Subscribe to our RSS Feed

ကင်ဆာကု ဆေးသစ်တစ်မျိုး အီရန် သုတေသန ပညာရှင်များ တီထွင်

From : MRTV4


ဟားဗာဒ့် ဆေးတက္ကသိုလ်မှ အီရန် သုတေသန ပညာရှင် Omid Farrokhzad မှာ ပိုမို ကောင်းမွန်သည့် ကင်ဆာ ကုဆေးသစ် တစ်မျိုးကို ထုတ်ဖော် ပြသခဲ့ကာ
ယင်းမှာ တိရစ္ဆာန်များတွင် ဖြစ်ပေါ်သည့် ကင်ဆာဆဲလ်များကို စမ်းသပ် ကုသရာတွင် အောင်မြင်ခဲ့ကြောင်း သိရသည်။ Omid Farrokhzad နှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက်များမှာ နာနို ပမာဏ အဆင့်အထိ အဆိုပါ ဆေးကို ပြုလုပ်ခဲ့ခြင်း ဖြစ်ကာ ယင်းဆေးမှာ ပုံမှန် ဓါတု ကုထုံးများတွင် ဖြစ်တတ်သည့် ဘေးထွက်ဆိုးကျိုး များ ဖြစ်ပေါ်ခြင်း မရှိကြောင်းလည်း presstv သတင်းတွင် ဖော်ပြခဲ့သည်။

နာမည် ထင်ရှား သည် ဓါတုကုထုံး ကုသမှုမှာ ကင်ဆာဆဲလ်များကို သတ်ရုံသာမက ကျန်းမာသော အခြား ဆဲလ်များကိုလည်း ပျက်စီးစေကြောင်း သိရသည်။  ယခု ကုထုံးမှာ ဓါတု ကုထုံးမှ ဖြစ်ပေါ်သည့် ဘေးထွက် ဆိုးကျိုးများ ဖြစ်လာခြင်း မရှိဘဲ တိရစ္ဆာန်များတွင် စမ်းသပ်ချက် အရ အဆိုပါ ဆေးမှာ ဓါတု ကုထုံးထက်စာပါက ၅၀၀ မှ ၁၀၀၀ ရာနှုန်း အထိ ဘေးထွက်ဆိုးကျိုး နည်းပါးစေကြောင်းလည်း Omid Farrokhzad မှ ရှင်းလင်း ပြောကြားခဲ့သည်။ ယခုဆေးကို ဆေးကုခန်းများတွင် စမ်းသပ် အပြီးတွင် ဈေးကွက်သို့ နောက်ထပ် ငါးနှစ်အတွင်း ရောက်ရှိလာမည့် ဖြစ်သည်ဟု ၎င်းမှ ပြောခဲ့သည်။ ဟားဗာဒ် တက္ကသိုလ်မှာ ယခုဆေးကို ကင်ဆာ ကုထုံးများ အတွင်း ပါရာဒိုင်း အရွေ့ တစ်ခုအဖြစ် အသိအမှတ်ပြုခဲ့ကြောင်းလည်း presstv သတင်းတွင် ဖော်ပြခဲ့သည်။

 Myanmar Express 

1 comments:

အောင်ဆန်းစုကြည်ရဲ့ နိုဘယ်ဆုကို ပြန်ရုပ်သိမ်းပြီး သည် အီရန် သုတေသန ပညာရှင်ကို ပေးလိုက်ရင်...

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်