Subscribe to our RSS Feed

နျူကလီးယား လုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင်မည့် အီရန်နိုင်ငံ

From : MRTV4


အီရန်နိုင်ငံခြားရေးဝန်ကြီး Ali Akbar Salehi က ယခု တစ်ကြိမ်ကျင်းပတဲ့ အင်အားကြီး နိုင်ငံ ၆နိုင်ငံနဲ့ အီရန်နိုင်ငံအကြား တွေ့ဆုံဆွေးနွေးမှုဟာ
ယုံကြည်မှုကို တည်ထောင်နိုင်မယ့် အခွင့်အရေးဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။ အီရန်နိုင်ငံ ခြားရေးဝန်ကြီးက တီဟီရန်မြို့သို့ အလည်အပတ် ရောက်ရှိနေတဲ့ ဂျပန်ဝန်ကြီးချုပ်ဟောင်း Yukio Hatoyama နဲ့ ပြီးခဲ့တဲ့စနေနေ့က တွေ့ဆုံစဉ်မှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
 
နျူကလီးယား လက်နက် မပြန့်ပွားရေးစာချုပ်မှာ လက်မှတ်ရေး ထိုးထားတဲ့ နိုင်ငံဖြစ်ပြီး နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ IAEA အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ အီရန်နိုင်ငံ ဟာ နျူကလီးယား လုပ်ငန်းစဉ်တွေကို အလျှော့ပေးမှာ မဟုတ်ကြောင်း သူကဖြည့်စွက် ပြောကြားခဲ့ပါတယ်။ ဂျပန်ဝန်ကြီးချုပ်ဟောင်း ကလည်း ပြီးခဲ့တဲ့နှစ်က ငလျင်နဲ့ ဆူနာမီဘေးဒဏ် ကြုံတွေ့ခဲ့ရတဲ့ ဂျပန်ပြည်သူတွေကို အီရန်နိုင်ငံမှ ပံ့ပိုးကူညီမှုတွေအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
 
အီရန်နဲ့ အင်အားကြီးနိုင်ငံ ၆နိုင်ငံတို့ဟာ ၂၀၁၀ခုနှစ် ဒီဇင်ဘာလက ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့သလို ၂၀၁၁ခုနှစ် ဇန်န၀ါရီလမှာလည်း တူရကီနိုင်ငံ အစ်္စတန်ဘူလ်မြို့မှာ ထပ်မံတွေ့ဆုံခဲ့ပါတယ်။ အီရန်နိုင်ငံအနေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေကို ဆက်လက်ပြုလုပ်သွားဖို့ အသင့်ရှိကြောင်း ဒါပေမယ့် ရပိုင်ခွင့်အခွင့်အရေးတွေကို လက်လွတ်ဆုံးရှုံးခံမှာ မဟုတ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
 
 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်