကိစများစွာရှိသေးကြောင်း ဘန်ကီမွန်းက ထောက်ပြပြောကြားသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဗစ်တိုးရီးယားရ်လန်းကလည်း ကချင် ပြည်နယ်ရှိ လစ်လပ်မဲဆနသုံးခုတွင် ကြားဖြတ်ရွေးကောက်ပွဲ ရက်ရွှေ့ဆိုင်းခြင်းကို အပြည့်အ ၀နားလည်နိုင်ရန် ကြိုးပမ်းလျှက်ရှိကြောင်း ထုတ်ဖော်ပြောကြားသည်။
Myanmar Express
1 comments:
တကယ် လဲ မှန်ကန် ပါတယ်
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်