Subscribe to our RSS Feed

ကြားဖြတ်ရွေးကောက်ပွဲတွင် ဆန္ဒမဲလက်မှတ်များ၌ ဖယောင်းသုတ်ထားသည် ဟု တိုင်ကြားမှုအပေါ် ရန်ကုန်တိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲက ဆန္ဒမဲလက်မှတ်များကို ပြန်လည်ဖွင့်ဖောက်စစ်ဆေးမည်

From :ခေတ်လူငယ်


၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ဆန္ဒမဲလက်မှတ်များကို ရေးခြစ်၍မရအောင် ဖယောင်းသုတ်ထားခြင်းများ ကြုံတွေ့ရကြောင်း၊ ယင်းသို့ လုပ်ဆောင်ခြင်းမှာ ဆန္ဒမဲလက်မှတ်ကို ဖျက်ဆီးခြင်းဖြစ်၍ အရေးယူပေးပါရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ တင်ပြခြင်းအပေါ် ရန်ကုန်တိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲက စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် ဆန္ဒမဲလက်မှတ်များကို ပြန်လည်ဖွင့်ဖောက် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ စစ်ဆေးမှုများကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မရမ်းကုန်းမြို့နယ်နှင့် ကော့မှူးမြို့နယ်တို့တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။ ထိုသို့ စစ်ဆေးမှုများကို စုံစမ်းစစ်ဆေးရေး အဖွဲ့များ၏ စုံစမ်းရေးခုံရုံးများအား သက်ဆိုင်ရာမြို့နယ် ကော်မရှင်အဖွဲ့ခွဲ ရုံးများတွင် ရုံးထိုင်စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ မဲဆန္ဒနယ်အလိုက် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့် ယင်းတို့၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်များကို ခေါ်ယူမေးမြန်းမည်ဖြစ်ပြီး မဟုတ်မှန်ကြောင်း ဖြေဆိုပါက မှတ်တမ်းတင်ပြီး စုံစမ်းစစ်ဆေးခြင်းကို ရပ်ဆိုင်း၍ တိုင်းဒေသကြီးအဖွဲ့ခွဲသို့ တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။ ထိုသို့ မေးမြန်းခြင်းကို ဧပြီလ ၁၀ ရက်နေ့၌ အပြီးဆောင်ရွက်သွားမည်ဖြစ်ပြီး မဲဆန္ဒနယ်အလိုက် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့် ယင်းတို့၏ လွှတ်တော်ကိုယ်စားလှယ်များအား ဧပြီလ ၁၀ ရက်နေ့တွင် မြို့နယ်ကော်မရှင်သို့ လာရောက်ရန် အကြောင်းကြားထားကြောင်းလည်း သိရသည်။ ဟုတ်မှန်သည်ဟု ဖြေဆိုပါက မည်သည့်ရပ်ကွက်၊ ကျေးရွာအုပ်စု မဲရုံတွင် ဤသို့ဖြစ်သည်ကို မေးမြန်း၍ ၎င်းမဲရုံဆိုင်ရာ ဆန္ဒမဲလက်မှတ်များကို ပြန်လည်ဖွင့်ဖောက် စစ်ဆေးပြသ၍ တိုင်ကြားချက်အတိုင်း ဟုတ်မှန်ခြင်း ရှိ၊ မရှိကို ဖော်ထုတ် စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။
 
 Myanmar Express 

3 comments:

သေစမ်း NLD.... အငြိမ်မနေပဲ အာလိုက်ချောင်နေတယ်... မင်းတို့ ပြောပုံအ၇ဆို ဖယောင်း သုတ်ထားလို့ မင်းတို့ နိုင်တယ်ပေါ့ .. ဖယောင်း မသုတ်ထားရင် မင်းတို့ ၇ှုံးချင် ၇ှုံးလိမ့်မယ်.. အခုတော့ မင်းတို့ အသံကြောင့် မင်းတို့ ရထား တာလေး ပြန်သိမ်းခံ ထိတော့ မယ်.. ဟဟဟားးး

အော် မကောင်းသော
nlD ပါတီ က ကိုယ်တိုင်က ဘာမှ မလုပ် ဘဲ သူများလုပ်တာ ပဲ မကောင်းဘူးအော်နေတာ........ခက်တယ် ဗျာ ..တရုတ် ကုလားလည်း သတိထား ဗျာ..........

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်