From : ခေတ်လူငယ်
ပြည်ထောင်စုလွှတ်တော်သည် မသန်မစွမ်းဖြစ်သွားသော တပ်မတော်သားများနှင့် သေဆုံးသော သို့မဟုတ် ကျဆုံးသော တပ်မတော်သားများ၏ မိသားစုများအား ထောက်ပံ့စောင့်ရှောက်ရေးဥပဒေကို ၂၀၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်(၈)၊ (၁၃၇၃ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက်) ၂၀၁၂ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ပြဋ္ဌာန်းလိုက်သည်။ နိုင်ငံတော်ကာကွယ်ရေးအတွက် သက်စွန့် တာဝန်ထမ်းဆောင်ရန် တပ်မတော်သို့ ဝင်ရောက်၍ စစ်မှုထမ်းဆောင်ခဲ့ကြပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်စဉ် မသန်မစွမ်းဖြစ်သွားသော တပ်မတော်သားများနှင့် သေဆုံးသော သို့မဟုတ် ကျဆုံးသော တပ်မတော်သားများ၏ မိသားစုများအား ထောက်ပံ့စောင့်ရှောက်ပေးနိုင်ရန် ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်ကြောင်းသိရှိရသည်။
Myanmar Express

4 comments:
Welcome!!
ဒါကတော့ဖြစ်သင့်ပါတယ်။ မြန်မာနိုင်ငံကို ကာကွယ်ဖို့အတွက် ဖြစ်ခဲ့ကြတာပဲ။ ခုလိုမျိုးကျတော့ ဟိုဆန်ကုန်မြေလေးတွေ ဘယ်ရောက်ကုန်တုန်းဗျာ။ စစ်တပ်က တပ်မတော်သားတွေကို စစ်ခွေးတွေဘာညာနဲ့ပြောနေကြတာ။ သူ့တို့မိသားစု၇ဲ့လုံခြုံရေးကို စောင့်ရှောက်တာ သူတို့အဖေပါ။ မြန်မာနိုင်ငံရဲ့ လုံခြုံရေးကို စောင့်ရှောက်တာ စစ်သားတွေပါ။ အဲဒါကို တပ်မတော်သားတွေကို စစ်ခွေးလို့ပြောမှတော့ သူတို့အဖေတွေလောက် ကျေးဇူးကြီးသူတွေကို စစ်ခွေးဆို သူ့အဖေကကော ဘာတွေဖြစ်ကုန်တုန်းဗျာ။ အပြောအဆိုဆင်ချင်သင့်ပါတယ်။ ခုလိုပြတ်ကုန် သေကုန်တဲ့သူတွေသာ သူတို့အဖေတွေဆို ဘယ်လိုခံစားရတုန်း မေးကြည့်ချင်တယ်ဗျာ။
ဖြစ်သင့်တာ ကြာပါပြီ
ဆန်ကုန်မြေလေးတွေက နိုင်ငံခြားက အထောက်အပံ့တွေရှိတယ်လေ
နစ်နာ ကြေး ထိုက်ထိုကတန် တန် တော. ပေး သင်. တယ်
်
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်