Subscribe to our RSS Feed

သင်္ကြန်ကာလ အတွင်း ရန်ကုန် မြို့တွင်းရှိ မြန်မာ့ စီးပွားရေး ဘဏ်များ ဖွင့်လှစ် သွားမည်

From : MRTV4


သင်္ကြန် ကာလ နှစ်သစ်ကူး အစိုးရ ရုံးပိတ်ရက် များမှာ ဘဏ်များ အားလုံး ပိတ်ထား ပေမယ့်လည်း ရန်ကုန် မြို့တွင်းရှိ မြန်မာ့ စီးပွားရေး ဘဏ်များ ကတော့
ဖွင့်လှစ် ပေးသွားမှာ ဖြစ်တယ်လို့ မြန်မာ့ စီးပွားရေး ဘဏ် ၃ မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ သင်္ကြန်ကာလ အတွင်း ဖွင့်လှစ် သွားမယ့် မြန်မာ့ စီးပွားရေး ဘဏ်များ ကတော့  ကမာရွတ် ဘဏ်ခွဲ၊ ကြည်မြင့်တိုင် ဘဏ်ခွဲ၊ သင်္ဃန်းကျွန်း ဘဏ်ခွဲ၊ ဒဂုံတောင် ဘဏ်ခွဲ၊ ဒဂုံမြောက် ဘဏ်ခွဲ၊ အင်းစိန် ဘဏ်ခွဲ၊ ရွှေပြည်သာ ဘဏ်ခွဲ၊ မြောက်ဥက္ကလာ ဘဏ်ခွဲ၊ သန်လျင် ဘဏ်ခွဲနဲ့ ဆူးလေ ဘဏ်စတဲ့ ဘဏ်တွေ ဖွင့်လှစ်မှာ ဖြစ်ပါတယ်။

အဲ့ဒီလို ဖွင့်လှစ်ရာမှာ ဆူးလေ ဘဏ်ခွဲ ဖြစ်တဲ့ ဘဏ်ခွဲ ၃ ကတော့ သင်္ကြန်အကျနေ့၊ သင်္ကြန် အကြတ်နေ့၊ သင်္ကြန် အတက်နေ့နဲ့ ဧပြီလ ၁၈ ရက်နေ့ ကနေ ၂၀ ရက်နေ့အထိ ဖွင့်လှစ် သွားမှာ ဖြစ်ပါတယ်။ ကျန်ဘဏ်ခွဲတွေ ကတော့ သင်္ကြန် အကြတ်နေ့၊ ဧပြီလ ၁၈ ရက်နေ့နဲ့ ၂၀ ရက်နေ့တို့မှာ ဖွင့်လှစ် ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို သင်္ကြန်ကာလ အတွင်း မြန်မာ့ စီးပွားရေး ဘဏ်ခွဲများ ဖွင့်လှစ်ရခြင်းမှာ ရန်ကုန်မြို့တွင်းရှိ CNG ဓါတ်ငွေ့ အရောင်းဆိုင် များမှ ငွေပေး သွင်းမှုနဲ့ လျှပ်စစ် ဓါတ်အားခ ပေးသွင်းမှု တို့ကိုသာ ဆောင်ရွက် ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်